မင်္ဂလာပါ ကျွန်တော်ကောင်းကောင်းပါ။ ကျွန်တော်ဓာတ်ပုံရိုက်ဖြစ်တော့ ရန်ကုန်နားတဝိုက်က နေရာလေးတွေကို ခဏခဏစီစဉ်ပေးဖြစ်တယ်ဝါသနာပါတဲ့သူတွေစုစုပြီးသွားကြတာမျိုးပေါ့။ မြန်မာနိုင်ငံဓာတ်ပုံအသင်းက သွားတာတွေကိုလဲ တစ်ခါနှစ်ခါ လောက်လိုက်ဖူးတယ်ပျော်စရာကြီးပါပဲ။ ဓာတ်ပုံဆရာတွေဆိုတာ ထူးခြားတဲ့မျိုးစိတ်တခုပါပဲ။ ဘာလို့တုန်းဆိုတော့ တောင်တက်ချင်တဲ့သူတွေက တစ်ဖွဲ့ ကမ်းခြေမှကမ်းခြေဆိုတဲ့သူတွေကတစ်ဖွဲ့။ ပုဂံမှ မသွားရရင်မလိုက်ဖူးဆိုတဲ့ လူတွေကတစ်ဖုံနဲ့ စီစဉ်ရတာပျော်ဖို့တော့ကောင်းပါတယ်။ အကြောင်းအမျိုးမျိုးနဲ့ လိုက်မယ်စီစဉ်ပြီးမှကျန်ခဲ့ရလို့ ဟာကွာ မလိုက်လိုက်ရဘူးဆိုတဲ့သူတွေလဲရှိပါရဲ့။

ဘယ်လိုပဲဖြစ်ဖြစ် ဓာတ်ပုံရိုက်ခရီးစဉ်တခုစီစဉ်ရတာက အရမ်းပျော်ဖို့ကောင်းပါတယ်။  အဖော်မင်တဲ့ ဓာတ်ပုံဆရာတွေခရီးမသွားဖြစ်တဲ့အကြောင်းက အတူတူသွားဖို့လူမရှိတာတခု။ တချို့နေရာတွေက လဲတစ်ယောက်တည်းသွားဖို့မကောင်းတာက တခုနဲ့ဖြစ်နေတာမျိုးပါ။ ဓာတ်ပုံဆရာတွေနဲ့ခရီးသွားရတာမိုက်တာက  camera equipment တွေ ကို လဲပြီးစမ်းသုံးကြည့်လို့ရတာမျိုးပါ။ ကိုယ်က Canon သမားဆိုရင် Fuji တွေ Sony တွေကို စမ်းပြီးရိုက်ကြည့်လို့ရတာမျိုးပါ။ အမြင်ကျယ်ကျယ်နဲ့ကြည့်မယ်ဆိုရင်ကိုယ့်ကင်မရာနဲ့ အားသာချက်အားနဲချက်တွေကိုဖလှယ်လို့ရတာပါပဲ။  နောက်တခုက လူဦးရေပေါ်မူတည်ပြီးတော့သွားမယ့်ကားစီစဉ်ရတာကလဲ ခေါင်းစားတာတခုပါပဲ။ အရင်ကဆိုရင် ကားငှားတဲ့ Facebook group တွေထဲပတ်ပြီး ရှာရတာတွေ နဲ့ရလာတဲ့ကားက ကောင်းရဲ့လားသန့်ရဲ့လား ဒရိုင်ဘာက ကော သဘောကောင်းရဲ့လားစတာတွေတွေးရသေးတယ်။တခါကအံစာတုန်းတစ်စီးငှားပြီးလှည်းကူးအလိုင်နီဆည်သွားရိုက်တုန်းကဆိုရင်ကားဆရာကပြန်ချင်နေပြီကျွန်တော်တို့ကနေဝင်တာထိုင်စောင့်တုန်းရှိသေးတယ်ဖြစ်နေတာမျိုးပေါ့။ နောက်ပြီးကားဆရာကအဆင်ပြေပါရဲ့ လမ်းမှာကားပျက်လို့ရန်ကုန်ထဲကိုည ၁၀နာရီကျော်မှရောက်တာတွေလဲရှိဘူးတယ်။

အဲ့တာကြောင့်နောက်ပိုင်းကျွန်တော် Tripတွေစီစဉ်ရင် Yoma Car Share နဲ့ပဲစီစဉ်တော့တာပါ။ တကယ်အဆင်ပြေတာ ကျွန်တော်တို့ သွားမယ့်အချိန်အတွက် လိုတဲ့ကားအမျိုးအစားကို Yoma Car Share app ကနေ reservation တင်လိုက်ရုံပဲ။ ပြီးရင်ကားယူမယ့်အချိန်ကိုယ်တိုင် သွား Pick-up လုပ်ပြီးသွားရုံပဲ။ အဲ့မှာတခုမိုက်တာပြောပြရမယ်ဗျ Yoma Car Share မှာ သော့မပါဘူးဗျ?  ဟုတ်တယ်သော့မပါဘူး Yoma Car share က Bluetooth နဲ့ပဲဖြစ်ဖြစ် tap card နဲ့ပဲဖြစ်ဖြစ်ကားကိုဖွင့်လို့ရတာပါ။ Tap card ကတော့ Yoma Car Share website မှာ member registeration လုပ်ပြီးရယူလို့ရပေမယ့် နောက်ပိုင်း ကားနားကိုကပ် ကိုယ့်ဖုန်းက App ကနေ ကားအဖွင့်အပိတ်ကို Bluetooth နဲ့လုပ်ဆိုတော့မိုက်ပြီလေ။ Yoma Car Share နဲ့မှပဲ အုပ်လိုက်ကြီးခရီးသွားရတာအဆင်ပြေတော့တယ်။  
အဖွဲ့လိုက်ကြီးခရီးသွားရတာက တကယ်ကိုအဆုံးမရှိတဲ့လွတ်လပ်ခြင်းတွေကိုခံစားရတယ်လေ။ ကျွန်တော်တို့စိတ်တူကိုယ်တူဓာတ်ပုံဆရာတွေဆိုကထမင်းမေ့ဟင်းမေ့ကင်မရာတွေထရိုင်ပေါ့တွေနဲ့တိုင်ပတ်နေတက်ကြတာမျိုးပါ။ ကျွန်တော် တစ်ခေါက်က ဂေါ်ရင်ဂျီကျွန်းကို ဓာတ်ဆရာတွေနဲ့သွားဖို့စီစဉ်တုန်းက အတွေ့အကြုံလေးတွေကိုရှဲပေးချင်ပါတယ်။ ထုံးစံအတိုင်း ဘာကားဘယ်ကငှားမလဲဘယ်လိုသွားကြမလဲ ဂေါ်ရင်ဂျီကျွန်းဆိုတော့ ကားအငှားနေရာတော်တော်များများက ဒရိုင်ဘာနဲ့မှငှားလို့ရမယ်ဘာညာပြောကြတာပေါ့ဗျာ။ အဲ့မှာကျွန်တော်လဲသတိရသွားတာ ကျွန်တော်သုံးဖူးတဲ့Yoma Car Shareနဲ့ သွားကြည့်မလားပေါ့ ပြီးတော့ Yoma Car Share က self-drive ကိုယ်တိုင်စိတ်ကြိုက်မောင်းလေ။ ကားထဲမှာတခြားသူမပါရင် ကိုယ်တိုင်စိတ်ကြိုက်သီချင်းတွေဖွင့် စကားတွေပြော နဲ့သွားရင်အမိုက်ပဲဆိုပြီး သွားမယ့် လူဉီးရေ ကိုကြည့်ပြီး Toyota Hiace Tourism ကို reservationတင်ဖြစ်သွားတယ်။ ကားက ၁၄ယောက်စီးကားကြီးပါ။ နောက်ပြီးတော့ ဆီဖိုးအတွက်ခေါင်းမစားဘူးလေ ကျွန်တော်တို့သွားတဲ့လမ်းတလျှောက်မှာရှိတဲ့ ကြိုက်တဲ့  Denko, PT Power, MAX ဆီဆိုင်တွေမှာ ကားရဲ့ Dashboard ထဲမှာပါတဲ့ဆီစာအုပ်တို့ဆီဖြည့်ကဒ်တို့ ပြပြီး အပြည့်ဆွဲရုံပဲလေ။ ကားတွေကလဲအသစ်ကြီးတွေ ကီလိုတောင်အများကြီးမပါဘူး။ ကျွန်တော်က တော့ကားကိုမောင်းသွားတဲ့တလျှောက် အဖွင့်အပိတ်ကို Bluetooth နဲ့လုပ်သွားဖြစ်တယ်။ တော်တော်အဆင်ပြေတယ်ပြောရမယ်။ ကားတစ်ခါဖွင့်ပြီး စက္ကန့် ၃၀ အတွင်းစက်နိုးပေးရတာတော့ရှိတယ်မဟုတ်ရင်တခါ Lock/ Unlock ပြန်လုပ်ရတယ်။  Tap Card နဲ့ဆိုရင်တော့ကားရဲ့လေကာမှန်ဘယ်ဘက်မှာရှိတဲ့ sensor ပေါ်မှာ Tap card ကို ၃စက္ကန့်လောက်ပြပြီး Lock/unlock လုပ်နိုင်မှာမျိုးပါ။ ကားယူပြီးထွက်လာတော့မနက် ၄နာရီခွဲပါ လူစုံတော့ မနက် ၆နာရီထိုးတော့မယ် ရန်ကုန်က နေစထွက်လာတဲ့လမ်းတလျှောက် ကိုယ်တိုင်မောင်းစနစ်ဆိုတော့ ဟာဟာဟိုနားလှတယ်ဟိုနားလှတယ်ဆို ကားကိုရပ်ပြီး ဓာတ်ပုံတွေရိုက်လိုက် ဒရုန်းတွေလွှတ်လိုက်နဲ့ အေးဆေးပါပဲ။ တကယ်ကို လွတ်လပ်တဲ့အရသာကိုခံစားရတယ်။

ပတ်ဝန်းကျင်ကို ဂရုစိုက်စရာမလိုဘဲ ကိုယ်လုပ်ချင်တာကိုပဲ ကားကြီးတစ်စီးနဲ့အတူ လုပ်ခွင့်ရတယ်၊ ပုံမှန် မြို့ပြဘဝရဲ့ နေစဉ်လုပ်နေတဲ့အလုပ်တွေကနေ လွတ်မြောက်ခွင့်ရတယ်ဆိုတဲ့ အခွင့်အရေးဟာ Yoma Car Share နဲ့မို့ဆိုပြီး ပိုကျေးဇူးတင်တင်လာတာ။လမ်းမှာ ဓာတ်ပုံဆရာသူငယ်ချင်းတွေကလဲမေးတော့ Yoma Car Share မှာ  24/7 hotline ရှိကြောင်း အကယ်လို့လမ်းမှာတခုခုဖြစ်ခဲ့တယ်ဆိုရင်တောင် အစားထိုးကားတစ်စီးနီးစပ်ရာကလာပို့ကြောင်းတွေပြောပြလိုက်သေးတယ်။ မြန်မာပြည်မှာအခုလို car share service တခုရှိလာတာြမန်မာအတွက်တောင်ဂုဏ်ယူဖို့ကောင်းတယ်ဆိုပြီးပြောဖြစ်သေးတယ်။ ကားတွေကအသစ်တွေဆိုတော့ ကားပျက်တာရှားမှရှားပါပဲလို့။  အခုလိုဓာတ်ပုံခရီးထွက်တာမှမဟုတ်ဘူး လူတိုင်းခရီးသွားပေးသင့်တယ်။ သူငယ်ချင်းအသစ်တွေပိုရမယ်။ ကိုယ်လူတွေနဲ့ပိုပိုရင်းနှီးလာမယ်။ ပြီးတော့ နေရာဒေသရဲ့ လှပတာတွေ ဓာတ်ပုံရိုက်လို့ကောင်းတာတွေက ကိုယ်တိုင်ထက် သူငယ်ချင်းဆီကပိုသိရတာတွေလဲရှိတယ်လေ။  ကျွန်တော်တို့အဖွဲ့က ပုသိမ်ရောက်တော့ နေ့လယ်ဖြစ်နေပြီ။ ပြီးတော့မှ အားလုံး ဂေါ်ရင်ဂျီကိုဆက်သွားကြတာ။ ငွေဆောင်ချောင်းသာလမ်းခွဲက ဆီဆိုင်မှာ ပိုက်ဆံတပြားမှမကုန်ပဲ ဆီအပြည့်ဝင်ဖြည့်တော့ သူငယ်ချင်းတွေကမိုက်လှချည်လားပေါ့။ Yoma Car Share မှာ ဆီဖိုးက KM Charges နဲ့သက်မှတ်ထားပြီး ကိုယ်သုံးတဲ့ ကီလိုမီတာပေါ်မှာ ငှားတဲ့ကားအမျိုးအစားရဲ့ KM Charges နဲ့တွက်ပေးရတာပါ။ ဂေါ်ရင်ဂျီသွားမယ်ဆိုရင် ငွေဆောင်ဘက်အရင်မောင်းရပါတယ်အဲ့ကမောင်းပြီးတော့မှ မော်တင်စွန်းလမ်းခွဲကနေ ငွေဆောင်ဘက်မသွားပဲခွဲထွက်လာခဲ့ရပါတယ်။ ပတ်ဝန်းကျင်က အစကတော့မြေပြန့်ပေါ့နော် တဖြေးဖြေးနဲ့ တောင်တွေပေါ်ရောက်မှန်းမသိရောက်လာတော့တာပဲ။ အဲ့ကနေမှ ငရုတ်ကောင်းသို့ ဆိုတဲ့လမ်းခွဲလေးကိုရောက်လာတော့ ဟေးး ဂေါ်ရင်ဂျီရောက်တော့မယ်ဟေ့ဆိုပြီးတော့ သွားကြတာပေါ့။ အဲ့မှာ ဂေါ်ရင်ဂျီရောက်ရင် ဘယ်တွေကိုသွားဓာတ်ပုံရိုက်ကမယ်ဘာညာဆိုပြီးတော့ အစီအစဉ်တွေကားပေါ်မှာဆွဲကြတာပျော်စရာတော်တော်ကောင်းပါတယ်။ ကျွန်တော်ဂေါ်ရန်ဂျီကို ဘယ်လိုရိုက်ရင်ကောင်းမလဲဆိုပြီးကြိုစဉ်းစားကြည့်မိပါတော့တယ်။ အားကစားလိုက်စားတဲ့သူငယ်ချင်းတစ်ယောက်လဲပါလာတော့ ကျွန်တော်လဲ လူကို ဂေါ်ရင်ဂျီကကျောက်ဆောင်တွေနဲ့ရိုက်သွားရင်ကောင်းမယ်ဆိုပြီးကြိုပြီး အားတင်းထားမိတယ်။  

အခုဂေါ်ရင်ဂျီကျွန်းကိုသွားလည်ဖြစ်တော့ အသစ်အဆန်းတွေ အများကြီးလေ့လာခွင့်ရခဲ့တယ်။ ဓာတ်ပုံခရီးသွားတာရဲ့အားသာချက်ကအဲ့တာတွေပဲ ဓာတ်ပုံဆရာတိုင်းလိုလို တီထွင်ဖန်တီးရိုက်ကူးနိုင်စွမ်းတွေကိုမြှင့်တင်ပေးနိုင်တယ်။ နေရာအသစ်ပတ်ဝန်းကျင်အသစ်တွေက မျက်စိရဲ့အမြင်ကိုပြောင်းလဲပေးနိုင်တယ်။ အတွေ့အကြုံသစ်တွေက စိတ်ကိုဖွင့်ပေးလိုက်သလိုဖြစ်ပြီး နှစ်ရှည်လများ စဉ်းစားလို့မရတဲ့ အကြောင်းအရာတွေ၊ ဆန်းသစ်တဲ့ အတွေးအမြင်တွေကို ပေးနိုင်ပါတယ်။ ဒါတွေဟာ ခရီးသွားနေတဲ့ချိန်မှာ စိတ်ဖိစီးမှုမရှိတာအတွက်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ စိတ်ဖိစီးမှု့ကင်းတဲ့ ခရီးသွားလာတာက လူတစ်ယောက်အတွက် ပိုစဉ်းစားနိုင်တယ် ပိုတွေးနိုင်လာတယ်ဆိုတာပါပဲ။ ဒါကြောင့် ခရီးသွားပြီးရင် စိတ်သစ်၊ လူသစ်ဖြစ်သွားတယ်ဆိုပြီး ပြောကြတာပေါ့။ ဒီလိုမျိုး ခံစားချက်ဟာ နေရာသစ်တခုရောက်ရင်လဲ ဓာတ်ပုံဆရာတွေက  ကိုယ့်အားကိုယ်ကိုးနိုင်တယ်ဆိုတဲ့ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်လည်း တိုးနိုင်ပါတယ်။ အဲ့လိုနဲ့မောင်းလာလိုက်တာ တောင်တွေရဲ့အမြင့်ဆုံးပေါ်ကိုတက်လိုက်ဆင်းလိုက်နဲ့ လှတယ်ဟေးး ဆိုကင်မရာတွေထရိုင်ပေါ့တွေထုတ်ပြီးရိုက်လိုက်နဲ့ ညနေ ၃နာရီကျော်မှပဲရောက်တော့တယ်။   

ာက်တဲ့ညနေ အရင်ဆုံး ဟိုတယ်မှာချက်ကင် ဝင်ပြီးတာနဲ့ ကမ်းခြေဘက်ကိုကင်မရာကိုင်ပြီးပတ်တော့တာပါပဲ။ ပြီးတော့ ဒီနားရိုက်ရင်လှတယ်ဟိုနားရိုက်ရင်လှတယ်ဆိုတာတွေကြည့်ပြီးတာနဲ့ အုပ်လိုက်ကြီးကင်မရာအိတ်တွေနဲ့ ရိုက်ကြတော့တာပါပဲ ထူးခြားတာတခုက ကားနဲ့လာတုန်းက စကားတွေအများကြီးပြောပြီးလာတဲ့အဖွဲ့က တစ်ချက်တစ်ချက်ပဲ လှမ်းပြောင်နိုင်တော့တာပါ။ အချိန်ကိုလုပြီးနေဝင်ချိန်ကိုအသဲအသန်ဖမ်းကြလေရဲ့ ။ Seascape Photography ဆိုတာ DSLR သုံး ဓါတ်ပုံဝါသာနာရှင်တွေအဖို့ကတော့ စိမ်းမယ်မထင်ပါဘူး။ ဒါပေမယ့် တစ်ချို့တွေကျတော့ ဒီလောက်ရေတွေများနေတဲ့နေရာမှာ ဘယ်လိုရိုက်လို့ ဘာပုံထွက်လာမှာလဲဆိုတဲ့ အတွေးမျိုးလေးတွေတော့ ရှိကောင်းရှိလာမှာပါ။ ပီးတော့ကင်မရာကို ရေငွေ့ရိုက်ပီးဆားငွေ့ဝင်သွားရင်ဒုက္ခ။ ဟုက်ပါတယ်၊ ပုံမှန်အနေနဲ့ ဓါတ်ပုံရိုက်တယ်ဆိုတာ အလင်းရောင်းကောင်းကောင်းနဲ့ ရှုခင်းလှလှလေးတွေကို ရိုက်ကြပေမယ့်လို့ အခုပြောမယ့်seascape Photography ကတော့ မတူကွဲပြားတဲ့ ခံစားချက်လေးတွေကို ပေးစွမ်းနိုင်မှာသေချာပါတယ်။ ပြီးတော့ ကျွန်တော်ပြောချင်တာ က မျက်စိမှာမမြင်ရတဲ့ Long exposure ဖိုတိုတွေကပေးတဲ့ ရသတခုပါ။ ကျွန်တော် တို့ ကင်မရာတွေက မြင်ရတဲ့ အမြင်ပေါ့ဗျာ Third Vision ပေါ့ အဲ့တာကို Filter တွေ setting တွေ ကို ပိုင်ပိုင်နိုင်နိုင်ပေါင်းစပ်ပီးတော့မှဖော်ထုတ်ရတာမျိုးပေါ့ဗျာ ။ ISO နဲ့ ရှက်တာစပိလေးရော လိုက်ပီးရင် F pointလေးပါထပ်ထည့် ဝိုက်နိုင်သမျှဝိုက် ပီးရင်သေသေချာချာချိန်။ ထရိုင်ပေါ့တောင့် ပစေ မတောင့် ရင် ကျွတ်ကျွတ်အိတ်ယူသွား ပီးရင်အဲ့က ရေ ကို ထည့် ပီးရင်ထရိုင်ပေါ့မှာချိတ်ထားလိုက် ဒါလဲအလုပ်ဖြစ်တာပဲလေ။ ပီးတော့ low angle ဆိုရင် သတိထား ရေစင်တက်တယ်။  ကျွန်တော် Seascape တွေရိုက်ရင် Filter တွေ သုံးရပါတယ်။ ကျွန်တော် အခုလက်ထဲမှာရှိတဲ့ဖေတာတွေက Lee filter GND Soft 0.3, 0.6, 0.9 ရယ် ပြီးတော့ Lee Big stopper တစ်ချပ်ရယ် Lee CPL တစ်ချပ်ရယ် နောက်ပြီးတော့  Nisi GND hard 0.9 တစ်ချပ်ရယ် Nisi Reverse 1.2 တစ်ချပ်ရယ်ရှိပါတယ်။ ဖေတာတွေကိုလိုသလောက်ပဲသုံးတာကောင်းပါတယ် မလိုအပ်ပဲသုံးမယ်ဆိုရင် shutter speed က အရမ်ကြာသွားပြီး တန်ဖိုးရှိတဲ့ Golden hour တွေ Bule hour တွေ အတွက်ရိုက်ချိန်နဲသွားနိုင်ပါတယ်။ Landscape Pahotographer အများစုကတော့ သဘာဝအလင်းရောင် Natural light တွေမှာပဲ အသဲအသန်ရိုက်ကြတာများပါတယ် ။ သဘာဝအလင်းရောင်တွေကို ပြောင်းလဲလို့ မရဘူးဆိုပေမယ့် ကင်မရာတွေမှာ လိုအပ်တဲ့ Filter တွေတပ်ပြီးတော့ အရောင် စိတ်ကြိုက်ဖြစ်မယ့် အချိန်ကိုတော့စောင့်ယူလို့ ရပါတယ် နေပူတော့ခံရတာပေါ့။ နောက်ပြီးနေဝင်ပြီးတော့ အလင်းရောင်ကုန်သွားတော့လဲ ကျွန်တော်တို့အဖွဲ့တွေက ကြယ်တွေကိုဆက်ရိုက်ကြပါသေးတယ်။ တကယ်ကိုကျေနပ်ဖို့ကောင်းတဲ့ပုံလေးတွေကိုရခဲ့ပါတယ်။ လိုရင်းကိုပြောရရင် Longexposure ရိုက်မယ်ဆိုရင် အချိန်တခုကောင်းကောင်းပေးရပါတယ်။ နောက်ပြီးတော့ ပန်းချီကော ဓာတ်ပုံကော အရေးကြီးတဲ့ elements တွေဖြစ်တဲ့ Line တွေ shape တွေ color တွေကလဲ အချိန်တခုပေးပြီးရိုက်ရင်းနဲ့မှမြင်သာလာပြီးကိုယ်ရိုက်တဲ့ content ကိုအထောက်အပံ့ပြုလာပေးနိုင်တာမျိုးပါ။ ဓာတ်ပုံရိုက်လို့ရှိရင် ဘယ်လိုကင်မရာနဲ့ရိုက်လိုက်တယ်ဆိုတာထက် ဘယ်လိုစိတ်ကူးနဲ့ရိုက်လိုက်တယ်ဆိုတာက ပိုပြီးအရေးကြီးပါတယ်။ ဖန်တီးလိုက်တဲ့ဟာက လူတွေအတွက် ရင်သပ်ရှု့မောဖွယ်ဖြစ်မယ် ကြည့်မဝဖြစ်မယ်ဆိုရင် ဒါဟာပြောင်မြောက်တဲ့ဖန်တီးမှု့တစ်ခုပါပဲ။ ကျွန်တော်သုံးတဲ့ filters တွေအကြောင်းကို အရှေ့က စာစုတွေမှာရေးထားပြီးသားမို့အထူးတလည်မညွှန်းတော့ပါဘူး။ နောက်ပြီး တခုစဉ်းစားမိတာက မတူညီတဲ့ရာသီတိုင်းမှာ ခရီးထွက်သင့်တယ်ဆိုတာပါ။ မတူညီတဲ့ရာသီချိန်တွေမှာ ဓာတ်ပုံရိုက်ခဲ့တာက တချိန်မှာပြန်ကြည့်ရင် အဲ့တုန်းကဘယ်လိုလေး ဘယ်လိုသွားခဲ့ကြတာဆိုတဲ့ ခံစားချက်က ရင်ကိုနွေးထွေးစေမှာပါ။ 

ခရီးသွားတယ်ဆိုတာ ဘဝရဲ့ အတွေ့အကြုံကောင်းတစ်ခုပါ။ ခရီးတွေအများကြီး ထွက်ဖို့ အခွင့်အရေးတွေ ရှိတုန်းမှာ အဖော်မရှိလို့ဆိုတဲ့ အကြောင်းပြချက်ကို မပေးပါနဲ့တော့။ အရင်ကဆိုရင်ကားစီစဉ်တာမှာတင်ရပ်သွားတဲ့ခရီးစဉ်တွေရှိခဲ့ဘူးပါတယ်။ အခုတော့ တကယ်ကို stress free ခရီးစီစဉ်ရတာကို ခံစားရပါတယ်။ မလုပ်ဖူးတဲ့အရာတွေကို လုပ်ရင်း ဘဝကို အပြည့်ဝဆုံး ဖြတ်သန်းကြည့်ပါ။ ကိုယ် အဆင်ပြေနေတဲ့နေရာတစ်ခု၊ အခြေအနေတစ်ခုမှာပဲ ရပ်မနေပါနဲ့။ self-drive နဲ့ခရီးသွားတာဟာ ခရီးသွားခြင်းရဲ့ အရသာ အစစ်အမှန်ဖြစ်ကြောင်း ခံစားမိလာမှာပါ။