• Light painting photography
တကယ်တော့ အလင်းနဲ့ဆေးချယ်တယ်ဆိုတာ အရမ်းကိုစိတ်ဝင်စားဖို့ကောင်းတဲ့ ဓာတ်ပုံရိုက်နည်းတခုပါ။ ကျွန်တော်ဟိုးလွန်ခဲ့တဲ့ ၁၀နှစ်နီးပါးကတည်းက ဒီဓာတ်ပုံရိုက်နည်းပညာနဲ့ ရင်းနီးခဲ့တာပါ။ တကယ်တော့ ဒီရိုက်နည်းက long exposure နည်းတခုထဲမှာပါပါတယ်။ ကင်မရာကို tripod နဲ့ငြိမ်အောင်ထားပြီးတော့ ရိုက်ကူးရတဲ့နည်းတခုပါပဲ။ အဲ့လိုကင်မရာကငြိမ်နေချိန်မှာ အလင်း ထုတ်လွှတ်ပေးတဲ့အရာတခုခုကို ကင်မရာ ရိုက်ကူးနေချိန်မှာ ပြေးလွှားပုံဖော်ရင် အရမ်းမိုက်တဲ့ပုံတွေရလာတာပါပဲ။
ကဲစလိုက်ကြပါစို့ ဘာတွေလိုသလဲဆိုတော့
၁။ကင်မရာ(သို့မဟုတ်)ဖုန်း
ရိုက်ကူးမယ့် ကင်မရာ သို့မဟုတ် ဖုန်းက manual mode ရရပါ့မယ်။ ပြီးတော့ အလင်းနည်းချိန်မှာ long exposure ဆွဲရတာမို့ noise နိုင်တဲ့ဟာဖြစ်လေကောင်းလေလေပါပဲ။ သေချာတာက ကင်မရာတော်တော်များများမှာ Bulb mode ပါတာမို့ ဖုန်းတွေထက် ကြာကြာရှည်ရှည် အမိုက်စားပုံတွေဖန်တီးလို့ရမှာသေချာပါတယ်။
၂။ Tripod ခိုင်ခိုင်တစ်ချောင်း
ကင်မရာ ကငြိမ်လေလေ sharpness ပိုရလေလေပါပဲ နောက်တခုက ကျွန်တော်ခဏခဏ ပြောသလိုပဲ ထရိုင်ပေါ့ခိုင်ခိုင်မာမာဖြစ်လေလေ ပိုစိတ်ချရလေလေပါပဲ တခါက ကျွန်တော်တို့ ရိုက်နေရင်းနဲ့မှ လူဝင်တိုးမိတော့ ထရိုင်ပေါ့က မာနေတော့လဲမကျပဲနေရာပဲရွေ့ သွား တာဖြစ်ဘူးတယ် ကံကြီးပေလို့။
၃။ အလင်း ထုတ်ပေးမယ့်အရာတခုခု
Light stick တွေဘာတွေ ဝယ်ပြီး painting လုပ်ရင်ပိုမိုက်တာပေါ့ ဝယ်ချင်တယ်ဆိုရင် ( link here ) မှာ ဝယ်ပြီး ကျွန်တော့ အခု album ထဲကလိုပုံတွေရိုက်လို့ရသလို creative ဖြစ်ရင် ဖြစ်သလို အမိုက်စားတွေ မော်ဒယ်တွေနဲ့ပါရိုက်လို့ရပါတယ်။ ဖုန်းတွေ ဓာတ်မီးတွေ ဓာတ်မီးတွေကိုမှ သီတင်းကျွတ်မီးပုံစက္ကူ ကပ်ပြီးရိုက်တာတွေလဲ လုပ်ခဲ့ဘူးပါတယ်။ နောက်ပြီး လေဆာ ပွိုင့်တာတွေနဲ့လဲပုံဖော်လို့ရပါတယ်။ အဲ့တာတွေရှိရင်တော့အကောင်းဆုံးပေါ့။
၄။ Cable release
ကင်မရာကို အဝေးကနေ လှမ်း ရိုက်လို့ရတဲ့ wireless cable release တခုခုရှိရင် အမိုက်ဆုံးပဲဗျာ ကျွန်တော့အတွေ့အကြုံ အရတော့ wireless ကအဆင်အပြေဆုံးပဲဗျ ကျွန်တော် ကိုယ်တိုင်လဲ wireless ပဲ သုံးတယ်။ တခြားဟာတွေက ရိုက်ပြီးပြေးလုပ်နေရတာက အဆင်သိပ်မပြေဘူးလေ။
ကဲလိုအပ်တာတွေပြောပြီးပြီဆိုတတော့ ဘယ်လိုစရိုက်ကြမလဲ ?
• ကျွန်တော်က တော့ ရိုက်မယ့်နေရာကို အရင်စိတ်ကူးထဲမှာအရင်ရိုက်ကြည့်တယ် ဘယ်လို light paint တွေဆွဲလိုက်မလဲ ဘယ် ကိရိယာတွေနဲ့တူတူ လုပ်ကြည့်မလဲဆိုတာမျိုးအရင်စဉ်းစားတယ်။ တခါက မိန်းကလေးတွေ ခါးလှည့်တဲ့ကွင်းမှာ LED မီးရောင်စုံလေးတွေ ထည့်ပြီး light paint လုပ်ကြည့်ဖူးတယ် မဆိုးဘူးပြောရမယ်။ ကဲကဲ အရင်ဆုံး ရိုက်မယ့်နေရာ ကိုရောက်ရင် ဘာမှမလုပ်ခင် ကင်မရာကို အရင် setup လုပ် tripod ကို သေချာနေရာချပြီးရင် iso တင်ပြီးစရိုက်ကြည့် composition သေသေချာချာပေါ်ပြီဆိုတော့မှ iso ကိုလျှော့ချပြီး စရိုက်။ နောက်ပြီး ကိုယ့်ကင်မရာ bound ကို သေချာသိအောင် မြေကြီးကို တခုခုနဲ့ ဟိုဘက်ဘောင် ဒီဘက်ဘောင် အမှတ်အသား တခုခု ဆီလုပ်ထား ဒါမှ ကျော်ထွက်မသွားမှာ။
setting တွေက
ကျွန်တော်က တော့ နေရာအရင် ပထမစမ်းရိုက်တဲ့ ဟာမှာတော့ အရမ်းမှောင်လွန်းနေရင် ISO 3200 လောက်ထိတင်ပြီး 30sec နဲ့ aperture ကိုဖွင့်နိုင်သမျှဖွင့်ပြီးရိုက်လိုက်တယ်။ ဒါမှလဲ အဆင်ပြေတာကိုး။
တကယ်စပြီး light paint လုပ်ပြီဆိုရင်တော့ ISO 100 -400 လောက်ထားတယ် ပြီးတော့ aperture ကို f11 လောက်မှာထားတယ် အရမ်းအကျယ်ကြီးဖွင့်ထားရင်လဲအရမ်းလင်းပြီး ဘာမှသိပ်မပေါ်မှာစိုးလို့ပါ။ f11မှာအသေထားရတာမျိုးတော့မဟုတ်ဘူးပေါ့နော် နေရာဒေသ ပေါ်မူတည်ပြီးပြောင်းပါသေးတယ်။ Shutter speed ကတော့ ၁၀ စက္ကန့်က နေ ၃၀စက္ကန့် လောက်ထိ ထားပါတယ်။ တခါတလေ အပါချာကိုပိုကျစ်ပြီးတော့ bulb နဲ့ဆော်တာတွေလဲရှိပါတယ်။ WB ကိုတော့သတိတရ tungsten ထားရင်ပိုအိုကေတက်ပါတယ်။ ညအရမ်းမှောင်တဲ့နေရာတွေမှာ ဖိုးကပ်ဖြတ်ရတာကလဲ တကယ်ကို စိန်ခေါ်မှု့တခုပါပဲ အပေါင်းအသစ်တွေပါရင်တော့ သူ့ကို ရိုက်မယ့်နေရာသွားရပ်ခိုင်းထားပြီး သူ့ကိုယ်သူမီးနဲ့ထိုးခိုင်းထားပြီး ဒီဘက်ကရိုက်မယ့်ကင်မရာတွေကနေ single point focus နဲ့ focus ဖြတ်ပြီးတော့ lens တွေရဲ့ auto focus ကို manual ပြောင်းပေးလိုက်ပါ။ ဒါဆို ရိုက်မယ့်နေရာက ဖိုးကပ်ဖြတ်ထားပြီးသားဖြစ်နေပါလိမ့်မယ်။ စရိုက်ချိန်မှာ wireless cable release မပါဘူးဆိုရင်တော့ ကင်မရာကနေ ဖြစ်ဖြစ် ဖုန်းကနေဖြစ်ဖြစ် 2sec timer နဲ့ delay လုပ်ပြီးရိုက်ရင်အိုကေမှာပါ။
Ready to shoot:
ရိုက်ကူးနေချိန်မှာဘာတွေသတိထားရမလဲဆိုတော့ကာ ကိုယ်ကိုင်ထားတဲ့ အလင်းထုတ်ပစ္စည်း ဖုန်း ဓာတ်မီး တခုခုက ပေါ့ဗျာ အဲ့ကောင်တွေက ကင်မရာနဲ့ မျက်နှာမူနေမှ ကင်မရာက အဲ့အလင်းကို ပြည့်ပြည့်ဝဝ ဖမ်းယူနိုင်ပြီး အလင်းတန်းရှည်ကြီးတွေရမှာပါ။ နောက်ပြီး အလင်းနဲ့ပုံဆွဲနေချိန်မှာ ကိုယ်က တက်နိုင်ရင် နောက် ကနေ လက်ဆန့်ပြီးဆွဲတာပဲလုပ်သင့်တယ်ဗျ မဟုတ်ရင် ကိုယ့် ခန္တာကိုယ်ပေါ်ကျလာတဲ့အလင်းလေးတွေနဲ့ ရိုက်လို့ရလာတဲ့ပုံမှာ သရဲလိုလို လူအရိပ်တွေပါလာတက်တာမို့ပါ။ ရိုက်ပြီးတဲ့ပုံတိုင်းကိုလဲ zoom ဆွဲပြီးကြည့်ပါ။ လိုရင်ပြန်ရိုက်ပါ။ ဘာလို့တုန်းဆိုတော့ ပြန်ကြည့်မှလင်းလွန်းသွားတာလား မှောင်လွန်းသွားတာလားဆိုတာတွေ သတိထားမိမှာပါ။ ရိုက်တဲ့အချိန်မှာလဲ light paint လုပ်တဲ့သူက ခပ်မြန်မြန် လှုပ်ရှားဖို့လိုပါတယ်။ မြန်မြန်လှုပ်ရှားမှသာလျှင် အလင်းတန်းချောချာမွေ့မွေ့ ပြေပြေပြစ်ပြစ်လေးတွေရမျာဖြစ်ပါတယ်။ point ဓာတ်မီးလိုဟာနဲ့ ရိုက်ရင်တော့ ကင်မရာတည့်တည့်ထိုးလို့မရပါဘူးထိုးရင် ကင်မရာက အလင်းအများကြီးဖမ်းယူလိုက်ပြီး အဖြူရောင်ပုံကြီးပဲရမှာပါ။ မဟုတ်ရင်လဲ lens မှာ flare တွေပဲထွက်နေမှာပါ။ light paint လုပ်တဲ့သူက ဘယ်နေရာထိကင်မရာ ဘောင် ဆိုတာသိလေလေပုံမိုက်မိုက်လေးတွေ ရလေလေပါပဲ။ Histogram ကိုလဲ ဖွင့်ဖွင့်ပြီစစ် ဒါမှ ဘယ်နေရာတွေ ဘန်းသွားတွေ ဘယ်နေရာတွေ under သွားတယ်ဆိုတာသိမယ်။ ကင်မရာမှာ IS ပါရင်လဲပိတ်ထား Lens မှာပါရင်လဲ ပိတ်ထားဗျ။ ထရိုင်ပေါ့နဲ့ရိုက်တာမို့ IS ကသိပ်မလိုဘူး ဖွင့်ထားရင်တောင်အနှောက်အယှက်ဖြစ်မယ်။ တချို့ကင်မရာကြီးတွေမှာပါတဲ့ Long exposure noise reduction ကိုပိတ်ထားသင့်တယ်ဗျ။
Light painting ဆိုတာပေါ်ခဲ့တာတော်တော်ကြာပါပြီ။ google မှာ ရိုက်ထည့်လိုက်ရင်တော့ သစ်ပင်တွေကားတွေ ကို အလင်းနဲ့ပတ်ဆွဲထားတာလေးတွေတွေ့ရမှာပါ။ မျိုးစုံသာစမ်းကြည့်ပါ။
အခုလို စတေးဟုန်းကာလ မှာ ကလိစရာ ရိုက်နည်းတခုဖြစ်ပါစေဗျာ။ ရိုက်ဖြစ်တာလေးတွေလဲ ကျွန်တော့်ဒီ comment box လေးမှာရှဲသွားလို့ရပါတယ်နော်။
မင်္ဂလာပါ ကျွန်တော်ကောင်းကောင်းပါ။