ကျွန်တော် နှင့် ရေတံခွန်များ သို့မဟုတ် တောင်တန်းများကိုကျော်ဖြတ်ခရီးနှင်သူဆီသို့

ရေတံခွန်များဆီခရီးသွားခြင်း

=======================================================

မင်္ဂလာပါ ကျွန်တော် ကောင်းကောင်းပါ ။

ရေတံခွန်တွေဆိုတာ ကျွန်တော်တို့မြန်မာနိုင်ငံရေမြေတောတောင်သဘာဝနဲ့ဆိုရင်မရှားလှတဲ့အရာတခုပါ အခုအချိန်ထိတော့ ရေတံခွန်တော်တော်များများဆီကိုသွားရေးလာရေးမလွယ်သေးပါဘူး ။  ဓာတ်ဆရာတွေအနေနဲ့ ရေတံခွန်တွေရောက်ရင်တောင်မရိုက်ပဲနေနိုင်လို့လားပြောကြည့်ကြည့်။ တခုပဲရေတံခွန်တွေရောက်သွားရင် ဘယ်လိုကွန်ပိုဇေးရှင်းချမယ် ဘယ်ဖေတာတွေသုံးမယ် ဘယ်လို ဆက်တင်တွေနဲ့ရိုက်လိုက်မယ်ဆိုတာတွေက ရေတံခွန်ဆီသွားရတဲ့ လမ်းထက်ခက်တက်တယ်။

ကျွန်တေ်ာတို့တွေရေတံခွန်တွေရောက်ရင်ရိုက်ဖို့ကိုပဲ တချို့ကရေထဲကျမှာစိုးတာတချို့ကတော့ဘယ်ကစရိုက်ရမှန်းမသိတာတွေဖြစ်တက်ပါတယ်။  တကယ်တော့ အဲ့လိုဖြစ်တာတွေကို ရှောင်နိုင်ဖို့ ကျွန်တော်ရေတံခွန်ရိုက်နေကျအတွေ့အကြုံလေးကိုဖော်ပြပေးလိုက်ရပါတယ်။

အဟုန်နဲ့စီးဆင်းနေတဲ့ရေတံခွန်ကိုရိုက်တဲ့နေရာမှာ ကျွန်တော်တချိန်လုံး Landscape သမားတော်တော်များများ လုပ်နေကြတဲ့ LE ( Long Exposure ) ရဲ့အခြေခံတွေကိုသိရုံနဲ့ ရိုက်လို့ရနိုင်ပါတယ်။ တခုရှိတာက ကျွန်တော်တို့ LE ရိုက်တယ်ဆိုတာ ညနေစောင်းတွေ နေဝင်ခါနီးတွေပါ ရေတံခွန်ကိုသွားတာကကျတော့ မတူတော့ဘူးလေ နေ့လယ်ခင်းလိုဟာမျိုးကြီးရောက်သွားပြီးရိုက်ကြမှာကိုး။ အဲ့မှာကင်မရာရဲ့ aperture တွေ  shutter speed တွေကိုနဲနဲ ထိန်းညှိပေးဖို့လိုလာပြီဗျ။ တကယ်တမ်း LE လို့သာပြောရတာ။ တခါတလေ ဆိုရင် 1 sec လောက်ထားရင်လဲအိုကေတယ်။ကျွန်တော်ဘယ်လိုရိုက်လဲလို့မေးတဲ့သူတွေအတွက်ကိုလဲ ကျွန်တေ်ာ့ Page လေးမှာ ဗီဒီယိုလေး တင်ထားပေးပါတယ် ကျွန်တေ်ာကိုယ်တိုင် ကျောက်ကြီးရေတံခွန်ကိုရောက်ုတန်းကပါ။

ကျွန်တေ်ာ ဒီ Notes လေးမှာ ဘယ်လို အချက်တွေနဲ့လျှို့ဝှက်ချက်တွေကိုလိုက်နာရင်ရေတံခွန်ပုံကောင်းတွေရနိုင်တယ်ဆိုတာကို ဖော်ပြပေးလိုက်ရပါတယ်။

အဟုန်နဲ့စီးဆင်းနေတဲ့ရေတံခွန်ကိုရိုက်တဲ့နေရာမှာ ကျွန်တော်တချိန်လုံး Landscape သမားတော်တော်များများ လုပ်နေကြတဲ့ LE ( Long Exposure ) ရဲ့အခြေခံတွေကိုသိရုံနဲ့ ရိုက်လို့ရနိုင်ပါတယ်။ တခုရှိတာက ကျွန်တော်တို့ LE ရိုက်တယ်ဆိုတာ ညနေစောင်းတွေ နေဝင်ခါနီးတွေပါ ရေတံခွန်ကိုသွားတာကကျတော့ မတူတော့ဘူးလေ နေ့လယ်ခင်းလိုဟာမျိုးကြီးရောက်သွားပြီးရိုက်ကြမှာကိုး။ အဲ့မှာကင်မရာရဲ့ aperture တွေ  shutter speed တွေကိုနဲနဲ ထိန်းညှိပေးဖို့လိုလာပြီဗျ။ တကယ်တမ်း LE လို့သာပြောရတာ။ တခါတလေ ဆိုရင် 1 sec လောက်ထားရင်လဲအိုကေတယ်။ကျွန်တော်ဘယ်လိုရိုက်လဲလို့မေးတဲ့သူတွေအတွက်ကိုလဲ ကျွန်တေ်ာ့ Page လေးမှာ ဗီဒီယိုလေး တင်ထားပေးပါတယ် ကျွန်တေ်ာကိုယ်တိုင် ကျောက်ကြီးရေတံခွန်ကိုရောက်ုတန်းကပါ။

ကျွန်တေ်ာ ဒီ Notes လေးမှာ ဘယ်လို အချက်တွေနဲ့လျှို့ဝှက်ချက်တွေကိုလိုက်နာရင်ရေတံခွန်ပုံကောင်းတွေရနိုင်တယ်ဆိုတာကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ ကိုယ့်မှာရှိတဲ့ကင်မရာကတင်လုံလောက်နေပြီ

တကယ်ပြောတာ တခါတလေ တချို့ ဓာတ်ပုံဆရာတွေရှိတယ် ပစ္စည်းတွေပေါ်တအားကြီးမှီခိုလွန်းတာဟိုနေရာသွားလဲ ဟိုဖေတာလေး ဟိုလန့်လေးမပါလို့ ဒီနေရာသွားလဲ ဟိုဖေတာလေး ဟိုလန့်လေးမပါလို့ဆိုတာတွေချည်းပြောပြောနေပြီးတော့ ဘာမှ တိတိပပ မရိုက်လာရတာမျိုးလေ။ တချို့ဓာတ်ဆရာတွေကလဲ အချင်းချင်းဆေးထိုးကြတယ် ရေတံခွန်သွားရိုက်မယ်ဆိုရင် ND တွေပါမှရမှာမဟုတ်ရင် LE မရဘူးဆိုပြီးတော့ ။ နားမယောင်နဲ့အာရုံမစိုက်နဲ့အဲ့တာတွေကို။ ထရိုင်ပေါ့တစ်ချောင်း နဲ့ ကင်မရာက manual ရိုက်လို့ရရင်ကိုရနေပြီ။ တကယ်တမ်း Filter နဲ့ရိုက်မယ်ဆိုရင်တောင် တခါတလေ အရိပ်ကျနေပြီးသားနေရာတွေက အရမ်းမဲမှောင်သွားတာတွေရှိတက်သေးတယ်။  ပြီးတော့အလင်းလင်းနေတဲ့နေရာက အရမ်းကြီးကို Harsh ဖြစ်နေလိမ့်မယ်။  တကယ်က ကျွန်တော်တို့ ရေတံခွန်တွေရိုက်တယ်ဆိုတာ နေမထွက်ခင်နဲ့နေမဝင်ခင်က အလင်းကိုထိန်းလို့ရမှာ ဒါပေမယ် ကျွန်တော်တို့ဆီမှာကျတော့သွားရေးလာရေးနဲ့ လမ်းပန်းဆက်သွယ်ရေးတွေကြောင့် ရေတံခွန်တွေကို နေ့လယ်အစောကြီးတွေရောက်ရောက်သွားတယ်လေ။ အဲ့တော့ရေတံခွန်တွေကိုနေ့လယ်တွေရီုက်ဖြစ်ကြတယ်ဆိုပါတော့ဗျာ။  တခုတော့ရှိတယ်ဗျ တချို့ရေတံခွန်တွေက အနောက်ဘက်ကိုမျက်နှာမူတယ်အဲ့တာမျိုးက မနက်စောစောရိုက်လို့အဆင်ပြေမယ် အရှေ့ဘက်ကိုမျက်နှာမူရင်တော့ ညနေရိုက်လို့အဆင်ပြေတာပေါ့ဗျာ ။ဟုတ်တယ်လေ နေကတိုက်ရိုက်ကြီးထိုးမနေရင် ရိုက်ရတာပိုအဆင်ပြေတယ်လေ ။

၂။ ရေတံခွန်တွေကိုအရင်လေ့လာကြည့်ဗျ

လေ့လာကြည့်ဆိုတဲ့နေရာမှာနှစ်မျိုးရှိတယ် တမျိုးက အင်တာနက်တွေ ရောက်ဖူးတဲ့လူတွေကို မေးမြန်းပြီးလေ့လာတဲ့အပိုင်းနဲ့ ရောက်ပြီးတော့မှ ဘယ်ကဘယ်ကိုရေစီးသလဲ ဘယ်ရေတံခွန်ကလှလဲ ကျောက်တုံးတွေရဲ့ texture ကဘယ်လိုလဲဆိုတာကိုလေ့လာဗျ။ အဲ့လိုနှစ်ပိုင်းရှိတယ်။ ဒုတိယဟာကစပြောရမယ်ဆိုရင် ကျွန်တော်တို့ ရေတံခွန်ကို သေသေချာချာလေ့လာကြည့်တော့မှ  shutter speed ဘယ်လောက်လိုတာလဲ ဆိုတာကိုမှန်းလို့ရမယ်လေ။  ကျွန်တော်အကြံပေးချင်တာက ရေတံခွန်တခုမှာ နှစ်ပိုင်းရှိတယ်ဗျ အကြမ်းပိုင်းန     ဲ့အနုပိုင်းဗျ ရေတွေအရှိန်နဲ့ ဝုန်းဒိုင်းကျနေတဲ့နေရာကိုအကြမ်းပိုင်းလို့ခေါ်ပြီးတော့ အဟုန်မှန်မှန်လေးနဲ့ညင်ညင်သာသာစီးဆင်းနေတဲ့နေရာလေးကိုကျတော့ အနုပိုင်းလို့ခေါ်တယ်ဗျ။ အနုပိုင်းကိုရိုက်ချိန်နဲ့ အကြမ်းပိုင်းကိုရိုက်ချိန်တွေမှာထားရမယ့် Shutter speed မတူဘူးဗျ။ ကျွန်တေ်ာကတော့ အရင်ဆုံး ကင်မရာရဲ့ ISO ကိုနဲနိုင်သမျှနဲအောင်ထားပြီးအပါချာကျစ်ကျစ် (အပါချာနံပါတ်ကြီးကြီးနဲ့) အရင်ရိုက်ကြည့်တယ်ဗျ။ ဒါပေမယ့် တခုရှိတာက Sharp အဖြစ်ဆုံးက f8 ကနေ f11 ဆိုတာပါ။ ဆိုပါတော့ ကျွန်တော်က f11 နဲ့ရိုက်တယ်ဆိုရင် ISO ကို ၁၀၀ မှာထားပြီးတော့ သူနဲ့ကိုက်မယ့် shutter speed ကို လိုက်ထားကြည့်တယ် အဲ့လိုလုပ်လို့မှမရရင်တော့ filter တွေရဲ့အကူအညီကိုယူရတော့တယ်ဗျ။ အနုတွေကိုရိုက်ရတာတကယ်စိတ်ရှည်စရာပါ။

လာပြီရေတံခွန်အကြီးကြီးတွေ ကိုရိုက်ရင်တော့ ကျွန်တော် ကျွန်တေ်ာ့ရဲ့  shutter speed ကို အကြာကြီးမဖွင့်တော့ဘူး ရေတွေဝုန်းဒိုင်းကျနေတာအရမ်းထူထူကြီးဖြစ်သွားမှာစိုးလို့။ အဲ့လို အနုနဲ့အကြမ်းရိုက်ပုံတွေကကွာတယ်ဗျ။ တခုတော့ရှိတာပေါ့ ကျွန်တေ်ာ မြိတ်မှာကြုံခဲ့ရတဲ့ရေတံခွန်မျှင်မျှင်လေးဆိုရင်တော့  shutter speed ကိုကြာကြာဖွင့်ထားမှရမယ်လေ။  ကျွန်တော်အပေါ်မှာ ပြောခဲ့လို့ aperture ကို 22 တို့ဘာတို့လို ကျဉ်းကျဉ်းလေးမသုံးရဘူးဆိုတာမဟုတ်ပါဘူး။ သုံးလို့ရပါတယ် sharpness တွေကျမယ်ဆိုတာကလဲအမှန်ပါ ဒါပေမယ့် ကိုယ်တိုင်စိတ်ကြိုက်ပုံတခုမှာ ကိုယ်တိုင်ကြိုက်လို့ရွေးခြယ်တဲ့အပါချာက အကောင်းဆုံးပါ။


အင်တာနက်ကနေလေ့လာတယ်ဆိုတဲ့နေရာမှာလဲ ဘယ်လမ်းတွေကသွားလို့ရလဲ ဘယ်လိုမြို့လေးရွာလေးတွေနဲ့နီးလဲစသဖြင့်ြ ကည့်ဖို့လိုပါတယ် နောက်တခုက မိုးရာသီမှာပဲရေရှိတဲ့ရေတံခွန်လား နွေရာသီသွားရင်အဆင်မပြေဘူးလားစသဖြင့် ရောက်ဖူးတဲ့လူတွေကိုမေးပါ နောက်ပြီးတော့အစားအသောက်အဆင်မပြေဘူးဆိုရင် ကိုယ့်ဟာကိုယ် တခုခုစီစဉ်ပြီးယူသွားမှအဆင်ပြေပါလိမ့်မယ် ။  ရောက်ဖူးတဲ့လူတွေတွေကိုဘယ်လိုလဲ  ဘယ်လိုသွားရလဲ ဘယ်လောက်ကြာလဲဘာကားနဲ့လဲ စသဖြင့်စေ့စပ်သေချာအောင်တော့မေးဖို့လိုပါလိမ့်မယ်။ မဟုတ်ရင် ကိုယ်သွားမှတိုင်ပတ်နေနိုင်ပါတယ်။

၃။ သစ်ပင် တွေသစ်ရွက်တွေ သစ်ကိုင်း တွေကိုသတိထား

ကျွန်တော်တို့ မြန်မာနိုင်ငံက ရေတံခွန်အများစုက သစ်တောတွေတောတောင်တွေကြားမှာရှိတာပါ ဟင်းလင်းပြင်ကြီးမှာရှိတယ်ဆိုတာရှားပါတယ် အဲ့မှာကျွန်တော်တို့တွေက သစ်ပင်တွေကြားကရိုက်ရတာမျိုးတွေ ဒါမှမဟုတ် သစ်ပင်သစ်ရွက်လေးတွေကို foreground ခံပြီးရိုက်တာမျိုးလေးတွေလုပ်မိတက်ကြပါတယ် တချို့ကလဲ ကံကောင်းချင်တော့ သစ်ရွက်တည်တည်ငြိမ်ငြိမ်လေးနဲ့ ပုံလေးတွေရတယ် တခါတလေကံမကောင်းရင်တော့ ပုံတစ်ပုံလုံးမှာ ရေကိုချည်းအလှုပ်ထားပြီးရိုက်တဲ့နေရာမှာ သစ်ရွက်သစ်ကိုင်းလေးတွေကလဲ ဝင်လှူပ်နေရောပဲဖြစ်ရော။ အဲ့တာကြောင့်သစ်ပင်လေးတွေကိုထည့်ရိုက်မယ်ဆိုသတိထားရမယ်ဗျ။  တခုတော့ရှိတာပေါ့လေ အချိန်သေသေချာချာရမယ်ဆိုရင် Exposure bracketing လုပ်လို့ရပါတယ် သစ်ရွက်တွေငြိမ်အောင် shutter speed တခုနဲ့ရိုက်ပြီးရင် ရေအတွက် LE ပြန်ဆွဲပေါ့။ အိမ်ပြန်ရောက်တော့မှ  ဖိုတိုလျှော့ မှာ layer mask သုံးပြီးတော့ထပ်ပေတော့။ ကျွန်တော်နောက်မှ Layer mask တွေသုံးတာကိုရေးဦးမယ်ဗျ။

၄။ တိမ်ထူမထူအရင် ကြည့်ဦး

ကင်မရာကနားလည်တာက မှောင်တယ်လို့ထင်လေလေ shutter speed ကိုလျှော့ချပေးလေမဟုတ်လား တိမ် ထူတဲ့နေ့တို့တိမ်တွေများလို့အရိပ်ကျနေတဲ့အချိန်ဆိုရင် shutter speed ကို ခါတိုင်းနေသာချိန်ထက်ပိုပြီးတော့ လျော့ချလို့ရတယ်လေ။ နောက်တခုအားသာတာက အလင်းရောင်ကလဲ soft box ခံထားသလို soft light ဖြစ်နေမှာမို့ ကျောက်တုံးတွေရဲ့ texture တွေ ပြီးတော့ စူးရှအရောင်ရှိတဲ့အရာတွေက ပိုမိုထင်ပေါ်လာမှာပါ။ အဲမေ့လို့ တိမ်တွေကမိုးသားတိမ်တွေဆိုရင်တော့ ကျွတ်ကျွတ်အိတ်ဆောင်သွားဗျ။မဟုတ်ရင်မလွယ်။ ဝုန်းဒိုင်းဆိုမိုးရွာချရင်လဲ ရေတံခွန်ထဲမှာမနေနဲ့တော့ဗျ အပေါ်တက်တော့ တောင်ကျရေဆိုတာပြောလို့ရတာမဟုတ်ဘူး။  လူပါမျောသွားတက်တယ်ဗျ။  နောက်တခုရှိတာက ရေတံခွန်ကို သစ်ပင်တို့ဘာတို့လိုအမြင်တနေရာရှိရင်အဲ့နေရာကရိုက်ဗျာ မြင်ကွင်းလဲကောင်းမယ်အန္တရယ်လဲကင်းမယ်လေ။ တကယ်ပြောတာ အလေ့အကျင့်နဲ့ ဒူပေဒဏ်ပေခံဖို့တော့လိုတယ်ဗျ။  ကျွန်တော်အကြံပေးချင်တာက ဉာဏ်နဲ့ယှဉ်တဲ့စွန့်စားမှု့တွေလုပ်ပြီး ဓာတ်ပုံကိုရိုက်ပါဗျ။ ပြီးတော့ကိုယ်နေတဲ့နေရာနဲ့ နီးနီးကပ်ကပ်ဆိုရင် မနက်တမျိုး နေ့လယ်တမျိုး ညနေတမျိုးရိုက်ကြည့်ကြည့်ဗျ။ ဒါပေမယ့်များသောအားဖြင့်ရေ တံခွန်တွေက နောက်တခါပြန်လာရိုက်ဖို့မလွယ်လောက်အောင်လမ်းပန်းဆက်သွယ်ရေးခက်ခဲကြပါတယ်။

အဲ့လိုအချိန်မျိုးကျတော့မှ Filter တွေက လုံးဝအသုံးဝင်လာတာ။

၅။ Filter တွေသုံးချိန်တန်မတန်

နောက်တခါပြန်သွားဖို့မလွယ်တဲ့ရေတံခွန်တွေကျတော့ ဘယ်လိုမိုက်အောင်ရိုက်မလဲဆိုတော့ ကျွန်တော်တို့လိုချင်တဲ့ exposure value ရအောင် Filter ကိုခံပြီးတော့ရိုက်လို့ရပါတယ်။ ND filter တွေဆိုတာ ကင်မရာရဲ့ lens ထဲကိုဝင်နေတဲ့အလင်းကို သူ့ရဲ့ သတ်မှတ်ထားတဲ့ level အလိုက် လျှော့ချပေးတဲ့မှန်ချပ်လေးတွေပါ။ဥပမာပြောရရင် ND 2 တွေက ကင်မရာထဲကိုဝင်ရောက်တဲ့အလင်းကို one stop လျော့ချပေးပါတယ် ND 4 ကတော့ နှစ်ဆင့်စသဖြင့်ပေါ့။ One stop တို့ two stop တို့မသဲကွဲဘူးဆိုရင်ကျွန်တေ်ာရေးခဲ့ဘူးတဲ့ notes တွေထဲက  ကျွန်တေ်ာနှင့် exposure triangle ဆိုတဲ့ဟာမှာ ပြန်ရှာဖတ်ကြည့်လို့ရပါတယ် ကျွန်တော့ facebook Page Oscar Photography မှာရှိပါတယ်။ Filter မှန်ချပ်မဲလေလေ shutter speed ကြာကြာရလေလေပါပဲ။

ဟုတ်ပြီ shutter speed ကြာကြာရတော့ဘာလုပ်လို့ရလဲဆိုတော့ ကျွန်တော်တို့ ရေတံခွန်တွေကိုရိုက်တဲ့အချိန်မှာအများကြီးအသုံးဝင်လာပါတယ်။ ကျွန်တော်က တော့ 10 stop လျော့ချတဲ့ Big stopper ကိုသုံးပါယ် LEE အမှတ်တံဆိပ်ပါ။ တချိူ့ filter holder တွေက မှန်ချပ်တချပ်ထက်ပိုပြီးတော့တပ်ဆင်လို့ရပါတယ်။  polarizer တွေရှိရင်သုံးပါ သူကိုသုံးရင်အားသာချက်တွေရှိတယ် ရေမှာအလင်းပြန်တာတွေလျော့ကျမယ်ပြီးရင်အရောင်စိုစိုလေးတွေပိုရမယ်လေ။Filter တွေအကြောင်းအသေးစိတ်ကို ကျွန်တေ်ာနှင့် filter များမှာဖတ်ကြည့်လို့ရပါတယ်။ တခုတော့သတိထားပါ မှန်ချပ်တွေမဟုတ်ပဲ နဲ့ circular တို့ screw-in တို့လိုဟာတွေဆိုရင် vignetting ဖြစ်တက်လို့ပါ။ Vignetting ဆိုတာ ပုံရဲ့ ထောင့်တွေမှာ မဲနေတာကိုဆိုလိုတာပါ။ သေချာတယ်လေ နေကပြင်းပြင်း လင်းလင်းထင်းထင်းကြီးဆိုရင်တော့ ဖေတာတွေသုံးကိုသုံးရတော့မယ်လေ။ အဲ့လိုသုံးတဲ့အချိန်မှာလဲ ကျွန်တေ်ာအထက်ကပြောခဲ့သလို  ဘယ်လို shutter speed ထိချိန်ညှိလိုက်မယ်ဆိုတာတကယ့်  စိတ်ဝင်စားစရာ တွေးစရာပါ။ အရင် shutter speed ကို  1 sec လောက်ထားပြီးတော့ အရင်ရိုက်ကြည့်ကြည့် ပြီးရင် LCD ကနေ ဘယ်လိုနေလဲ ဘာလိုလဲပြန်ကြည့်ပြီးရင်ပြန်ရိုက် တိုးသင့့်တိုးချသင့်ချပေါ့။ ရေတံခွန်ရိုက်ရာမှာ correct exposure နောက်ကိုမလိုက်ပါနဲ့တက်နိုင်ရင်ကိုယ့်ဟာကို exposure တွေဖန်တီးကြည့်ပါ။

၆။ Manual လား TV လား

ကိုယ့်အကြိုက်နဲ့ပဲဆိုင်မယ်လို့ကျွန်တေ်ာထင်တယ်ဗျ ဒါပေမယ့်ကျွန်တော်က တော့ M ကိုပိုပြီးတော့ကြိုက်တယ် ကိုယ်လက်ထဲမှာ Aperture Shutter ISO သုံးခုလုံးက နိုင်နိုင်နင်းနင်း ထိန်းချုပ်မုှ့ရှိလို့ဗျ။ TB  ကတော့သင့်တော်ပါတယ် အချိန်မရတာမျိုးဒါမှမဟုတ် ရေတံခွန်တွေကို လက်စမ်းစရိုက်တာမျိုးတွေဆိုတဲ့နေရာမှာ။ cable release လေးတော့ဆောင်ထားနော် ရှိထားလေကောင်းလေလေပါပဲ ။

၇။ ထရိုင်ပေါ့လိုမလို

လိုတယ် လိုကိုလိုတယ် ။ မာမာခိုင်ခိုင် သံချေးမတက်တဲ့ အလူမီနီယမ်ထရိုင်ပေါ့ဖြစ်လေလေကောင်းလေပဲဗျ။ တချို့အချိန်တွေမှာရေထဲချချရိုက်ရမှာမို့ပါ။ တကယ်ကို ဓာတ်ပုံဝါသနာပါမယ်ဆိုရင် ထရိုင်ပေါ့မာမာတစ်ချောင်းက လိုကိုလိုပါတယ်။

၈။ အဝတ်အစား

အရမ်းအရေးကြီးပါတယ်ဂရုစိုက်ပါ ဘာဝတ်သွားသလဲ က အရမ်းစကားပြောပါတယ်။ ရေတံခွန်မှာ ချော်လဲတာတွေ ပြုတ်ကျတာတွေအများစုက ရေတံခွန်မှာမဝတ်သင့်တဲ့အဝတ်တွေ ဖိနပ်တွေစီးတာကြောင့်မို့ပါ။ ရေတံခွန်တွေကိုသွားမယ်ဆိုရင်  တက်နိုင်ရင် ဖော့ဖိနပ်မစီးပါနဲ့ သားရေဖိနပ်လဲမစီးပါနဲ့ ဖြစ်နိုင်ရင် ခြေထောက်ဗလာနဲ့ရေတံခွန်မှာရိုက်ပါ။ ခြေကုပ်ပိုမြဲပါတယ်။ ဘောင်းဘီဆိုရင်လဲဂျင်းတို့ ဘာတို့အကျပ်တွေမဝတ်သင့်ပါဘူး ဖြစ်နိုင်ရင် ပွပွ ချောင်ချောင်ပဲဝတ်စေချင်ပါတယ်ပေါင်ကားလို့ရလေလေကောင်းလေပါပဲ။တချို့နေရာတွေမှာ ကျောက်တုံးကနေကျောက်တုံးတွေကိုလှမ်းကူးရတာမျိုးတွေရှိလာရင် ကျွန်တေ်ာပြောတဲ့ဘောင်းဘီချောင်ချောင်က အရမ်းအသုံးဝင်ပါလိမ့်မယ်။  နောက်တခုက ဖြစ်နိုင်ရင် ဖုန်းရေစိုခံအိတ်ဆောင်ထားပါ တခါတလေလွတ်ကျတာမျိုးတွေရှိလို့ပါ။ ကင်မရာအိတ်ကို ကျောမှာလွယ်မသွားပါနဲ့ ကမ်းတနေရာ လုံခြုံတဲ့နေရာမှာထားခဲ့ပါ။

တကယ်တော့ရေတံခွန်တွေကိုဓာတ်ပုံရိုက်တယ်ဆိုတာကလဲ အကြိမ်ကြိမ်တနေရာထဲကိုသွားပြီးပြန်ရိုက်ကြည့်တခါရိုက်တိုင်းမတူညီတဲ့ အရသာမတူညီတဲ့စဉ်းစားမုှ့တွေနဲ့အတူပုံအမိုက်စားတွေကိုထုတ်ပေးတယ်။  ရေတံခွန်တွေကိုရိုက်ဖို့ အရည်အချင်းတွေအများကြီးလိုတယ်။ စိတ်ရှည်ရမယ်။ ဘယ်လိုလေ့လာထားသလဲဆိုတာတွေပြီးတော့ ဘယ်လိုနည်းလမ်းနဲ့ရိုက်မယ်ဆိုတာတွေ အထောင်လိုက်လားအလျားလိုက်လားဆိုတာတွေရှိလာတယ်။ တကယ်ကိုကျွမ်းကျင်လာတဲ့အချိန်မှာရိုက်တဲ့ရေတံခွန်တွေက ကြည့်သူသာမက ရိုက်သူကပါစိတ်ကျေနပ်နေမှာပါ။ ကဲအားလုံးရေတံခွန်ပုံအမိုက်စားတွေတူတူဖန်တီးကြပြီး ကမ္ဘာကိုချပြကြရအောင်ဗျာ ။

မင်္ဂလာပါကျွန်တော် ကောင်းကောင်းပါ။