အားလုံးပဲမင်္ဂလာပါ အင်းလေး ကန်ထဲမှာ ကမ္ဘာကျော် Luxury brand တခုဖြစ်တဲ့ LV က ဖိုတိုရှု့တခုလာရိုက်သွားဖူးတယ်ဆို သင်ယုံသလား?
LV ဆိုတာ Louis Vuitton Malletierဖြစ်ပြီးတော့ အများစုက Louis Vuitton အနေနဲ့ တန်ဖိုးမြင့်အသုံးအဆောင်တွေထုတ်တဲ့ ပြင်သစ် Luxury fashion brand ဆိုပြီးသိကြပြီး နာမည်ကြီးပါတယ်။ စတင်တည်ထောင်ခဲ့တာ 1854 မှာ Louis Vuitton က အစပြုပြီးတည်ထောင်ခဲ့ပါတယ်။ သူ့ရဲ့ထင်ရှားတဲ့အချက်က LV ဆို တဲ့ initial logo လေးရဲ့ monogram လေးက သူ့ရဲ့ဇိမ်ခံပစ္စည်းအများ စုမှာ ပါပြီးထင်ထင်ရှားရှားရှိတာပါပဲ။ Luxury ပစ္စည်း တွေ ဖြစ်တဲ့ အိတ်တွေ ဖိနပ်တွေ ခါးပတ် တွေ နာရီတွေ လက်ဝတ်ရတနာတွေ မျက်မှန်တွေ အထိ ထုတ်ပါတယ်။ အဲ့ luxury brand နဲ့ အင်းလေးကန် ဘယ်လို ဆက်စပ်နေလို့လဲ? ဒီလိုပါ …
ကျွန်တော် အင်းလေးကိုဒီဇင်ဘာလထဲသွားလည်တုန်းက အရမ်းမိုက်ပြီးအရမ်းထူးဆန်းတဲ့ ဓာတ်ပုံတစ်ပုံကို ညောင်ရွှေက စားသောက်ဆိုင်တစ်ဆိုင်မှာ ချိတ်ထားတာကို တွေ့မိတယ်။



THE DANCE OF THE OARSMEN ဆိုတဲ့ ဓာတ်ပုံလေး သေသေချာချာဘောင်သွင်းပြီး ချိတ်ထားတာပါ။ ဖုန်တချို့တက်နေပေမယ့် တော်တော် မိုက်နေတော့ အနီးကပ်သွားကြည့်မိတယ်။ အနီးကပ်သွားကြည့်တော့မှ နာမည်ကြီး Fashion photographer  Jean Larivière (born.1940) ရဲ့ လက်ရာအမိုက်စားတခုဖြစ်နေမှန်းသိလိုက်ရတယ်။  Jean Larivière (ဂျင်း လာရေဗီးယား) ဆိုတာနဲ့ Google ခေါက်တော့တာပဲ အဲ့မှာ Jean က သူရဲ့  အနုပညာခံစားပုံဖော်မှု့က အရောင်မွဲမွဲတွေ နဲ အမိုက်စား  နည်းပညာဆိုင်ရာ ကျွမ်းကျင်မှု့တွေ ပေါင်းစပ်ပြီး နှစ်မျိုးနှစ်စား သွင်ပြင်လက္ခဏာ နဲ့ ဖန်တီးတဲ့လက်ရာတွေနဲ့  ၁၉၇၀ ပြည့်နှစ်များရဲ့ ကြော်ငြာကဏ္ဍသို့ ဝင်ရောက်လာခဲ့ပါတယ်။ နောက်ပြီး အဲ့ခေတ်က ‌ဖလင်ကင်မရာတွေပဲရှိတာလေ။


1970 ခုနှစ်များမှစ၍ Larivière ၏အမြင်အာရုံစူးရှမှုတွေက မဂ္ဂဇင်းတွေအတွက် ဓာတ်ပုံအကိုးအကား ဖော်ပြစရာအဖြစ် လျင်မြန်စွာဖြစ်လာခဲ့တယ်။

သူရဲ့ မူလလက်ရာနဲ့ နှင့် သူ၏ဖန်တီးမှုများ၏ သိမ်မွေ့သောသဘောသဘာဝက နာမည်ကြီး ဖက်ရှင် Brand  Louis Vuitton ၏အာရုံကိုဖမ်းစားနိုင်ခဲ့ပြီး ၁၉၇၈ ကနေ နှစ်ပေါင်း ၃၀ ကျော် ကြာ ပူးပေါင်းပြီးအမိုက်စားကြီးတွေဖန်တီးခဲ့ကြတယ်။  သူ့ရဲ့ ဓာတ်ပုံတချို့ဆို ပြတိုက်ကြီးတွေက ဝယ်သိမ်းထားရတာမျိုးတွေဖြစ်ကုန်ပြီ။



အဲ့လိုဖန်တီးရင်းနဲ့မှ ၁၉၉၇ မှာ မြန်မာပြည် အင်းလေးကန်မှာ ရိုက်တယ်ဆိုတာသိခဲ့ရတယ်။ ဒီပုံလေးကို သူပြောထားတာက “ This is one of my most famous images. Its originality comes from the fact that it seems to have no background, like a studio photo taken outdoors. I waited for days to find the right light to achieve that effect. It occurs when, on one side of Lake Inle in Burma, the sun comes out behind a mountain range, and then the sky and the water seem to merge. Once I had found the light, I needed to find the right oarsmen. Not to mention the boat. The one I had my eye on, a majestic craft used to transport the tooth of the Buddha, could not take a woman on board. So I had to go for something smaller.” တဲ့ ။ ဘယ်လောက် လေးစားစရာကောင်းလိုက်လဲ I waited for days ဆိုတာကို ဖတ်လိုက်ရချိန်မှာ ဟာ. .  .ဆိုပြီး ဖြစ်သွားရတော့တာပါပဲ။ နောက်ပြီး စစချင်းသူက စွယ်တော်ပင့်တဲ့ ဖောင်နဲ့ရိုက်ချင်တာ ပြီးမှ မိန်းမ ဖောင်ပေါ်တင်လို့မရဘူးဆိုတာနဲ့ အခုဓာတ်ပုံထဲက ပြိုင်ပွဲလှေ ဖြစ်သွားတာတဲ့ ဒီပုံက သူ့ရိုက်ခဲ့တာတွေထဲက နာမည်ကြီးပုံတခုပဲတဲ့။  ဒီမှာဘာသွားပြီး ပညာရလဲဆိုတော့ ဇွဲ နဲ့ စီစဉ်နိုင်တာ အလင်းရောင်ပြောင်းလဲမှု့ကို မျက်ချေမပြတ်လေ့လာနေတဲ့ သူ့ကို အရမ်းသဘောကျသွားတယ်။ နောက်တစ်ပုံက ဒီပုံ THE MONKS AND THE HOT-AIR BALLOON တဲ့

THE MONKS AND THE HOT-AIR BALLOON


ဒီပုံလေးကိုလဲ အင်းလေးကန်မှာပဲ ရိုက်ခဲ့တာပါ။ အဲ့မီးပုံးပျံပေါ်မှာ LV ဆိုတဲ့ initial လေးတွေထိုးထားတာပါ။ အင်းလေးဒေသထဲက စက္ကူလက်မှု့လုပ်ငန်းလုပ်တဲ့ နေရာကို အဲ့ မီးပုံးပျံတွေအပ်ခဲ့တာပါတဲ့။ နောက်ပြီး ကြောင်ဘုန်းကြီးကျောင်း ဟိုကြောင်လေးတွေ ကွင်းလေးတွေ ခုန်ထွက်တဲ့ကျောင်းက ဘုန်းတော်ကြီးတွေရော ရှမ်းရိုးရာ တီးဝိုင်းကော ခေါ်ပြီးတော့ရိုက်ခဲ့တာပါတဲ့။ ညလုံးပေါက်ပျော်ပျော်ပါးပါးတီးမှုတ်ပြီးတော့ မီးပုံးပျံ ကိုလွှတ်တင်ဖို့ အဆင်သင့်လဲ  ဖြစ်ရော နေလဲထွက်လာရောပဲတဲ့။ မိုက်လိုက်တာ။ မျက်စိထဲမြင်ယောင်ကြည့်တာနဲ့ အဲ့လွှတ်တင်ချိန်ကို မြင်ယောင်လာပြီး အဲ့နေရာမှာရှိနေချင်လိုက်တာ။



The Encounter, Inle Lake, Burma, 1997  ဆိုတဲ့ပုံလေးပါ။ သူအင်းလေးထဲမှာ ဘယ်နှစ်ရက်ဘယ်နှစ်လ နေသွားလဲမသိဘူး။သူ့အကြောင်း အင်တာဗျူးလေးကို https://vimeo.com/44393158?embedded=true&source=vimeo_logo&owner=12210615 မှာ ကြည့်လို့ရတယ်သူ့ရဲ့ အင်တာ‌ဗျူးလေးကို။ သူဓာတ်ပုံရိုက်ဖို့ဘယ်လောက်စိတ်ရှည်တယ် ဘယ်လောက်ထိစဉ်းစားတယ်ဆိုတာတွေ့ရမယ်။ နောက်ပြီး LV လို Brand ကြီးက မြန်မာပြည်မှာ လာပြီး ဒါမျိုးတွေ ရိုက်သွားတယ်ဆိုတဲ့ သမိုင်းကိုသိလိုက်ရတော့ အရမ်းဝမ်းသာမိတယ်။ ပြတိုက်အကြီးစားကြီးတွေမှာ စုထားရပြီဖြစ်တဲ့ သူ့ရဲ့လက်ရာတွေထဲမှာ အင်းလေးကန်မှာရိုက်ထားတဲ့လက်ရာတွေကလဲမနဲမနောပါတာမို့ ဂုဏ်ယူတက်မယ်ဆိုရင် အင်းလေးကွ လို့ ဂုဏ်ယူမိပါကြောင်း။

မင်္ဂလာပါ ကျွန်တော်ကောင်းကောင်းပါ။

THE DANCE OF THE OARSMEN