၁။ နည်းဥပေဒေသတွေကိုအရင်နားလည်သိအောင်လုပ်ပြီးရင်မေ့ပလိုက်

ROT တွေ Tri တွေ Rule of Odds စသဖြင့်တွေကိုသိအောင်လုပ်တာကောင်းတယ် ဘာလို့လဲဆိုတော့ဓာတ်ပုံကိုတကယ်ဝါသနာပါတော့မယ်ဆိုရင် အခြေခံကိုခိုင်အောင်လုပ်သင့်တယ်။ အဆောက်အဦးတခုဆောက်သလိုပေါ့ ဖောင်ဒေးရှင်းကိုခိုင်ခိုင်မာမာ အုတ်မြစ်ချပြီးပြီဆိုရင် အိမ်လေးကိုဘယ်လိုလှလှဆောက်ဆောက်ကြံ့ခိုင်သလိုပေါ့ဗျာ။ အဲ့တော့ပြောချင်တာ ဓာတ်ပုံပညာကိုဝါသနာပါတာထက်ကိုပိုတယ်ဆိုရင် Rule တွေကို နားလည်အောင်လုပ်ပါ ပြီးရင် အဲ့တာတွေကိုခဏမေ့ထားပြီးဓာတ်ပုံရိုက်ပါ။ ဘယ်တော့ရိုက်ရိုက် ခေါင်းထဲ ကွန်ပိုဇေးရှင်းလေးဘယ်လိုကကောင်းမယ်ဘာမယ်ဆိုတာအရင်စဉ်းစားရင် ခလုတ်နှိပ်တာနောက်ကျပါတယ်။ ဆိုတော့ကာ အရင်သိအောင်လုပ်မေ့ထားပြီးရိုက်။

၂။ အလင်းအမှောင်ကို Test shot နဲ့အရင်စိတ်ကြိုက်ကြိုချိန်ထား ပြီးမှ ကွန်ပိုဇေးရှင်းချ

ကွန်ပိုဇေးရှင်းကောင်းနေပြီးဖြူလွန်းမဲလွန်း အစွန်းနှစ်ဖက်ရောက်ရောက်နေတဲ့ပုံတွေရဘူးတယ်မို့လား ကျွန်တော်လဲအများကြီးရဘူးတယ်။ အဲ့တာကြောင့် exposure triangle ကိုအရင်လေ့လာပါ Perfect exposure ဖြစ်ပါစေ။

၃။ မျက်လုံးကိုပဲ ဖိုးကပ်ဖြတ်ပါ။

ဓာတ်ပုံကြည့်သူနဲ့ သက်ရှိအရိုက်ခံတဲ့ subject ကို အကြည့်လေးတခုကနေဆက်သွယ်ပေးနိုင်ပါတယ်။ အဲ့တာကြောင့်ဘာကိုဖိုးကပ်ဖြတ်ရမှန်းမသိဖြစ်နေရင် မျက်လုံးကိုပဲတည့်တည့်ချိန်ဖိုးကပ်ဖြတ်လိုက်ပါ။ မျက်လုံးကိုသေသေချာချာဖိုးကပ်ဖြတ်မိနေသရွှေ့ ပုံက အသက်ဝင်နေမှာပါ။

၄။ အမှားများများလုပ်ဗျ ပြီးရင်အဲ့တာတွေထပ်မလုပ်နဲ့

ကျွန်တော်ရိုက်ကာစကအမှားတွေအများကြီးလုပ်ဖူးတယ်အခုလဲလုပ်မိနေတုန်းပဲ သေချာတာကအဲ့အမှားတွေမြင်ရင်းနဲ့ကိုယ်ပိုင်မူလေးတခုထွက်လာတယ်ဆိုတာပါပဲ။ အမှားများများကိုလုပ်မိလေလေ အလုပ်မဖြစ်တဲ့နည်းတွေများများကိုသိလေလေပါပဲ။ တကယ်တန်ဖိုးအစစ်က အဲ့အမှားအတွေ့အကြုံတွေကို သင်ခန်းစာအနေနဲ့ပြောင်းပြီးတော့ ယူတက်ဖို့ပါပဲ။

၅။ Exposure Triangle ကိုသိအောင်လုပ်

Proper exposure အတွက် ISO, Shutter နဲ့ Aperture တွေကအရေးကြီးတယ်ဆိုတာ ကင်မရာစကိုင်တာနဲ့သိပါမယ် ဒါပေမယ့် အဲ့တာတွေကို ကိုသေချာမသိခင်မှာလဲ AV တို့ TV တို့လို Mode တွေနဲ့လက်သွေးလို့ရပါတယ်အမြဲတော့ မရိုက်နဲ့ပေါ့ အမြဲဒန်ပေါက်စားရင် အီပါတယ် တခါတလေ သဘောၤသီးသုပ်လေးပြောင်းစားရသလိုပေါ့။ အဲ့အပေါ်က သုံးခုချိတ်ဆက်ပုံကိုလဲကျွန်တော် Note ရေးပေးဘူးပါတယ်။

၆။ ဓာတ်ပုံရိုက်ထွက်တယ်မို့လားအမြဲအသင့်ဖြစ်နေပါစေ။
အမြဲတမ်း သိမ်းငှက်လိုစူးရှပါ ရှု့ထောင့်တွေကို တွေးနေပါ။ တခုခုကို မြင်မိတယ်ဆိုတန်းကင်မရာနဲ့ဓာတ်ပုံရိုက်ပါ။ ကင်မရာကိုအကြာကြီးဖွင့်ထားလို့ ဓာတ်ခဲကုန်တာပဲရှိမယ် တကယ်ရိုက်ကွင်းရိုက်ကွက်ကြုံရင် ကင်မရာပိတ်လိုက်လို့မရိုက်လိုက်ရတာက ပိုနာတယ်။

၇။ Walk Shot လုပ်မယ်ဆိုရင်။

ဒီအတိုင်း Walk shot လုပ်မယ်ဆိုရင် ကင်မရာကို AV / TV လိုမျိုးမှာထားထားတာကလဲ လူကိုသက်သာစေတယ်။ တကယ်ပုံကောင်းတစ်ပုံရဖို့ ခွဲခြားလိုက်တာက နာရီလက်တံတချက်ရွှေ့ပဲကွာတာလေ ပုံကောင်းရလိုက်တာနဲ့ မရလိုက်တာ။

၈။ လူပုံရိုက်ရင် လူပိုပေါ်အောင် အပါချာကိုကျယ်ကျယ်ထား

လန့်ရဲ့ aperture ကိုကျယ်ကျယ်ထား ဒါမှ ကိုယ်ရိုက်တဲ့ subject ကထင်းခနဲထွက်နေမှာ။ ကျယ်ကျယ်ဆိုလို့ F22တွေ F11 တွေကိုပြောတာမဟုတ်ဘူးနဲ့ ကျယ်ကျယ်ဆိုတာ f2.8 တို့ f1.8 တို့ကိုပြောတာ။ ကျယ်ကျယ်နဲ့ကျစ်ကျစ်ကွဲပြားပါစေ။

၉။ Shutter speed နဲ့ လန့်ရဲ့ focal length တူတူထားတဲ့အလွယ်နည်းကိုသုံး

ဒါဆို ပုံတွေ ကြည်ကြည်လင်လင် ဖိုးကပ်ပြတ်မယ် ဘယ်လိုလုပ်ရမလဲဆိုတော့ ကိုယ့်လန့်ကို သွားကြည့် မော်ဒယ်ရိုက်ချိန်မှာ ဖြစ်ဖြစ် စတွိ ရိုက်ချိန်မှာဖြစ်ဖြစ်ကြည့် 50mm လန့်နဲ့ဆို ရှက်တာစပိကိုလဲ ၅၀ဒါမှမဟုတ် ၅၀အထက်ပဲထားကြည့် အိုကေလိမ့်မယ် ( တိမ်ဖုံးနေတာမိုးချုပ်နေတာမပါ Daylight လင်းထင်းထင်းကိုသာပြောသည်)

၁၀။ ပုံပြင်ရင် Crop သင့်တယ်ထင်ရဲရဲ crop

crop တာတွေ straighten လုပ်တာတွေရဲရဲလုပ် ကိုယ့်အမြင်မှာကိုယ်သဘောကျပြီး ယုံကြည်မှု့ရှိဖို့ပဲလိုတယ်။ View finder က ချောင်းရိုက်တိုင်း ပုံကောင်းတန်းထွက်မယ်ဆိုတာမဟုတ်ဘူး။ အမြဲတမ်း crop ပါလို့လဲပြောတာမဟုတ်ဘူးနော်။

၁၁။ပုံကိုဖြောင့်ဖို့ တည့်ဖို့မမေ့နဲ့

ကင်မရာမှာစရိုက်ကတည်းက horizontal တည့်မတည့်သေသေချာချာစစ်ပြီးရိုက် ကင်မရာမှာပါတဲ့ horizontal indicator  ကိုအမြဲဖွင့်ထား။ ကင်မရာက screen က သေးတယ် မယုံနဲ့ ကွန်ပြုတာ screen ကိုရောက်လို့စောင်းတာလို့ထင်ရင်တန်းပြီးတည့်။ cropping လုပ်ဖို့လိုရင်ရဲရဲကြီးလုပ်။

၁၂။ကင်မရာကို မတုန်စေနဲ့
ကင်မရာ ရှိတ်ကြောင့်ပုံတွေဝါးသွားတာကဘာနဲ့မှပြန်ဆယ်လို့မရဘူး။ အဲ့တာကြောင့် ISO တင်ရိုက်တာတို့ Shutter speed ချိန်တာတို့လုပ်ပေး။ ဒါပေမယ့် ကိုလိုချင်တဲ့ဆက်တင်ကိုက ISO  နိမ့်နိမ့် shutter speed နှေးနှေးဆိုရင် ထရိုင်ပေါ့ဖြစ်ဖြစ် ထရိုင်ပေါ့မပါရင်တခုခုပေါ်တင်ပြီး ၂စက္ကန့် timer ပေးပြီးရိုက်။နောက်ပြီးကင်မရာ ကိုင်နည်းအမှန်နဲ့ကိုင် ဘယ်ဘက်လက်ဖဝါးက လန့်စ် ကိုပင့်ထင်ထားပြီး ညာဘက်က ကင်မရာဘော်ဒီကိုင်ပြီးတံတောင်နှစ်ခုက ခန္တာကိုယ်နဲ့ကပ်ပြီးရိုက်တာမျိုး။

၁၃။ မျက်စိနှစ်ဖက်လုံးဖွင့်ထား
ကင်မရာကို view finder ကနေချိန်ရင် မျက်စိမှိတ်ပြီးချိန်တယ်မို့လား အဲ့လိုမလုပ်နဲ့မျက်စိနှစ်လုံးစလုံးဖွင့်ပြီးကြည့်ပြီးချိန်။ ဉပမာ ကိုယ်ကမော်ဒယ်ရိုက်တယ်ဆိုရင်မော်ဒယ်က ကိုယ့်မျက်လုံးကိုပြန်ကြည့်ပြီး မော်ဒယ်နဲ့ ဓာတ်ပုံဆရာကြားလိုအပ်တဲ့ connection ကိုရစေနိုင်တယ်။ မော်ဒယ်က လန့်ထဲကိုမကြည့်ခင် ဓာတ်ပုံဆရာမျက်လုံးကိုဖတ်ပြီး ဒါဒီလို လိုနေပါလားဆိုတာ သဘောပေါက်လွယ်စေတယ်။ နောက်ပြီး wildlife ငှက်ဆရာတွေ sport ဆရာတွေဆိုရင်ကိုယ့်ရဲ့ ဖရိန်ထဲ ဘာတွေဘယ်လိုဝင်လာမယ် ကိုယ်ချိန်နေတာ ဘယ်ကိုရောက်နေပြီဆိုတာကိုသိရဖို့ ဒီလိုမျက်စိနှစ်ဖက်လုံးဖွင့်ပြီးချိန်တာက အကျိုးပြုနိုင်တယ်လေ။

၁၄။  Exposure compensation ကိုနားလည်အောင်လုပ်ထား
တခါတလေ တချို့ပုံတွေရိုက်တဲ့အချိန်မှာ ကိုယ်လိုသလောက်  exposure က ကိုယ့် subject ကိုမရတာမျိုးတွေရှိတက်ပါတယ် တခါတလေလင်းလွန်း တခါတလေမှောင်လွန်းတာမျိုးပေါ့။ ဒီလိုဖြစ်ရတာက မီတာထောက်တာမှားလို့ ဖြစ်ရတာများပါတယ်။ ကင်မရာရဲ့ exposure compensation ကိုသုံးချပြီး ကိုယ်လိုသလောက် exposure ကို ပြန်ထိန်းလို့ရပါတယ်။

၁၅။ ကိုယ်ကြိုက်တာကိုယ်ရိုက်
တခါတလေ ဟာ…. ဟိုလိုတွေရိုက်ကြပြန်ပြီ လိုက်ရိုက်ကြဟေ ဒီလိုတွေခေတ်စားနေပြီလိုက်ရိုက်ကြဟေ့ဆိုတာတွေထက် ကိုယ်စိတ်ဝင်စားတဲ့ ဟာကိုပဲရိုက်ပြီးလေ့ကျင့်နေတာက ပိုပြီး ပျော်ဖို့ကောင်းပါတယ်။ကိုယ်က သဘာဝရိုက်ရတာကြိုက်တာလား တိရစ္ဆာန်လေးတွေလား လူတွေကိုရိုက်ရတာကြိုက်တာလား ဒါမှမဟုတ် အကုန်ရိုက်နေရပြီးရော ဓာတ်ပုံပညာကိုချစ်တာလား ဒါဆို ရိုက်သာရိုက်နေပါ ပျော်နေပါလိမ့်မယ်။ အဲ့လိုကိုယ်ကြိုက်တာကိုယ်ရိုက်နေရင်းနဲ့ တဖြေးဖြေးတိုးတက်လာပြီး ဓာတ်ပုံရိုက်ရမယ်ဆိုပျော်နေတဲ့လူမျိုးဖြစ်လာပါလိမ့်မယ်။

၁၆။ အလင်းပြန်တာတွေ အရိပ်ထင်တာတွေကို အလွတ်မပေးနဲ့ရိုက်
လူတွေသတိထားမိတာက နေ့စဉ်ဘဝတွေမှာ အလင်းပြန်တာတွေ အရိပ်ထင်တာတွေကို မြင်တွေ့နေရတယ်ဆိုတာပါပဲ။ Landscape မှသည် Portrait ထိ ဘာပဲရိုက်ရိုက် နေရာတခုကိုရောက်ရင် ဘယ်လိုရာသိဉတုပဲဖြစ်ဖြစ် မိုးရွာရွာနေပူပူ နေဝင်ခါနီးပဲဖြစ်ဖြစ် ရေကန်ကြီးထဲပဲရောက်ရောက် ပင်လယ်ကြီးနဲ့ပဲနီးနီး အလင်းပြန်တာ အရိပ်ထင်တာကို ရှာပြီးရိုက်ကြည့်ပါ အများမမြင်တဲ့ မထင်တဲ့ ရှု့ထောင့်တွေကနေ ပုံအသစ်အဆန်းတွေရလာမယ်။ ကျွန်တော် Canon Photomarathon မှာဆုရခဲ့တုန်းကလဲအဲ့လိုပဲ။

၁၇။ Golden Hour ကိုရိုက်နေချိန်မှာလက်မလွတ်စေနဲ့
ဓာတ်ပုံပညာမှာ အလင်းက အဓိကပဲ။ အလင်းကသာလျှင် အရိပ် ထုထည် အဆင်း တွေကိုဖန်တီးပေးတာ။ အဲ့လိုဖန်တီးပေးတဲ့အလင်းတွေထဲမှာမ  Golden hour  လို့ခေါ်တဲ့ နေမထွက်ခင်တစ်နာရီ နေ့မဝင်ခင်တစ်နာရီ လောက်ကို မလွတ်စေနဲ့ ။ Landscape  ဆိုရင် အရိပ်အရှည်ကြီးတွေနဲ့ ပုံတွေတွေ့ဘူးတယ်မို့လား အဲ့တာ အဲ့အချိန်မှာရိုက်ထားတာပဲ။ အဲ့အချိန်မှာ အလင်းက လေထုထဲကအမှုန်တွေ ရေခိုးရေငွေ့(တိမ်) တွေကို ပိုပြီးဖြတ်ပြီးမှရောက်လာရတာမို့ ပိုပြီး diffused ဖြစ်တယ်။ ဖုန်းထဲမှာ လဲ Golden hour calculator ထည့်ထား။

၁၈။ ပိုက်ဆံနဲနဲပိုရင် Reflector ဝယ်ထား
Reflector သေးသေးကြီးကြီးဝယ်ထားတာမမှားဘူး။ ဘာကိုပဲရိုက်ရိုက် Landscape ရိုက်တဲ့အချိန် Golden hour ကြီးမှာ ကိုယ်က ပင်လယ်နားက သစ်တုံးကြီးရိုက်တယ်ဆိုပါတော့ နေကလဲ အရမ်းဝင်ခါနီးနေတော့ အရိပ်အရမ်းကျပြီးမှောင်နေရင် အဲ့ reflector လေးနဲ့ အလင်းဖြည့်ပေးလို့ရတယ်။ အရမ်းလင်းတဲ့အချိန်မှာ diffuse light ရအောင်လုပ်လို့ရသလို ကိုယ်လိုချင်တဲ့ shadow highlight တွေကိုကောင်းကောင်းကြီးထိန်းညှိလို့ရတယ်။ တခုပဲရှိတာ ကိုယ့်ရဲ့ Reflector ထိုးတဲ့စကေးပေါ်မူတည်ပြီး နီးရင်အလင်းပြင်းမယ် ဝေးရင်အလင်းပေါ့မယ်။

၁၉။ မီးရှုးမီးပန်းတွေ ဘယ်လိုရိုက်မလဲ
ကင်မရာဆက်တင်ကိုနောက်မှစဉ်းစား အရင်ဆုံးဘယ်နေရာက မီးပန်းဖောက်မှာလဲ ဘယ်ရှု့ထောင့်ကလှမှာလဲ ဘယ်လိုလူတွေနဲ့တူတူရိုက်ကြမလဲဆိုတာအရင်စဉ်းစား။ တရက်နှစ်ရက်လောက်ကြိုပြီးမီးပန်းဖောက်မယ့်နေရာပတ်ပတ်လည်ကို ပတ်ကြည့်ပြီးနေရာရှာထား။ ပြီးရင်ရိုက်ဖို့ နေရာသတ်မှတ်။ နောက်ပြီး ရိုက်မယ့်နေ့ နေ့လယ်လောက်ကတည်းကရေသန့်ဘူးပေါင်မုန့်တွေနဲ့ သွားပြီးနေရာဦးထား။ ကျွန်တော့်အတွေ့အကြုံကတော့အဲ့လိုကြိုသွားပြီးစီစဉ်မှတော်ကာကျတယ်။

၂၀။ ပါတီတွေမှာရိုက်ရင်ဘယ်လိုလုပ်မလဲ
သေချာတယ်ပါတီတွေက လင်းထိန်နေတဲ့ ပတ်ဝင်းကျင်မဟုတ်တာတော့သေချာတယ်။ အဲ့တော့ wide lens ကိုမှ အပါချာကိုအကျယ်ဆုံးဖွင့်ထား။ wide မရှိလဲ 24mm လောက်ဆိုရင်အိုကေတယ်။ ပြီးရင် flashကိုတပ်ထားပြီး နံရံဒါမှမဟုတ် မျက်နှာကျက်ကိုချိန်ပြီး ထားဒါဆို ပါတီပုံတွေကိုမှ အလင်းကောင်းကောင်းလေးတွေနဲ့ရလိမ့်မယ်။တခုရှိတာ Flash ကို built in flash မသုံးနဲ့ သုံးရင် ပုံပြားပြားကြီးတွေပဲရလိမ့်မယ်။

၂၁။ Portrait Photography အတွက်အကြံပြုချက်
ကိုယ့်မှာ လိုက်တင် equipment အမိုက်စားတွေလဲမရှိဘူး အခန်းထဲမှာလဲရိုက်ရတော့မယ်ဆိုရင် ပြတင်းပေါက်နားကိုသာသွားပြီးရင်အခန်းထဲက မီးတွေအကုန်ပိတ်လိုက် အခန်းထဲကိုအလင်းဝင်တာက ပြတင်းပေါက်ပဲဖြစ်လိမ့်မယ်အဲ့တာဆိုရင် အလင်းကိုထိန်းလို့ရသွားပြီ။ ခန်းစီးရှိရင်သာသာလေးချထားလိုက် ဒါဆို အလင်းဖျော့လေးရလိမ့်မယ်။ မြင်ဖူးကြတယ်မို့လား ဟိုတယ်ခန်းတို့ဘာတို့ပြတင်းပေါက်နားကပုံတွေကို ငိငိ။ ကင်မရာပေါ်က built in flash ကိုလဲ အားမကိုးနဲ့ သုံးကိုမသုံးနဲ့။ နောက်ပြီးမော်ဒယ်မျက်လုံးကိုပဲ ဖိုးကပ်ဖြတ်ပါ။

၂၂။ အိမ်မွေးတိရိစ္ဆာန်လေးတွေကိုရိုက်ဖို့

တိလေးတွေအကုန်လုံးက လူတွေလိုပဲ သူ့အမူအကျင့်နဲ့သူရှိပါတယ် မရိုက်ခင် အရင်ရင်းနီးအောင်နေပါ။ အထူးသဖြင့်ခွေးတွေပေါ့ ကိုယ့် emotion ကို ဖတ်တက်ပါတယ်။ အဲ့တော့ သူတို့လေးတွေခုန်ပေါက်ဆော့ကစားနေတာလိုချင်ရင် သူတို့ကိုပြောတဲ့စကားလေးတွေက အစ မြူးရွှင်ပြီးပြောပြီးရိုက်ပါ။ တချို့ကောင်လေးတွေကတော့အမြူးလွန်တာမျိုးရှိပါတယ် အဲ့တော့ ကင်မရာကို Shutter priority မှာထားပြီးတော့ ရှတ်တာစပိကို 1/125 sec လောက်ကနေ 1/500 sec လောက်ထားပြီး ကိုယ်ရိုက်မယ့်အကောင်လေးကိုမူတည်ပြီးရိုက်ကြည့်ပေါ့။ လူတွေကိုရိုက်သလိုပါပဲ မျက်လုံးကိုပဲအမိအရ ဖိုးကပ်ဖြတ်ပါ။


၂၃။ Landscape ရိုက်ရာဝယ်

Landscape လို့ပြောလိုက်ရင် မြင်ကွင်းကျယ်ကြီးနဲ့ သဘာဝတွေတောတောင်တွေရိုက်တာကိုမြင်ဘူးကြမှာပါ။ အခုပြောမယ့်ဟာက Cityscape ရိုက်တာကိုလဲ အကျုံးဝင်ပါတယ်။ ဘယ်ကိုပဲသွားရိုက်ရိုက် ငါဘယ်လိုရိုက်လိုက်မယ် ဒီနေရာဒေသရဲ့သမိုင်းကဘယ်လိုဆိုတာ ကို အရင်သိအောင်လုပ်သွားပါ။ ဉပမာပုဂံမှာ နေဝင်ချိန်ရိုက်ချိန်မှာ သစ်ပင်တန်းကြီးနဲ့နေဝင်ပုံရိုက်တာထက် ပုဂံဘုရားတွေနဲ့နေဝင်တာနဲ့ကိုတွဲရိုက်တာမျိုးပေါ့။ မြို့ထဲမှာရိုက်ရင်လဲ ဒီနေရာကဘယ်လိုဘယ်ဝါဆိုတာကိုပေါ်လွင်အောင်ရိုက်ဖို့က နောက်ခံသမိုင်းကိုသိထားရင် အဲ့သမိုင်းနဲ့ဆက်စပ်တဲ့ အရာကိုထည့်ရိုက်တော့ ကိုယ့်ပုံနဲ့ ပရိတ်သတ်နဲ့က ပိုပြီး connected ဖြစ်တာပေါ့။ တခုတော့ရှိတယ် Landscape က ဂီယာစုံလေပိုရိုက်လို့ကောင်းလေလေပဲ။

၂၄။ဘာမှရိုက်စရာမရှိရင် Light painting လုပ်
မှောင်နေတဲ့နေရာတခုမှာ ကင်မရာ ကို Long exposure ရိုက်လို့ရအောင် ဆက်တင်ထားပြီးတော့ ကိုယ်က အလင်းထွက်တဲ့အရာတခုခု ကို ကိုင်ပြီး လေထဲမှာ တခုခုဆွဲကြည့်လိုက် ဒါမှမဟုတ်စာတစ်လုံးရေးကြည့်ကြည့် ရိုက်ရင်းရိုက်ရင်းနဲ့ပျော်လာမှာပါ။ ရိုက်နည်းကိုပိုင်သွားပြီဆိုရင် creative ဖြစ်ရင်ဖြစ်သလောက်ပုံအမိုက်စားတွေရလာမှာပါ။

၂၅။ ကင်မရာအခုမှစဝယ်မယ်ဆိုရင် crop body ဝယ်
ကင်မရာဝယ်တယ်ချင်း ဆိုရင် crop ဝယ်တာက ပိုကောင်းပါတယ်။ ဘော်ဒီပိုသေးသွားမယ် ပြီးတော့ သူ့မှာတပ်မယ့်လန့်စ်တွေဝယ်ရင် ဈေးသက်သာမယ်လေ။ entry levelလေးတွေရဲ့  အားနဲချက်က Low light performance အားနည်းမယ် ကိုယ်ရွေးချယ်တဲ့ လန့်စ် ရဲ့ Focal length ပေါ်မူတည်ပြီးတော့ ရယ် ကိုယ်ရိုက်တဲ့ ဓာတ်ပုံအမျိုးအစားရယ်ရောပေါ့။ ကွာလတီအားဖြင့်ဆိုရင် အခု entry level လေးတွေက အလင်းကောင်းကောင်းရတဲ့နေရာမှာ ရိုက်တာချင်းတူရင် ခွဲခြားပြောရခက်ပါတယ်။ ကင်မရာအသေးနဲ့အရင်သေသေချာချာဖွတ်ဖွတ်ကျေအောင်ကျင့်ပြီးမှ ကင်မရာအကြီးကိုတက်သင့်ပါတယ်။

၂၆။ Prime အားကိုး အထွက်တိုး
Prime lens တွေဖြစ်တဲ့ 40mm တို့ 35mm တို့ 50mm တို့  85mm တို့လို လန်းစ်တွေကို တပ်ပြီးရိုက်ပါ။ သေချာတယ် fixed focal length lens တွေမို့လို့ ရှေ့တိုးလိုက်နောက်ဆုတ်လိုက် ပတ်ရိုက်လိုက်နဲ့ဖြစ်နေမှာပါ။အဲ့လို ရှေ့တိုးနောက်ဆုတ် လုပ်ရင်းနဲ့ ပိုပြီး creative ဖြစ်တဲ့ perspective တွေပိုရိုက်လာနိုင်မှာ။ နောက်ပြီး Prime lens လေးတွေက framing ကို ပိုပြီးအကျင့်ရစေတယ်။ဘာလို့တုန်းဆိုတော့ မရိုက်ခင်ကြိုပြီး framing ကိုစဉ်းစားရတာမို့ပါ။ ပြီးတော့ prime lens လေးတွေက focus ဖြတ်တာပိုမြန်ပြီးတော့ တည်ဆောက်ပုံအရ aperture ကျယ်ကျယ်ပိုဖွင့်လို့ရတာမို့ရှေ့ကြည်နောက်ဝါးမိုက်မိုက်လေးတွေရိုက်လို့ရစေနိုင်ပါတယ်။

၂၇။ ကင်မရာအတွင်းပိုင်းကို မလိုအပ်ပဲ သန့်ရှင်းရေးမလုပ်နဲ့
မလိုအပ်ပဲ သန့်ရှင်းရေးမလုပ်နဲ့ဆိုတဲ့နေရာမှာ ဖုန်မှုတ်တာ blower နဲ့ မှုတ်တာလဲပါတယ်နော်။ ကိုယ်ကဘယ်လိုထောင့်က blower မှုတ်ရမယ်ဆိုတာမသိရင် မလုပ်တာပိုကောင်းပါတယ်။ ကင်မရာရဲ့  sensor ကသန့်ရှင်းရေးလုပ်ရတာခက်လို့ပါ။ ပိုပိုဆိုးသွားနိုင်ပါတယ်မလုပ်တက်ပဲလုပ်မိရင်။ သေသေချာချာအရင်လေ့လာပါ ကျွန်တော်လဲ ကင်မရာသန့်ရှင်းရေးလုပ်နည်းကိုဗီဒီယိုလေးရိုက်တင်ပေးပါ့မယ်။

၂၈။ ကင်မရာပစ္စည်းအသစ်မဝယ်ခင်ကိုယ့်ရှိတာကိုဖွတ်ဖွတ်ကျေအောင်နားလည်အောင်အရင်သုံး
ကင်မရာကိုအခုမှစကိုင်တဲ့သူတစ်ယောက်ဖြစ်မယ်ဆိုရင်သေချာတာက ဂီယာတွေအများကြီးစစုဖို့ထက် ကိုယ့်လက်ထဲရှိတဲ့ ဂီယာနဲ့ ကိုယ့် Skill ကိုတည်ဆောက်ယူရမှာပါ။ တချို့က ဂီယာအသစ်တွေအမိုက်စားကြီးတွေဝယ်ဖို့ကိုပိုပြီးအားသန်ကြပါတယ် ကင်မရာအခုမှစကိုင်ဖူးတာတောင်။ ဂီယာအသစ်ဝယ်လိုက်တော့ ရော kit lens နဲ့ ရိုက်နေတဲ့ ဓာတ်ပုံတွေထက်ပိုကောင်းတာထွက်လာရောလား? ကျွန်တော် ကင်မရာစကိုင်တုန်းက kit lens နဲ့ နှစ်နှစ်လောက်နီးပါးကြာတယ်။ အဲ့လို kit lens ပဲရှိတော့ တခုခုကိုလိုက်ရိုက်ချင်ရင်ပိုပြီးလေ့လာ လေ့ကျင့်ရတယ် အဲ့လိုကနေပဲ ပိုပိုတိုးတက်လာတာပါ။



၂၉။မန်မိုရီကဒ်?
ဓာတ်ပုံပဲရိုက်တဲ့သူတစ်ယောက်အတွက် 256GB လိုသလား? ကျွန်တော်က 256GB ကဒ်သုံးတာလေ ပုံတွေအများကြီးရိုက်လို့အဆင်ပြေတယ်လို့ပြောတဲ့သူကြုံဖူးတယ်အဲ့လူက အဲ့ကဒ်တခုခုဖြစ်တာနဲ့ ရိုက်ထားသမျှရေစုန်မျှောရမယ့်သူပါပဲ။ ဗီဒီယိုရိုက်တဲ့သူတွေတောင် 64GB သုံးလေးကဒ်ခွဲကိုင်ကြပါတယ်။ ကဒ်ဆိုက်ကြီးတော့ဘာဖြစ်လဲ ပုံတွေအကြောင်းတခုခုကြောင့်ပျက်မယ်ဆိုရင် ပိုလွယ်တာပေါ့ဗျာ။

၃၀။ Megapixel Trap ထဲမရောက်သွားစေနဲ့

တချို့ထင်ကြတယ် Megapixel များမှ ပိုကောင်းတာ ဘာညာဆိုပြီးတော့ဗျာ။ တကယ်က အဲ့ Megapixel ကို fully support လုပ်ပေးနိုင်တဲ့ လန့်စ်လိုသေးတာကိုလဲမေ့နေကြသေးတယ်။ အခုနောက်ပိုင်းကင်မရာ Manufacture တွေက အဲ့တာကိုသဘောပေါက်လာတော့ Megapixel race လို့ခေါ်တဲ့ အပြိုင်အဆိုင် megapixel တွေမြှင့်မြှင့်ပြီးထုတ်နေကြတာကနေ  quality ဘက်ကိုပိုပြီးအာရုံစိုက်လာကြပါပြီ။ အဲ့လိုပြောလို့ Megapixel တွေက အရေးမကြီးဘူးလားဆိုတော့မဟုတ်ပါဘူး 12 megapixel ကင်မရာထုတ်ပေးနိုင်တဲ့ အကြီးဆုံး print size နဲ့ 20 megapixel က ထုတ်ပေးနိုင်တဲ့အကြီးဆုံး Print size ကကွာနေဉီးမှာပါပဲ။ ပုံရဲ့ကွာလတီဘယ်လိုထွက်သလဲဆိုတာကိုအရင်လေ့လာပြီးတော့မှ ကင်မရာကိုဝယ်ပါ။အဲ့မှာ Megapixel များများမလိုဘူးဆိုတာသဘောပေါက်လာပါလိမ့်မယ်။နောက်ပြီးတော့ 8 megapixel ဖုန်းကင်မရာနဲ့ 8 megapixel ကင်မရာ ပုံထွက်တာချင်းတူပေမယ့် ကင်မရာကပုံကိုမှီမှာမဟုတ်ပါဘူး sensor size ကွာတာမို့ပါ။

၃၁။ လန့်ရှေ့မှာ UV Filter တစ်ချပ်တပ်ထားသင့်လား?
သေချာတယ်တပ်ထားသင့်တယ် အစင်းဖြစ်တာတွေ ဖုန်တွေက ကာကွယ်နိုင်အောင်လို့။ ကျွန်တော်လဲလန့်ပြုတ်ကျပြီး မှန်ကွဲဘူးတယ် အကျယ်လို့ UV filter သာတပ်မထားရင် lens မှန်မှာအစင်းဖြစ်သွားနိုင်တာမျိုးပါ။ သေချာတာတော့ ဈေးဘယ်လောက်မှမများတဲ့ UV Filter တစ်ချပ်က သင့်ကို တော်တော်ကြီးမားတဲ့ကုန်ကျမှု့တွေကနေကာကွယ်ပေးနိုင်တာပါ။ ဒါပေမယ့် တခါတလေ UV Filter တွေကြောင့်မလိုလားအပ်တဲ့ Lens flare တွေထတက်ပါတယ် တချို့ ဓာတ်ပုံအမျိုးအစား ဉပမာ ညဘက်ကြယ်တွေရိုက်တာမျိုးတွေမှာတော့ ဖြုတ်ပြီးရိုက်သင့်ပါတယ်။

၃၂။ ကုန်းကွပြီးရိုက်
ပုံမှန်မြင်နေကျအရာကို မြင်နေကျနေရာက ရိုက်ရင် မထူးဆန်းပါဘူး ကင်မရာကို အမြင့်ကဖြစ်စေ အနိမ့်ကို နိမ့်ချပြီးရိုက်က ဖြစ်စေပိုပြီး creative ဖြစ်စေပါတယ်။ နေရာစုံရိုက်နည်းအစုံမှာပေါ့ landscape ဖြစ်ဖြစ် portrait ဖြစ်ဖြစ်။

၃၃။  Framing ကိုလေ့ကျင့်
ကိုယ်က တခုခုကိုရိုက်တော့မယ်လို့ ကင်မရာနဲ့ချိန်လိုက်တာနဲ့ ဒါတော့ပါသင့်တယ် ဒါတော့မပါသင့်ဘူးဆိုတာမျိုးတွေ ကိုစဉ်းစားပါ။ ဉပမာ မလိုအပ်တဲ့ ဓာတ်တိုင်တွေ ပါနေတာမျိုး သစ်ပင်တွေပါနေတာမျိုးပေါ့။ ကိုယ်ရိုက်ခဲ့ဘူးတဲ့ပုံတွေပြန်ကြည့်ရင်းလဲ လေ့ကျင့်လို့ရပါတယ် ဒါမပါရင်ပိုကောင်းလာမှာဆိုတာမျိုးပေါ့။  ကိုယ်ကမော်ဒယ်ကိုအသားပေးချင်တယ် ရိုက်နေတုန်းဘေးက လူကဖြတ်သွားတယ်ဆိုရင် ကိုယ့်ပုံမှာ မော်ဒယ်က အဓိက အသားပေးလိုမျိုးမဖြစ်တော့ပဲမော်ဒယ်လှနေရင်တောင် ဘေးကမလိုလားအပ်တာတွေကြောင့် ပုံတွေမလှတော့တာမျိုးပေါ့။ သူငယ်ချင်းကိုပဲရိုက်ပေးရိုက်ပေး နေဝင်တာကိုရိုက်ရိုက် ဘာကိုပဲရိုက်ရိုက် ကိုယ့် frame ထဲမှာ ဘာတွေပါမလဲ ဆိုတာစဉ်းစားပြီး ကိုယ့်ပုံကိုတည်ဆောက်ပါ။ မလိုတာကိုဖယ် လိုတာကိုအသားပေးပြီးရိုက်ရိုက်ကြည့်ပါ။

၃၄။ ကင်မရာကို လှည့်လိုက်ထောင်လိုက်လုပ်ပါ။
အမြဲတမ်း Horizontal shots တွေဆိုပျင်းဖို့ကောင်းပါတယ်။ တခါတလေ ရိုက်နေရင်း vertical ရိုက်ကြည့်ဖို့ကိုလဲမမေ့ပါနဲ့ နေရာတခု လူတစ်ယောက်ကိုရိုက်တာပဲဖြစ်ဖြစ်အလဲကော အထောင်ကော ရိုက်ဖို့လက်က အကျင့်ရပြီးသားဖြစ်ပါစေ။ စိတ်ကသတိထားပြီး ကင်မရာကိုင်တဲ့လက်ကို ညွှန်ကြားပါ။ အလဲကောအထောင်ကော ရိုက်တာက လက်တက်တာမြန်စေပါတယ်။

၃၅။ Leading lines တွေရှာရိုက်ထည့်ရိုက်
ကျွန်တော်တို့ပတ်ဝန်းကျင်မှာ သိသိသာသာ leading lines တွေရော မသိမသာ leading lines  တွေရောရှိနေတာပါ။ နောက်ပြီး ကိုယ့် subject ကို လမ်းညွှန်ပေးမယ့် တစ်ခုခုမပါရင် လဲ ကြည့်သူတွေကဘယ်ဟာကိုကြည့်ရမှာလဲဟဆိုပြီး မျက်စိလည်နိုင်ပါတယ်။ lines တွေကသာလျှင် ပုံတစ်ပုံရဲ့ depth တွေကိုကောင်းကောင်းဖန်တီးပေးနိုင်ပြီး ပိုအနုပညာဆန်လာစေနိုင်တာပါ။ အဲ့လိုရှိနေတဲ့ lines တွေကို မြင်တက်အောင်လေ့ကျင့်ပေးဖို့က ပုံများများကိုကြည့်ပေးဖို့နဲ့နေရာတနေရာရောက်ရင် မြင်တက်လာစေနိုင်မှာပါ။

၃၆။ DOF (Depth of field) ကိုသေချာလေ့လာပါ
ကိုယ့်ရဲ့ composition အတွက် နောက်တခုအရေးကြီးတာက DOF ပါ။ ကိုယ်ရိုက်နေတဲ့အချိန်မှာ ကိုယ့်ရဲ့ DOF ကိုသတိထားပြီး ပုံကိုတည်ဆောက်ပါ။ နောက်ပြီး DOF က လန့်မှာပါတဲ့ အပါချာ နဲ့အဓိကသက်ဆိုင်တာမို့ ကိုယ်ရိုက်နေတဲ့ subject နဲ့ ကိုယ်နဲ့ဘယ်လောက်ဝေးတယ် နောက်ပြီး subject နဲ့နောက်ခံ background ဘယ်လောက်ဝေးတယ်ဆိုတာတွေကို သတိထားရိုက်တာတွေက ပိုမိုကောင်းမွန်တဲ့ပုံတွေကို ရလာစေမှာပါ။

၃၈။ချောင်ချောင်လေးရိုက်
ပုံတစ်ပုံတည်ဆောက်တဲ့အခါ အဲ့ subject အတွက် breathing space ပေးထားပါ။ ဘာကိုပြောချင်တာလဲဆိုတော့ ဉပမာဗျာ ကျွန်တော်က လှေလေးတစ်စီး frame ထဲညာဘက်က စဝင်လာကိုရိုက်မယ်ဆိုရင် သူ့ရဲ့လားရာ ဘယ်ဘက်ကို နေရာတခုချိန်ပေးထားတာမျိုးကိုပြောတာပါ။မဟုတ်ရင်ကြည့်တဲ့သူကတမျိုးကြီးဖြစ်မယ်လေ။ မော်ဒယ်ရိုက်ရင်လဲအဲ့လိုပဲ မော်ဒယ်မျက်နှာမူရာဘက်ကို space နဲနဲချန်ထားပေးတာက ပုံကိုကြည့်သူက ပိုပိုပြီး ပုံကိုစိတ်ဝင်စားလာမယ်လေ။

၃၉။ Fill the frame
ကိုယ်ရိုက်မယ့်ဟာကိုရိုက်လို့ရှိရင်လဲ အရမ်း minimalist ဖြစ်အောင်မရိုက်နဲ့သူ့ဟာနဲ့သူ အထားအသိုလုပ်ချိန်မှာလဲ တချို့ဟာလေးတွေကိုတွဲထည့်ပေး။ ဒါပေမယ့်တွဲထည့်တာက ကိုယ့် Main subject ကိုအနှောက်အယှက်ပေးတာတော့ မဖြစ်စေနဲ့ပေါ့။ မဟုတ်ရင်ကြည့်တဲ့သူက ဘယ်ဟာ မိန်းလဲဟ ဆိုပြီး ရှုပ်သွားမယ်လေ။

၄၀။ Histogram ကိုသေချာဖတ်

တော်တော်များများက သတိမထားမိပဲကင်မရာကို ရိုက်နေကြတာရှိပါတယ်။ အဲ့တာက Histogram လေးပါပဲ။ တကယ်လို့ Histogram ကိုနားလည်အောင် ၁၀မိနစ်လောက်လေ့လာထားရင်ကို တကယ်ရိုက်ချိန်မှာတော်တော်အကျိုးကျေးဇူးကြီးမှာပါ။ Histogram သေသေချာချာလေ့လာထားရင် ကိုယ်ရိုက်တဲ့ပုံက ဆယ်လို့ရသေးလား သွားပြီလားဆိုတာကို ရိုက်ပြီးတာနဲ့တန်းသိနိုင်ပါတယ်။ နောက်တခုသတိထားရမှာက Histogram ဆိုတာက တခါတလေ ပုံရိပ်မှာ ဖမ်းယူရရှိတဲ့အလင်းအချက်အလက်တွေကိုဖော်ပြပေးရုံသက်သက်ဆိုတာပါ။ ဉပမာ High key နဲ့ low key ရိုက်နေချိန်ပေါ့။

၄၁။ Raw + Jepg ရိုက်ပါ
အခုခေတ်ကင်မရာတော်တော်များများက RAW + Jpeg တချိန်တည်းမှာရိုက်လို့ရပါတယ်။ နှစ်ခုလုံးကိုရိုက်သင့်တဲ့အချိန်တွေရှိပါတယ်ဉပမာ Landscape ရိုက်ချိန်လိုပေါ့ ရိုက်တုန်းက ကာလာကဘယ်လိုရှိခဲ့တယ်ဆိုတာကို Jpeg မှာ အနီးစပ်ဆုံးမြင်ရပြီးမှ Raw ကို edit မယ်ဆိုရင် သဘာဝဆန်ဆန် အရောင်တွေရလာမှာပါ။ မဟုတ်ရင် reference လုပ်စရာမရှိဘူးဖြစ်နေမယ်လေ။

၄၂။ Burst mode ကိုဖွင့်ထားပါ။
ကိုယ်ရိုက်နေတဲ့အမျိုးအစား ဉပမာ မော်ဒယ်တို့ တိရိစ္ဆာန်လေးတွေရိုက်တာတို့ဆိုရင် single shot ထက် burst ကိုထားပြီးရိုက်တာပိုကောင်းပါတယ်။ ရှတ်တာကောင့်တော့တက်တာပေါ့လေ။ ဒါပေမယ့် အမိုက်စား mood လေးတွေကိုဖမ်းမိနိုင်တယ်ဗျ။

၄၃။ Mode တွေကိုလှည့်လှည့်ပြီးသူ့နေရာနဲ့သူသုံး

Aperture priority – A သို့မဟုတ် Av ဆိုပြီးကင်မရာ mode dail လေးပေါ်မှာပါလေ့ရှိပါတယ်။ DOF ကို ထိန်းချုပ်လိုပါက သို့မဟုတ် ကိုယ့်ဓာတ်ပုံရဲ့ subject ကို အာရုံစူးစိုက်မှု ပိုပြနိုင်ဖို့ဆိုရင် ဤမုဒ်ကို အသုံးပြုပါ

Shuuter priority – S သို့မဟုတ် TV ဆိုပြီး ကင်မရာ mode dail လေးပေါ်မှာပါပါတယ်။ wild life တို့ sport တို့ဆိုရင်သုံးပါ။

Program mode – auto mode ပါပဲ အချိန်မရဘူး ခပ်သွက်သွက်သွားရင်းလာရင်းရိုက်ရတာမျိုးဆိုရင်သုံးသင့်ပါတယ်။
အသေးစိတ်ကိုကျွန်တော့် Youtube https://bit.ly/essentialmodes မှာကြည့်လို့ရပါတယ်။

၄၅။ White balance ကိုသတိထားပြီးချိန်
အလင်းရောင်ကိုမျက်ခြေမျက်စေနဲ့ အလင်းရောင်ပြောင်းသွားပြီဆိုတာနဲ့ WB ပြန်စစ်ဖို့သတိရပါ။ အမြဲAuto ထားတာအမြဲမကောင်းဘူး။ ကျွန်တော်တို့မျက်လုံးတွေက အလင်းပြောင်းသွားတာကိုမူတည်ပြီးချက်ချင်းဆိုသလို လိုက်ချိန်ညှိနိုင်ပေမယ့် ကင်မရာ sensor ကတော့အဲ့လိုမဟုတ်ဘူးလေ။