ခရီးသွားရင် ဓာတ်ပုံလှလှလေးတွေ လိုချင်သူ ဒါမှမဟုတ် မန်မိုရီလှလှလေးတွေသိမ်းထားချင်သူတို့အတွက် ၁၂ ချက်

 

ကျွန်တော်တို့မြန်မာနိုင်ငံမှာတနေ့ထက်တနေ့ခရီးသွားတာတွေခေတ်စားလာပါတယ်။ ပြည်တွင်းသာမကပြည်ပထိပါ ခရီးသွားလာသူတွေများပြားလာပါတယ်။ အဲ့လိုခရီးသွားချိန်မှာ ဓာတ်ပုံရိုက်ရတာ ဓာတ်ပုံအရိုက်ခံရတာဝါသနာတွေပါတဲ့လူုတွေ ရှိပါတယ်။ အဲ့လိုလူတွေထဲမှာကျွန်တော်လဲပါတယ် ။ ကဲဝါသနာရှင်တွေအားလုံး ကျွန်တော်လဲ ကျွန်တေ်ာခရီးသွားတိုင်း ကြံရတဲ့အတွေ့အကြုံတွေကိုမျှဝေပေးပါရစေ။ ပုံမှန်ဆိုကျွန်တော်က ကင်မရာဆက်တင်တွေ လန့်တွေ ပစ္စည်းတွေရိုက်နည်းတွေချည်းရေးဖြစ်တာများပါတယ်။

ကဲစလိုက်ကြစို့

 

ဘယ်ကစရမလဲဆိုတော့

 

၁။ မနက်စောစောထပါ

ပြည်တွင်းခရီးမှမဟုတ်ဘူး ပြည်ပခရီးသွားရင်လဲစောစောထဖို့လိုပါတယ် ။ ခရီးစဉ် schedule ကိုလဲသတိထားလိုက်နာရမယ်လေ ကိုယ်က အကယ်လို့ package tour နဲ့ခရီးသွားနေတဲ့သူဆိုရင်ပေါ့ ။ ကိုယ့်ဟာကိုဒီအတိုင်းသွားတယ်ဆိုရင်လဲ မနက်စောစောထရင် အဲ့ကိုယ်ရောက်နေတဲ့ဒေသရဲ့ နေထွက်ချိန်အလှကိုခံစားလို့ရသလို နေထွက်ချိန်နဲ့အတူ ဓာတ်ပုံလှလှလေးတွေရိုက်လို့ရပါတယ်။ နေကိုမျက်နှာမူပီး ကျောဘက်က ရိုက်တဲ့ Instagram pose လေးတွေကလဲခေတ်စားနေတယ်မို့လား။

 

၂။ မသွားခင်ကြိုလေ့လာပါ

package tour နဲ့သွားမယ်ဆိုရင်လဲ ဘာတွေပါလဲဘယ်နေရာတွေပါသလဲ နေ့လယ်စာစားချိန်ကဘယ်အချိန်လဲစသဖြင့်လေ့လာထားရပါမယ်။ ပြီးတော့ တက်နိုင်ရင် သတိတရ နေဝင်ချိန်နဲ့နေထွက်ချိန်တွေကို အင်တာနက်ကနေလေ့လာသွားပါ အဲ့လိုလေ့လာထားခြင်းအားဖြင့်  နေဝင်ခါနီးပြီဘယ်လိုရိုက်ရင်လှမယ်ဆိုတာစဉ်းစားမိမယ်လေ။ ဘယ်နေရာမှာသူများတွေဘယ်လိုရိုက်ကြတယ်ဆိုတာကိုကြိုကြည့်သွားရင်ကိုယ့်အလှည့်ကျရင် ပိုပြီး smart ကျကျ ကိုယ်ပိုင်စတိုင်နဲ့ပုံတွေရိုက်လို့ရပြီပေါ့။

 

၃။ ကင်မရာဖြစ်စေ ဖုန်းဖြစ်စေကိုကြိုပြီးကိုင်တွယ်တက်အောင်လေ့လာထားပါ

 

ဖုန်းကင်မရာတွေကလဲလျော့တွက်လို့မရပါဘူး portrait mode တွေ wide mode တွေစသဖြင့် ပါလာပြီမို့ သေသေချာချာလေ့လာထားသင့်ပါတယ်။ ဥပမာ portrait mode ကဘယ် နှစ်ပေကစဝင်တာလဲ ကိုကြိုသိထားရင်ဓာတ်ပုံရိုက်ခါနီးရှေ့တိုးလိုက်နောက်ဆုတ်လိုက်ဖြစ်မှာမဟုတ်တော့ဘူးလေ။ကင်မရာ ကိုလဲ အင်တာနက်က နေ ဘယ်လိုတွေရိုက်လို့ရတယ် ဘယ်လို Function တွေပါတယ်ဆိုတာ ကြိုလေ့လာထားသင့်ပါတယ်။သိရှိထားမယ်ဆိုရင်အရမ်းကိုအဆင်ပြေမှာပေါ့ ကင်မရာလေးနဲ့ခရီးထွက်တဲ့အခါ။ မဟုတ်ရင် ဘာလာလာ auto နဲ့ရိုက်လာခဲ့ရလိမ့်မယ်။

 

၄။ တည်းမယ့်နေရာ ပတ်ပတ်လည် ကိုလဲ အင်တာနက်ကနေကြိုလေ့လာပါ

အဲ့တာအရေးကြီးတယ်ကျွန်တော် Cambodia ရောက်တုန်းကဆိုရင် တည်းမယ့်ဟိုတယ်နဲ့ ဘာတွေဘယ်လောက်နီးလဲဘာတွေရှိလဲကိုကြိုကြည့်ထားတော့ အင်တာနက်ကနေကိုယ့်ဟာကိုယ်ခရီးကြိုထွက်ထားရသလိုပါပဲ။ ဘယ်နားဘာတွေရတယ်ဆိုတာသိရတယ်လေ။ ကျွန်တေ်ာဆိုကြိုကြည့်ထားတော့ ညဈေးတန်းလေးတွေဘယ်နားရှိတာ တွေ စားသောက်ဆိုင် ကောင်းကောင်းတွေဘယ်နားရှိတာတွေကိုလေ့လာခွင့်ရခဲ့တယ်။

 

၅။ သူများတွေရဲ့ခရီးသွား Blog post တွေကိုဖတ်ပါ

 

သူများတွေခရီးသွားရင်ရေးရေးလာတက်ကြတဲ့အတွေ့အကြုံတွေကိုဖတ်ပါ။ နောက်တခုကျွန်တေ်ာလုပ်တက်တဲ့အကျင့်တခုက ကျွန်တေ်ာ ဓာတ်ပုံပြပွဲတွေဆိုရင်ကျွန်တော်ရောက်အောင်သွားပြီး သူတို့ရိုက်လာတက်တဲ့ရူ့ခင်းတွေကိုကြည့်တယ် အော်ဒီဒေသက တော်တော်သာယာပါလား သွားဦးမှလို့ စဉ်းစားတယ် ။အဲ့လိုနဲ့ခရီးတွေထွက်ဖြစ်ကုန်ပါလေရော။

 

၆။ အဲ့ဒေသကို ခံစားကြည့်

လျှာနဲ့လဲခံစားခဲ့ဦး ဒေသထွက်အစားအစာတွေက စားနေကျနဲ့တူမှာမဟုတ်ဘူး စားလဲစား ဓာတ်ပုံလဲရိုက်ပေါ့။ အရမ်းအေးတဲ့ဒေသတွေမှာ ပူပူနွေးနွေး အစားအသောက်တွေရှိတက်ပါတယ် အစားစားရင်း ဒေသကိုခံစားကြည့်ပေါ့

လူတွေကိုဓာတ်ပုံရိုက်မယ်ဆိုရင်လဲခွင့်တောင်းပြီးတော့မှရိုက်။ ရိုးရာဝတ်စုံတွေဝတ်ထားတဲ့လူတွေနဲ့တူတူတွဲပြီးဓာတ်ပုံရိုက်ခဲ့ဦး။ အဲ့ဒေသ ရဲ့စကားကိုမကျွမ်းဘူးဆိုရင် ဂိုက်တစ်ယောက်တော့ငှားထားပေါ့ဗျာ။

 

၇။ပေါ့ပေါ့ပါးပါး ခရီးသွား

 

တကယ်ဆိုရင် OLOB ( one lens , one body ) ဆိုရင်လံလောက်တာများပါတယ် Lens ကတော့ canon ဆိုရင် 24-105mm လို 18-135mm စသဖြင့် multi focal length lens လေးတွေဆာင်ထားပေါ့ဗျာ။ ပေါ့ပေါ့ပါးပါးခရီးသွားလေလေ ဓာတ်ပုံများများ မှတ်တမ်းများများဖန်တီးနိုင်လေပဲလေ။ အိတ်ကြီးလေးလို့ခဏနားဦးမယ်ဆိုဂွမ်းပြီလေ။ မိန်းကလေးတွေဆိုပိုဆိုး သူတို့က မိတ်ကပ်အိတ်တောင်သပ်သပ်ပါသေးတယ။်

၈။ အကုန်တခါတည်းမရချင်နဲ့

 

နိုင်ငံတစ်နိုင်ငံကိုသွားလည်တယ်ဆိုပါတော့ အကုန်လုံးကို နေရာတွေကို တရက်တည်းအပြတ်သွားလည်လိုက်မယ်လို့မတွေးနဲ့ဗျ အချိန်ယူသင့်တယ် တွက်ကြည့်လို့ ၃နေရာပဲလည်လို့ရမယ်ဆိုလဲ ၃နေရာကိုပဲ သေသေချာချာအချိန်ယူပြီးလည် ။မြန်မာပြည်မှာ ဘုရားဘူးကားသွားသလိုမလုပ်နဲ့ဗျ။ ဘုရားသမိုင်းတောင်ရှင်းပြဖို့နေနေသာသာ လာလာဆင်းဆင်း ကန်တော့ကန်တော့ ဆုတစ်ခုပဲတောင်း များများတောင်းရင်အချိန်ကြာတယ်ဆိုတာမျိုးလုပ်ရင်တော့ ပုံကောင်းကောင်းမပြောနဲ့ ဘာဆိုဘာမှရလိုက်မှာမဟုတ်ပါ။ အချိန်ပေးပြီးလည်ပါ။

 

၉။ တခါတလေ ကင်မရာကိုလွယ်ရုံပဲလွယ်ထားပါ

နေရာတခုကိုရောက်ရင် မျက်စိနဲ့လည့် ရင်ထဲထိအောင်ဓာတ်ပုံရိုက်ပါဦး ကင်မကနေချည်းချောင်းကြည့်နေရင်ကိုယ့်ပတ်ပတ်လည်မှာဘာတွေဆိုတာကို လွတ်သွားတက်တယ်ဗျ။ကျွန်တေ်ာလဲဖြစ်ဘူးတယ် နိုင်ငံခြားက ညဈေးတခုကိုရောက်တော့ ဟုတ်ပဟ ဆို prime lens ကြီးတပ်ပြီးတော့ ဆော်တာဆော်တာ ညဈေးကထွက်လာတော့ သူငယ်ချင်းတွေက မုန့်ကိုယ်စီနဲ့ ကျွန်တေ်ာကလက်ဗလာ ပိုဆိုးတာက သူတို့ကိုင်ထားတဲ့မုန့်ဘယ်နားကဝယ်လာလဲပြန်မေးရတာ။အဲ့တာကြောင့်ပြောတာ ကင်မရာကိုတခါတလေလွယ်ရုံပဲလွယ်ထားဆိုတာ။

 

၁၀။ ဆင်ခြေမပေးပါနဲ့ သင်လုပ်နိုင်ပါတယ်

 

ကင်မရာကောင်းကောင်းသာရှိရင် ဆိုတာမျိုးတွေ လန့်ကောင်းကောင်းသာရှိရင်ဆိုတာမျိုးတွေ မပြောပါနဲ့ ဖုန်းကင်မရာတစ်လုံးနဲ့ ဓာတ်ပုံလန်းလန်းတွေရိုက်ြ့ပီးပြန်လာသူတွေလဲအများကြီးပါ။

ကင်မရာကောင်းကောင်းရှိရင်ပိုမိုက်တာပေါ့ဗျာ ဒါပေမယ့် ကင်မရာကောင်းကောင်းအတွက်ပိုက်ဆံသုံးလိုက်ရလို့ ခရီးမထွက်နိုင်တဲ့သူတွေလဲ ဒုနဲ့ဒေးဆိုတာသတိရပါ။

 

၁၁။ သူခိုးရန်ကကာကွယ်ပါ

ဘယ်လိုနေရမျိုးဖြစ်ဖြစ် သူခိုးဆိုတာရှိတက်ပါတယ်။ ကာကွယ်ပါ အနီးကပ်ဆုံးမှာပဲကင်မရာကိုထားပါ။  ကင်မရာဆိုတာက ခိုးပြီးပြန်ရောင်းရင်တောင်ပိုက်ဆံကောင်းကောင်းရတက်တဲ့အတွက် သူခိုးတွေဓာတ်ကျတက်တာမျိုးပါ။ ကိုယ်နဲ့မကွာထားပါ။ ကင်မရာကိုအမှတ်တမဲ့မေ့ကျန်တာ တင်ထားခဲ့မိတာမျိုးမဖြစ်စေပါနဲ့။

 

 

၁၂။ ခရီးသွားတာကိုမရပ်လိုက်ပါနဲ့

ခရီးအမြဲထွက်ပါ ဓာတ်ပုံတွေလဲအမြဲရိုက်နေပါ ။လူသားဆန်ပါစေ။ဈေးကြီးပြီး လူတိုင်းသွားတဲ့နေရာကိုသွားမှခရီးထွက်တယ်မခေါ်ပါဘူး ကိုယ်နဲ့ နီးနီးနားနား နေ့ချင်းပြန်ခရီးလိုဟာမျိုးသွားတယ်ဆိုတာကလဲ ခရီးထွက်တာပါပဲ။ ကိုယ်မြို့မှာ ပွဲဈေးတွေဘာတွေရှိတယ်ဆိုလဲ သွားပါလည်ပတ်ပါ။

 

 

အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။

မင်္ဂလာပါကျွန်တော်ကောင်းကောင်းပါ။