Long exposure ဆိုတာတကယ်တော့ ကင်မရာ က သူရဲ့ sensor ပေါ်ကို lesns က ဖြတ်လာတဲ့ အ လင်းလုံလုံလောက်လောက်မရလို့ လုံလုံလောက်လောက်ရအောင် ကြာကြာ Shutter ကို ဖွင့်ထားတာကိုခေါ်တာပါ ။ အဲ့တော့ shutter ဖွင့်ထားတဲ့အချိန်က နဲနဲကြာတယ်ပေါ့ဗျာ ။ Long exposure နဲ့ရိုက်တဲ့ပုံအမျိုးအစားတွေအများကြီးရှိပါတယ်။ နေ့မှာလဲ filter တွေသုံးပီးရိုက်လို့ရသလို ညမှာလဲ aperture ကျယ်ကျယ် (f2.8 တို့ f3.5တို့လို အလင်းတံခါးကျယ်ကျယ်ဖွင့်တာကိုပြောတာ) ဖွင့်ပီး ရိုက်လို့ရပါတယ်။ Long exposure နဲ့ပတ်သတ်ပီးလိုတာလေးတွေအရင်ပြောမယ်ဗျာ သေချာတာက – ၁။ Tripod ၂။ cable release ၃။ Lens ၄။ Extra Camera Batteries သေချာပေါက်ကိုလိုမယ့်ဟာတွေပါ ။ ၅။ ကင်မရာဗျို့ ကင်မရာ DSLR that allow for long exposure ဟီးအဓိကမေ့သွားလို့ ။ နေ့ဘက်နဲ့ညနေ တွေမှာရိုက်မယ်ဆိုရင်တော့ကင်မရာကလင်းနေတယ်လို့ယူစမှာဖြစ်တဲ့အတွက် Filter တွေသုံးဖို့လိုလာပါပီ ကင်မရာ metering ကို trick ရတာပေါ့ ဟဲ့ဆန်ဆာတွေ့လားနေ့ကြီးပေမယ့်အပြင်မှာမှောင်နေတယ် ရှက်တာကြာကြာဖွင့်စမ်းအလင်းကောင်းကောင်းရအောင်ဆိုတာမျိုးပေါ့ ။ များသောအားဖြင့် Long exposure ကို ညနေဘက်တွေနဲကညဘက်တွေမှာရိုက်ကြတာများပါတယ်။ ကင်မရာရှက်ကိုကြာကြာဖွင့်ထားတာကြောင့်ရွှေ့လျှားနေတဲ့အရာတွေကဝါးသွားပါတယ်။ ရေတွေဆို ပိုးသားပြင်ကြီးလိုဖြစ်သွားတယ်တိမ်တွေဆိုလဲတိမ်မျှင်တွေဖြစ်သွားတယ်။ Long exposure photography က သာမန် photography technique တွေ မလုပ်တဲကအလုပ်တစ်ခုကိုဖန်တီးတယ် အဲ့တာကတော့အချိန်ယူတာပါပဲ ။ ဘာလို့ Long exposure ကိုရွေးလဲဆိုတော့ သူက လုံး၀ Magic ပဲ မှော်ဆန်တယ် ဖန်တီးမှူ ကို ဘယ်လိုဖြစ်လာမယ်ဆိုတာကို မျက်စိနဲ့အရင်ဆုံးဖြတ်ရတယ်ပီးမှ Result ကိုမြင်ရတာ။ ဒီလိုနေဒီလိုရိုက်ဒီလိုထွက် ဆိုတဲ့ typical နည်းတွေထဲကနေ ရုန်းထွက်နေတယ်။ စိတ်ကပဲဖန်တီးမှူ ကိုအရင်မြင်နေရတာလေ ။ ကျွန်တော်တို့မျက်လုံးနဲ့long exposure ရိုက်လို့မရဘူးလေ။ ကျွန်တေ်ာ့အတွက်ဆိုရင်တော့ ဒါဟာ အနုပညာဆန်တဲ့ဖန်တးီမှူတွေလို့မှတ်ယူတယ် ။ Typical long exposure genres ကျွန်တေ်ာမှတ်သားမိသလောက်ဆိုရင် နည်မည်ကြီး Long exposure ရိုက်တာ ၅ခုရှိမယ်ဗျ။ • Landscapes –ရွှေ့လျှားနေတဲ့တိမ်တွေ လိုမျိုး • Seascapes –ပိုးသားပြင်ကြီးလိုဖြစ်သွားတဲ့ရေပြင်ကျယ်တွေလှိုင်းတွေ • Architecture –အဆောက်အဦးတွေပေါ်က ဖြတ်သွားတဲ့တိမ်တွေနဲ့တူ ဒါမှမဟုတ် Cityscape • People – ဒါကတော့ street photography မှာ အသုံးများတယ်လူတွေကဝါးပီး Ghost like appearances တွေဖြစ်သွားတာ ။ • နောက်တခုက Star photography aka Galaxy shot ပေါ့ဗျာ ဒါတွေကတော့ပေါ်ပြူလာအဖြစ်ဆုံး Long exposure အဖြစ်ဆုံး နည်းတွေပါ ဒါပေမယ့် Long exposure က ဖန်တီးမူတွေ Unlimited လုပ်လို့ရတယ်ဆိုတာမမေ့ပါနဲ့။ အပြင် မှာ long exposure ရိုက်လို့ရတဲ့နည်းတွေအများကြီးပါ ကင်မရာကို လိုအပ်တဲ့အလင်းပမာဏတိတိကျကျရဖို့ပဲခက်တာပါ။ စိတ်ရှည်ဖို့နဲ့ဘယ်လိုရိုက်ရမယ်ဆိုတာသိဖို့လဲအရေးကြီးသဗျ။ ကင်မရမှာ BULB mode ပါတာဆိုပိုကောင်းတယ်ပေါ့ဗျာ။ Bulb mode မပါတဲ့ကင်မရာတွေအတွက်က Manual mode ကိုအရင်သွားပါပီးရင် shutter speed ကိုချိန်ပါ အဲ့မှာလှည့်ရင်းလှည်ရင်း ၃၀ ဆိုတာရဲ့နောက်မှာ BULB ဆိုပီးရှိပါတယ်။ ထရိုပေါ့ဆိုရင်လဲ ခိုင်ခိုင်မာမာဆိုရင်ပိုကောင်းပါတယ် ခနောနီခနော်နဲ့ ၃သောင်းတန်လောက်ဆိုရင်တော့ Long exposure လုပ်နေတဲ့အချိန်မှာ ဝါးသွားတွေshake သွားတာတွေဖြစ်နိုင်ပါတယ်။ အမြဲတမ်းBulb နဲ့ရိုက်နေရမယ်လို့တော့မဆိုလိုပါဘူး ။ shutterကိုကစားကြည့်ပေးပေါ့။ တကယ့်ကိုအလင်းပမာဏနဲနဲလေးနဲ့ပုံဖော်သွားတာပါကင်မရာ က ။ သင်ကိုယ်တိုင် Shutter ISO Aperture တွေရဲ့ အကောင်းဆုံးတွဲချိတ်မူကိုရပီဆိုရင်တော့ အသက်ကိုဝအောင်ရှူပီးအံသြမဆုံးတဲ့ ပုံကိုသင်ကိုယ်တိုင်ဖန်တီးလိုက်ပီပေါ့။ ပီးတော့ ငြိမ်ငြိမ်နေ သင်ကင်မရာကို ရိုက်နေတုန်းသွားချစ်ပြမနေနဲ့ သင်ကင်မရာကိုမထိလေလေ shake နဲပီး sharp ဖြစ်တဲ့ပုံတွေရလေလေပဲဗျ။ ပီးတောဖြစ်နိုင်ရင် self timer သုံးဗျာ cable release မရှိရင်။ သုံးကိုသုံးဗျ ။ အဲ့မှာ Filter သဘောတရားနဲနဲရှင်းပြချင်တယ်ဗျ ND ( Neutral Density ) filter ဆိုတာ မျိုး ဒီလိုပါ အလင်းတွေကိုလျှော့ချပေးတယ်ဒါပေမယ့် အရောင်တွေကိုမထိခိုက်စေဘူး နောက်ဆုံးပုံမှာအရမ်းသဘာဝကျတဲ့အရောင်နဲ့ အရမ်းမျက်လည့်ဆန်တဲကscene တွေပေါ်လာတော့တာပေါ့။ ND filter တွေမှာ Stop တွေကိုယ်စီရှိကြတယ်ဗျ အလင်းဘယ်လောက်လောက်တားလဲပေါ်မူတည်ပီး Stop တွေဖန်တီးတယ် ND stop တခုချင်းဆီက factor of 2 နဲ့ အလင်းတွေကိုတားတယ်ဗျာ ။မြှောက်မြှောက်သွားတာ၂နဲ့။   1 stop = 21 = 2 = ND2   2 stops = 22 = 2 x 2 = 4 = ND4   3 stops = 23 = 2 x 2 x 2 = 8 = ND8   4 stops = 24 = 2 x 2 x 2 x 2 = 16 = ND16   10 stops = 210 = 2 x 2 x 2 x 2 x 2 x 2 x 2 x 2 x 2 x 2 = 1024 = ND1024 အဲ့လိုမို့လို့ ပုံမှန် 2-stop ND filter ကို ND4 လို့ခေါ်ကြတာပေါ့ဗျာ။ ND4 က အလင်းဆန်ဆာကိုအလင်းရောက်တာကို ၄နဲ့မြှောက်တယ် ND8 filter ဆိုရင် 8နဲ့မြှောက်တယ်။ and so on။ 10stop လဲရောက်ရော အလင်းပမာဏတွေအားကြီးကလျှော့ချလိုက်ရော factor of 1024 ဆိုတော့ကာ။ သဘောက Shutter speed ကိုအချိန်အကြာကြီးဖွင့်ရမယ့်သဘောပဲ။ အဲ့တာကြောင့်လေရေလှိုင်းတွေကပိုးသားပြင်ကြီးတွေဖြစ်ကုန်တိမ်တွေဆို တိမ်မျှင်တွေဖြစ်ကုန်ရတာပေါ့ Filter နဲ့ဆိုရင်။ ကျွန်တေ်ာ Long exposure နဲ့ပတ်သတ်ပီးအကြံပေးချင်တာလေးတွေရှိတယ်ဗျ ။ ၁။ TRI pod နဲ့သာရိုက်ပါ ။ဘာလို့လဲဆိုတော့ Filter တွေသုံးရတဲ့အခြေအနေတွေဖြစ်လာနိုင်တယ်။ အဲပီးတော့ ထရိုင်ပေါ့ခိုင်ခိုင်မာမာသာဝယ်နော် ပျော့စိပျော့ဖတ်မဝယ်နဲ့ဗျ နောက်မှနောင်တရမယ်။ ဖိုတိုရိုက်တာက BULB နဲ့ဆို၁မိနစ်ထက်ပိုကြာနိုင်တာကြောင့် ခိုင်သထက်ခိုင်မာသထက်မာတာသာရွေးဝယ်ဗျာကျွန်တေ်ာတောင်လောလောဆယ် VANGURD ထရိုင်ပေါ့ပေါချောင်ကောင်းဝယ်မိလို့စိတ်ပျက်နေရတယ်။ ပီးတော့ကင်မရာမှာတပ်ထားတဲ့ ကင်မရာstrap ကို ဖြုတ်ရင်ဖြုတ်မဖြုတ်ရင် ခေါက်ပီးသားရေပင်နဲ့တွဲစည်းထားပါဘာလို့လဲဆိုတော့လေတိုက်ရင်လိုက်လှုူပ်နေလို့လဲမဖြစ်သေးဘူးလေ။ ပီးတော့ တချို့ထရိုင်ပေါ့တွေက weight ဆွဲလို့ရတယ် ဝိတ်မရှိရင်ကင်မရာအိတ်ဖြစ်ဖြစ်ရေသန့်ဘူးဝယ်လာတဲ့အိတ်ဖြစ်ဖြစ်ချိတ်ထားလိုက်ဗျာအဲ့တာလဲဝိတ်ပဲလေ။ ၂။အရင် filter မပါပဲ focusအရင် ဖြတ် မဟုတ်ရင် ကင်မရာက filter တွေကိုဖြတ်ပီးfocus ဖြတ်ဖို့မလွယ်ဘူး။ပီးရင် Metering လုပ် ။ (Metering အကြောင်းကျွန်တေ်ာပို့တခုနဲ့ရေးဘူးပါတယ်) ၃။ဖြစ်နိုင်ရင် M ဒါမှမဟုတ် BUlB လုပ်ထား Mပဲပါတဲ့လူတွေက M ကနေ BULB ပြောင်းလို့ရတယ်။ BULB mode ပြောင်းခိုင်းတာက ကင်မရာကို ၆၀စက္ကန့်ထက်ပိုပီး shutter ဖွင့်ခိုင်းချင်လို့ပြောင်းတာ။ ၄။ remote release ( aka Cable release) ကိုသုံးရင်သူ့ကို ထရိုင်ပေါ့မှာ သားရေပင်နဲတွဲချည်ထားဒါမှမဟုတ် သူ့ကြုးိနဲ့သူကို့ပြန်ပီး ပတ်ထား။ ၅။ ရှက်တာဘယ်လောက်ဖွင့်ရမှာလဲအကြမ်းအဖျင်းတွက်ထား။ ဥပမာ filter မပါပဲ 1/4sec ဆို 10stop filter တခုသုံးမယ်ဆိုရင် ¼ = 0.25လေ 0.25sec x ~1000 = 250sec အဲ့ 250sec ကို 250sec/60 =~4 မိနစ်လေ ။ ဒါကအလွယ်တွက်ပြတာ တခြားဒီထက်ပိုခက်တာတွေလာဖို့ပဲရှိတယ်။ ဘာလို့တုန်းဆိုတော့ အလင်းက ရုတ်ချည်းပြောင်းသွားနိုင်လို့ပါ တိမ်ထဲကနေထွက်လာတာမျိုးတွေ တိမ်တောက်လိုက်တာမျိုးတွေက အလင်းအခြေအနေကို တမဟုတ်ချင်းပြောင်းသွားစေနိုင်လို့ပြန်တွက်ရပါတယ်။ အဲ့ တော့ခေါင်းကိုက်ပီပေါ့ မပူပါနဲ့ သင်တို့ကIT ခေတ်မှာနေနေကြတာပါ ဖုန်းထဲ မှာ NDCalc ဆိုတဲ့ app မျိုး တခုသာသွင်းထားလိုက်ပါ Android ကော IOSအတွက်ကောရှိနေပါပီ။ ၆။သေချာ compose လုပ်ပါ view finder ကိုအားမရရင် live view ဖွင့်ပီးတော့ compose လုပ်ပါ။ ၇။ ISO ကိုအနှိမ့်ဆုံးထားတာတောင်မှ သင် Noise တွေကြုံရနိုင်ပါတယ် စူးရှတဲ့အလင်းတွေကနေပေါ့။ ကင်မရာမှာ preview ကြည့်တုန်ကတော့ အတော်ဟုတ်ပဲ ဒါပေမယ့် ကွန်ပြုတာကြီးနဲ့ကြည့်လိုက်တော့မှ တေဟ ဆိုသွားပီ။ Red green blue လေးတွေကို noise အနေနဲ့မြင်ရနိုင်ပါတယ်။ ၈။RAW နဲ့ပဲရိုက်ပါ။ ဒါမှ ကွန်ပြုတာနဲပြန်ကိုင်တဲ့အချိန်ကျစိတ်တိုင်းကျကလိလို့ရမှာ။ အားလုံးပဲ မင်္ဂလာပါ ကျွန်တေ်ာကောင်းကောင်းပါ။ ကြယ်တွေစုံတဲ့ည ISO 800 f3.5 15sec canon 600D 18-55mm