မင်္ဂလာပါ ကျွန်တော် ကောင်းကောင်းပါ ။

ကျွန်တော်တို့ကင်မရာတွေ ကိုစတင်ထိတွေ့ခွင့်ရတဲ့အခါမှာ လေ့ကျင့်ချိန်မှာ ၂ ခါကုန်မဖြစ်အောင်လို့ကင်မရာတွေကို ရွေးချယ်ဝယ်ယူဖို့လိုပါတယ်။ ဈေးနှုန်းသင့်တင့်ပြီးတော့ ကိုယ်လေ့လာချင်တဲ့ ဓာတ်ပညာကို သင်ယူရာမှာ ကောင်းကောင်းအထောက်အကူပြုဖို့လဲလိုပါသေးတယ်။ ကျွန်တော် ကင်မရာစကိုင်တုန်းက Canon 600D လေးပါ entry level လေးပေါ့ ဒါပေမယ့် ကျွန်တော် အဲ့ကင်မရာလေးနဲ့ ဓာတ်ပုံတွေအများကြီးရိုက်ဖြစ်ခဲ့တယ် အဲ့နောက်ကျတော့ 60D ပြီးတော့ 6D စသဖြင့်အဆင့်ဆင့် ပြောင်းခဲ့ပါတယ်။ ကျွန်တော်နဲ့တကယ်ကိုအကျွမ်းတဝင်ဖြစ်ပြီးတော့ အတူတူ Grow ဖြစ်လာတယ်လို့လဲပြောလို့ရပါတယ်။ အဲ့ခေတ်ကတော့ DSLR တွေပေါ့ Mirror လေးတွေပါတယ် shutter စနစ်မှာ။ အခုတော့ အဲ့ mirror လေးကိုဖြုတ်လိုက်ကြပြီး  size ပိုသေးတဲ့ mirrorlessတွေထုတ်လာကြတယ်။ တချို့ဆိုရင် View finder ကိုတောင်ဖြုတ်ပြီးဆိုက်ကိုသေးအောင်တည်ဆောက်ကြတယ်။

 

ဘယ်လိုပဲဖြစ်ဖြစ်ပါ Beginner တွေအတွက် ကင်မရာဆိုရင် ဈေးနှုန်းသင့်တင့်ရမယ် ပြီးတော့လုပ်ဆောင်နှိုင်မှု့တွေမှာလဲအရမ်းကွာဟနေလို့မရဘူးလေ။ လွယ်လွယ်ကူကူ operate လုပ်နိုင်ရမယ်။ အဲ့အချက်တွေပေါ်မူတည်ပြီးတော့  ကျွန်တော် အတွေ့အကြုံလေးကို ရှဲပြမယ်ဗျ။ အခုမှလေ့လာသူတွေကသေချာတယ် ငွေ ၁၀ သိန်းအထက်တော့ သုံးချင်ကြမှာမဟုတ်ဘူးဗျ။ ငွေကြေးတချို့တက်နိုင်သူတွေကလွဲလို့ပေါ့။ ကျွန်တော် ဒီဆောင်းပါးလေးမှာ ငွေ၁၀ သိန်း ဝန်းကျင် နဲ့ ၁၀ သိန်းအောက် ကင်မရာလေးတွေ Beginner တွေအတွက်သင့်တော်မှာလေးတွေညွှန်းပေးချင်ပါတယ်။

 

ကျွန်တေ်ာ ကင်မရာ ၅ မျိုးရွေးခြယ်ထားပါတယ် ။ ကဲ စိတ်ဝင်စားတယ်မို့လား။ ကျွန်တေ်ာမြန်မာပြည်မှာအလွယ်တကူ ရနိုင်တဲ့ ကင်မရာတံဆိပ်တွေကိုပဲ ပြန်ရွေးခြယ်ထားပါတယ်။ ကင်မရာဆိုင်တွေပတ်မေးထားတာလဲပါတာပေါ့။ ဈေးနှုန်းကို ဒေါ်လာဈေးနဲ့ပဲပြောပါရစေ။ မဟုတ်ရင်ဒေါ်လာဈေးအတက်အကျပေါ်မူတည်ပြီးတော့ အပြောင်းအလဲရှိတာမို့ပါ။နောက်တခုက ဆိုင်တွေရဲ့ဈေးနှုန်းတွေမတူညီတာကြောင့် တရားဝင် website ကဈေးနှုန်းတွေပဲဖော်ပြပေးတာကိုနားလည်ပေးပါခင်ဗျာ။  အခုဖော်ပြထားတဲ့ $ ဈေးတွေထက် သက်သာပါတယ် ပြည်တွင်းဈေးကွက်မှာတချို့ဆိုင်တွေကဆိုရင်။ နောက်ပြီးကင်မရာတွေမှာ Entry level, semi-pro နဲ့ pro ဆိုပြီးအကြမ်းအားဖြင့် ၃ ဆင့်ရှိပါတယ်။ ဥပမာ Canon ဆိုရင်

digit 4 လုံးနဲ့ 3 လုံးက  entry level ပါ ( 1300D တို့ 200D တို့လိုမျိုး) နောက် digit 2 လုံးပါတာမျိုး ( 60D, 70D,80D) လိုမျိုးဆိုရင် semi-pro ပါ။ နောက် digit ၁ လုံးပဲပါတဲ့ဟာမျိုးတွေ ( 5D တို့ 6D တို့) ဆိုရင်တော့ pro ပေါ့။ဒါပေမယ့်  pro level မှာ တော့ Mark တွေပါပါတယ်  ဥပမာ 5D ထဲ 5D mark II က မြင့်တာမျိုး 5D mark II ထက် 5D mark III ကမြင့်တာမျိုး 5D mark III ထက် 5D mark IV ကမြင့်တာမျိုးပေါ့။  ဒီမှာဖော်ပြပေးတဲ့ ကင်မရာတွေက မြန်မာဈေးကွက်မှာလူဝယ်များတာရယ် နောက်ပြီး ဈေးနှုန်း တွေကိုရယ်မူတည်ပြီးရေးထားတာပါ။

 

ကဲစလိုက်ကြစို့ ။

 

၁။ Canon EOS 1300D  with 18-55mm lens  ( Price $450 )

 

 

 

ကျွန်တော်က Canon သမားမို့ရွေးခြယ်တာမဟုတ်ဘူးနော် တကယ်ကို စကိုင်သင့်တဲ့ ကင်မရာအမျိုးအစားထဲမှာပါတယ်။ ဥပမာဗျာ ကျွန်တော်တို့ ဆိုင်ကယ်အမိုက်စား Ducati တို့လို ဆိုင်ကယ်တွေမစီးခင်မှာ kwasaki အသေးစားလေး လောက်စစီးသလိုပေါ့။ 1300D ရဲ့ကိုယ်ထည်တည်ဆောက်ပုံနဲ့ Grip နေရာကိုသေသေချာချာ ပေးထားပုံကြောင့်လက်ထဲမှာ အံဝင်ခွင်ကျဖြစ်စေပါတယ်။ လက်အရမ်းကြီးတဲ့သူတွေအတွက်တော့သေးသလိုဖြစ်ပေမယ့်  အဆင်တော်တော်ပြေတဲ့ကင်မရာလေးပါ။ ကျွန်တော့်သူငယ်ချင်းတွေထဲမှာလဲ 1300D ကိုင်တဲ့သူတွေရှိပါတယ်။ နောက်ပြီးတော့ ဆက်တင်တွေသေသေချာချာမကျွမ်းကျင်သေးတဲ့သူတွေ အတွက်  Canon ရဲ့ creative auto mode လေးက တော်တော်ကူညီပေးနိုင်မှာပါ ခရီးသွားရင်းနဲ့ creative auto ကြောင့် ပုံကောင်းရလာတဲ့ beginner တွေလဲအများကြီးမို့လက်သွေးချိန် ဆက်တင်တွေမနိုင်သေးရင် ဒီ Mode ကို ကောင်းကောင်းအသုံးချလို့ရပါတယ်။ ဈေးနှုန်းအားဖြင့် ဒေါ်လာ $450 ပဲရှိတာမို့ အခုပြောမယ့် ၅လုံးထဲမှာဈေးအသက်သာဆုံးဖြစ်မှာပါ။ နောက်အားသာချက်က built in wifi ပါလို့ ဖုန်းတွေနဲ့ တခါတည်းပုံတွေရယူနိုင်မှာပါ ဟုတ်တယ်လေ အခုခေတ်ကတခါတည်းတန်း တင်ချင်ကြတဲ့ခေတ်ကိုး။

ဓာတ်ပုံ quality ကလဲ စိတ်ကျေနပ်မှု့ကိုပေးစေနိုင်မှာပါ။ တခုပဲ အဆက်မပြတ်ရိုက်ဖို့( burst mode ) မှာကျတော့  3fps  ပဲရတာကတော့ နဲလွန်းတယ်လို့မြင်မိတယ်။ မည်သို့ပင်ဆိုပေကာမူ beginner တွေအတွက်တော်တော်သင့်တော်တဲ့ကင်မရာတခုပါ။ သူကအကောင်းဆုံးဖြစ်နေပြန်ရော။ shutter speed က အမြန်ဆုံး 1/4000sec ထိရိုက်လို့ရတယ်။

Canon EOS 1300D : Specifications

Type      Entry-level DSLR

Sensor type        CMOS

Resolution         5202 x 3465

Sensor photo detectors (Mpix)   18.02

Connectivity                                                                                             USB 2.0 / WIFI / HDMI

 

၂။ Canon EOS 200D with 18-55mm lens ( $ 700 )

 

 

အပေါ်မှာကျွန်တော်ပြောခဲ့တယ် Digit 3 လုံးဖြစ်လာပြီဆိုလို့ ပိုကြီးပိုလေးလာမယ်မထင်နဲ့ဗျ။ ဒီကောင်က ကျွန်တေ်ာလဲ သူ့ထွက်ထွက်ချင်းမှာ လျှော့တွက်ဖူးတယ် ဒါပေမယ့် သေချာလေ့လာကြည့်တော့မှသူရဲ့အလေးချိန်က 1300D ထက်တောင်ပိုပေါ့နေတာပါပဲ။  နောက်ပြီး Canon နဲ့ နောက်ပိုင်းနည်းပညာသစ်ဖြစ်တဲ့ Dual Pixel AF စနစ်ကိုထည့်သွင်းပေးထားတဲ့ Entry level ကင်မရာဘော်ဒီတခုလဲဖြစ်ပါတယ်။ နောက်ပြီးတော့ ကင်မရာစကိုင်သူတွေသဘောကျနှစ်ခြိုက်စေမယ့် Back LCD screen ကို အပြင်ကိုထုတ်ပြီးလှည့်လို့ရတာလဲပါပါတယ် ။ နောက်ပြီးတော့ ပါဝင်လာတဲ့ Quick menu စနစ်တွေကိုလဲ Touch screen နဲ့အတူ လွယ်ကူစွာ အသုံးပြုနိုင်မှာပါ။  နောက်ပြီးတော့ Color accuracy test တွေမှာလဲ သူက ပိုကောင်းမွန်တာတွေ့ရပါတယ် 1300D နဲ့ယှဉ်တဲ့အခါ။ 2017 မှာစတင်ကြေညာခဲ့ပြီးအခုလက်ရှိအထိတော့ ဈေးနှုန်းသင့်တင့်ပြီးရွေးခြယ်သင့်တဲ့အထဲပါပါတယ်။ 1300D လိုပါပဲ  wifi built in ပါဝင်တာမို့လို့ အလွယ်တကူ ဖုန်းနဲ့ချိတ်ဆက်အသုံးပြုနိုင်မှာပါ။BODY တည်ဆောက်ပုံအရ လဲ လက်ထဲမှာသေးတယ်လို့ထင်ရပေမယ့် ထိထိမိမိကိုင်တွယ်နိုင်စေမှာပါ။  Digital Camera ကပေးတဲ့ Best on Test ဆုကိုလဲရရှိထားပါသေးတယ်။ သူကအကောင်းဆုံးဖြစ်နေပြန်ရော။ shutter speed က အမြန်ဆုံး 1/4000sec ထိရိုက်လို့ရတယ်။

 

Resolution         6288 x 4056

Sensor type        CMOS

Sensor photo detectors (Mpix)   25.5

Type      Entry-level DSLR

Connectivity      USB/WIFI/NFC

 

၃။ Fujifilm X-A10  with 16-50mm lens ( $540)

 

ကျွန်တော်ရွေးထားတဲ့ ၅လုံးထဲမှာမှ Sensor size နဲနဲကြီးတဲ့ APS-C အမျိုးအစားကိုသုံးထားတဲ့ကင်မရာပါ။ကျွန်တေ်ာအပေါ်ကပြောခဲ့သလိုပဲ  Body ကို compact ဖြစ်အောင်တည်ဆောက်ထားတဲ့အထဲမှာ ဒီ XA10 လဲပါပါတယ်။ Body ကို compact ဖြစ်စေဖို့တည်ဆောက်ရင်းနဲ့ View finder ကိုထည့်သွင်း တည်ဆောက်ထားတာမပါတော့ပါဘူး။ အဲ့လိုထည့်မတည်ဆောက်တဲ့အတွက်ပေါ့ပါးလာတာမှန်ပါတယ် အဲ့တာနဲ့အတူ Viewfiner နဲ့ တွဲရက်တပ်နေကြဖြစ်တဲ့ flash hot shoe တောင်မပါတော့ပါဘူး။ ဒါပေမယ့် Fuji က သူ့ရဲ့ တခြား  line up တွေလိုပဲ ဓာတ်ပုံ quality ကောင်းကောင်းထုတ်ပေးနိုင်ရုံသာမက Kit lens ဖြစ်တဲ့ 16-50 မှာပါတဲ့ stabilizer ကလဲ ပုံတွေကို ပိုမို sharp ဖြစ်ဖြစ်ဖမ်းယူနိုင်စေပါတယ်။ သူ့ရဲ့ screen ကလဲ လှည့်ထုတ်လိုက်လို့ရပါတယ် Canon 200D လိုပါပဲ။ဒါပေမယ့်  color accuracy test မှာတော့ canon 200D ကိုမမှီပါဘူး။  selfie ရိုက်ချင်သူတွေအတွက်တော့ မိုက်တဲ့ကင်မရာတခုပါ။ ဒီဇိုင်းခပ်လှလှလေးနဲ့ မိန်းကလေးဆန်ဆန်အရောင်လေးတွေလဲရှိပါတယ်။  electronic shutter ကိုအသုံးပြုတားတာမို့လို့ 1/32000sec ထိ speed မြန်မြန်ရိုက်လို့ရပါတယ်။

 

 

 

 

 

Resolution:        16.30 Megapixels

Sensor size:        APS-C (23.6mm x 15.6mm)

Kit Lens:              3.13x zoom 16-50mm (24-76mm eq.)

Viewfinder:        No / LCD မှသာကြည့်နိုင်သည်။

 

4။ Nikon D3400 with 18-55mm ( $500 )

 

 

Nikon ကိုင်ဖူးတဲ့သူအားလုံးထောက်ခံမယ့်  line up တခုပါ ဘာလို့တုန်းဆိုတော့ Nikon ရဲ့ ၃ထောင် series တခုလုံးက အတော်ကို beginner တွေကြား နာမည်ကြီးခဲ့တာမို့လား။ အခုဆို D 3400 ထိတောင်ရောက်လာပြီလေ။ နောက်ပြီးတော့ သူ့မှာပါတဲ့ Guide shooting mode ကလဲ beginner ဝါသနာရှင်တွေအတွက် အရမ်းကိုအသုံးဝင်တဲ့ စနစ်တခုပါ ။ Canon ရဲ့ body တည်ဆောက်ပုံလိုပဲလက်ထဲမှာမြဲမြဲ ကိုင်ထားလို့ရမယ့်ဒီဇိုင်းမျိုးပါ။ ပုံအရည်အသွေးနဲ့ ကိုင်တွယ်မုှ့အရသာကလဲ Canon နဲ့အတူတူလိုပါပဲ။အဲ ဒီနေရာမှာ Canon 1300D ထက်သာတာရှိတယ် Nikon D3400 က burst ရိုက်ရင် 5fps ရတဲ့အချိန်မှာ canon 1300D က 3fps ပဲရတယ်လေ။ Nikon ရဲ့ entry level  ရဲ့ ကောင်းသတင်းကို ဆက်သယ်ဆောင်လာတဲ့ ဘော်ဒီတခုဆိုလဲမမှားပါဘူး။ အားနဲချက်တခုက သူက တခြားမော်ဒယ်တွေလို screen ကိုလှည့်ထုတ်လို့မရဘူး။နောက်ပြီးတော့ တခြားကင်မရာတွေလို wifi မဟုတ်ပဲ Bluetooth ပဲပါတာကလဲ အားနည်းချက်လို့ဆိုရမလိုဖြစ်နေပါတယ်။ canon 1300D ထက်ဈေးပိုကြီးပေမယ့် wifi မပါတာကို ကင်မရာ review တော်တော်များများက ထောက်ပြကြပါတယ်။ သူကအကောင်းဆုံးဖြစ်နေပြန်ရော။ shutter speed က အမြန်ဆုံး 1/4000sec ထိရိုက်လို့ရတယ်။

Effective pixels  24.2

Sensor size         23.5 mm x 15.6 mm

Processor           EXPEED 4

Sensor type        CMOS

Level                                                                             Entry level

 

5။ Nikon D5600 with 18-55mm lens  ( $800 )

 

သေးတယ်ဒါပေမယ့်လုပ်ဆောင်နိုင်စွမ်းကြီးမားတယ်လို့ကြေညာပြီးဈေးကွက်ထဲကိုတိုးဝင်လာတဲ့ ကင်မရာတခုပါပဲ။ ဒါပေမယ့် D3400 လို Guided shooting mode တွေဘာတွေပါမလာတော့တာက အနဲငယ်ကျင့်သားရှိပြီးသား Beginner တွေအတွက်ရည်ရွယ်ထားသလိုပါပဲ။ နောက်ပြီး D3400 ထက်အားသာချက်တွေထဲမှာမှ screen ကို လှည့်ထုတ်လိုက်လို့ရတာကလဲ တကယ်ကို အားသာချက်အကြီးကြီးတခုဖြစ်နေတာအပြင် သူရဲ့ screen ကလဲ touch screen ပါပဲ။ 39 point ရှိတဲ့ focus စနစ်ကြောင့်  အခုလက်ရှိနှိုင်းယှဉ်ထားတဲ့ကင်မရာတွေထဲမှာတော့အသာဆုံးပါပဲ။ တခုတော့ရှိတယ် သူ့ရဲ့ Focus စနစ် က canon 200D ထက် အနဲငယ်အားနဲချက်ရှိပါတယ်။ ဒါပေမယ့် ထွက်တဲ့ကာလာတိကျမှုကျတော့ သူကအကောင်းဆုံးဖြစ်နေပြန်ရော။ shutter speed က အမြန်ဆုံး 1/4000sec ထိရိုက်လို့ရတယ်။

Type      Entry-level DSLR

Sensor type        CMOS

Resolution         6016 x 4016

Sensor photo detectors (Mpix)   24.16

Sensor size (mm)            15.6 x 23.5

 

 

အခုမှ ဓာတ်ပုံပညာကိုစတင်လေ့လာမယ့်သူတွေအတွက်တော့ သတင်းကောင်းပါ အဲ့တာက တော့ ဒီကင်မရာတွေအကုန်လုံး ရန်ကုန်မှာပဲဖြစ်ဖြစ်မန္တလေးမှာပဲဖြစ်ဖြစ်လွယ်လွယ်ကူကူ ဝယ်ယူရရှိနိုင်တာပါ။  ကင်မရာတစ်လုံးချင်းစီကိုအကျဉ်းချုပ်ပြောရမယ်ဆိုရင် Canon 200D ကတော့လုံး၀ DLSR အတွေ့အကြုံမရှိသူအတွက်လုံး၀ အကျွမ်းတဝင်ဖြစ်သွားစေနိုင်မယ့် မော်ဒယ်တခုလို့ဆိုရမယ်။ ကိုင်ရတာ သက်တောင့်သက်သာရှိမယ်။ စွမ်းဆောင်ရည်ကလဲစိတ်ကျေနပ်စရာ။ ပုံထွက်ကလဲ အဆင်ပြေကောင်းလို့ပြောရမယ်။ သို့ပေသေ်ာညား canon 1300D လောက်တော့ ဈေးမသက်သာဘူးဖြစ်နေပြန်ရော အဲ့တော့ budget တက်နိုင်တယ် canon ထဲကပဲဝယ်မယ်ဆိုရင် 200D ပေါ့မဟုတ်ဘူး စလေ့ကျင့်မှာလေ့လာမှာ ကင်မရာကို ဈေးနဲနဲနဲ့ရတာကိုင်မယ်ဆိုရင်တော့ 1300D ပေါ့။ အဲ့လိုပဲ Nikon မှာလဲ အဲ့လိုပဲ  Nikon D3400 က အခုမှကင်မရာစကိုင်တဲ့သူတွေ အတွက် အသားကျလွယ်အောင်ဒီဇိုင်းနဲ့ Function တွေထည့်ပေးထားတယ်။  ဒါပေမယ့်  D5600 ရဲ့  screen ကိုလှည့်ထုတ်လိုက်လို့ရတာလေးတွေ ပိုမိုမြင့်မားတဲ့စွမ်းဆောင်မုှ့တွေကြောင့်  D5600 ကို ပိုအားပေးပါတယ်။ ခုဏကလိုပါပဲ တကယ်လို့ Budget လိုက်နိုင်တယ်ဆိုရင် D5600 ကိုရွှေးခြယ်ပါ။ မဟုတ်ဘူး ကင်မရာ စကိုင်မှာ အခုမှ စလုံးရေစ မယ်ဆိုရင်တော့ D3400 ပေါ့။  Fuji ကတော့ မိုက်တယ် ပုံထွက်လဲကောင်းတယ်ဒါပေမယ့် view finder နဲ့ အသားကျနေတဲ့ လူတွေမို့လားတော့မသိဘူး view finder မပါတာက သိသာတယ် ဥပမာဗျာ ကျွန်တော်တို့က နေပူကျဲတဲမှာ ဓာတ်ပုံရိုက်ချိန်မှာ View finder ကနေလှမ်းချောင်းပီးရိုက်တာက ပိုအဆင်ပြေတယ်လေ LCD ကိုကြည့်ပြီးရိုက်ရတာထက်။ နောက်တခုက Fuji မှာ Lens ကပိုကြီးနေတယ်လို့ခံစားရတယ် ဘော်ဒီထက် ။ ဒါပေမယ့် စမတ်ကျကျ ဒီဇိုင်းနဲ့ ဆိုရင်တော့ Fuji ပေါ့။

 

လူတိုင်းသိချင်မယ်အချက်တခုကျန်သေးတယ်ဗျ ပုံဘယ်လောက်လောက်ရိုက်လို့ရလဲဆိုတာ။ Battery ကို Fully Charged လုပ်ထားပြီးသားဆိုှရင်  battery life (Cipa)-

Canon 1300D  က  ပုံ ၅၀၀ ခန့်

Canon 200D က ပုံ ၆၅၀ ခန့်

Fujifilm X A10 က ပုံ ၄၁၀ ခန့် ( သူ့ရဲ့ battery capacity က နဲပါတယ်)

Nikon D3400  က ပုံ ၁၂၀၀ ခန့်

နဲ့ Nikon D5600 က ပုံ ၉၇၀ ခန့်ရမှာဖြစ်ပါတယ်။  ဓာတ်ပုံရိုးရိုး click ကိုပဲပြောတာနော် Longe Exposure ဆွဲတာတွေဘာတွေမပါဘူးနော်။

 

ကဲ ကျွန်တော် ကင်မရာ တစ်လုံးချင်းစီကို Detail မပြောတာက သူတို့ရဲ့ spec တခုချင်းလိုက်ယှဉ်နေရင် ပြီးမှာကိုမဟုတ်လို့ပါ ။ နောက်အရေးကြီးဆုံးက ကင်မရာနောက်က လူဆိုတာကိုမမေ့ပါနဲ့ဗျ။ သင့်ဦးနောက်ထဲက အတွေးအခေါ်ကို ကင်မရာက မှတ်တမ်းတင်ပေးရုံသက်သက်ပါ။ ကင်မရာဝယ်မယ်ဆိုရင် ဆိုင်ကိုသေသေချာချာသွား သေသေချာချာ ကိုယ့်ရဲ့လက်ထဲမှာ အံဝင်ခွင်ကျဖြစ်ရဲ့လားဆိုတာအရင်စမ်းသပ်ကြည့်ပါ။ ပြီးမှ အဆင်ပြေမမပြေ ဆုံးဖြတ်ပြီးဝယ်ပါ ။ နောက်တခုက သူငယ်ချင်းတွေ ဓာတ်ပုံရိုက်နေတဲ့သူတွေရှိရင်ဘာတံဆိပ်ကိုင်လဲအရင်မေးပါ Canon သမားတွေကြားမှား Nikon ကိုင်ရင် လန့်ငှားရခက်သလို Nikon သမားတွေကြားမှာ Canon ကိုင်ရင် lens ငှားရခက်တက်ပါတယ်။

 

ကဲပုံအမိုက်စားကြီးတွေတူတူဖန်တီးကြမယ်ဗျာ။ မင်္ဂလာပါ ကျွန်တေ်ာကောင်းကောင်းပါ။