မင်္ဂလာပါကျွန်တော်ကောင်းကောင်းပါ။


ကျွန်တော် ဓာတ်ပုံရိုက်ထွက်တာတွေ စီစဉ်တိုင်း ကျွန်တော်အမြဲ တမ်းလိုလို Steel wool ပါအောင်ယူယူသွားတယ် ဘာလို့တုန်းဆိုတော့ ဘာမှရိုက်လို့မရရင်တောင် Steel wool ခဲ့လို့ရတယ်လေ။ တကယ်တော့ Steel wool ဆိုတာ Long exposure photography အမျိုးအစားပါပဲ။ ကျွန်တော်တို့ရေတံခွန်တွေကို ဓာတ်ပုံရိုက်ချိန်မှာ လှုပ်နေတဲ့ရေက ဝါးသွားပြီးငြိမ်နေတဲ့ ကျောက်တုံးတွေသစ်ပင်တွေက တည်ငြိမ်ပြီးကျန်ခဲ့သလိုမျိုးပေါ့။ အဲ့လိုပဲ Steel wool လှည့်လိုက်တဲ့အချိန်မှာ ငြိမ်ပြီးကျန်နေတဲ့ဟာတွေငြိမ်ပြီး လေထဲလွင့်ထွက်လာတဲ့မီးပွှားလေးတွေက trail လေးတွေဖြစ်ပြီး အဖွှာလိုက်မြင်ရတာပါ ။ နောက်တခုက လဲ စက်ဝိုင်းပုံလှည့်တာမို့လဲ အဖွာလိုက်လေးတွေဖြစ်လာရတာပါ။ စတီးကို မီးလောင်ရာက ထွက်လာတဲ့ မီးပွှားလေးတွေပါ ဂရုမစိုက်ရင် ပတ်ဝန်းကျင်ကို မီးဘေးဖြစ်နိုင်စေသလို လူကိုလဲအပူလောင်စေနိုင်ပါတယ်။ ကျွန်တေ်ာ့လက်မှာ မီးပွားရာလေးတွေအခုထိရှိသေးတယ်။
အဲ့တော့ Safety ကစပြောရမယ်။
ကျွန်တော်တို့ မရိုက်ခင်မှာ သတိကြီးကြီးထားရမှာက စတီးဝူးက မကျွမ်းကျင်သေးပဲလှည့်သင့်တာမဟုတ်ဘူးဆိုတာပါ။ အန္တရယ်ရှိပါတယ်။ လူကြီးတွေပြော သလိုပေါ့ မီးနဲ့မဆော့နဲ့ အန္တရယ်ရှိတယ်ဆိုတာမျိုးပါ။ အခန့်မသင့်လို့ မျက်စိထဲနားထဲဝင်တာမျိုးက မဖြစ်ဘူးလို့တရားသေပြောလို့မရလို့ပါ။ နောက်ပြီး လှည့်သူပြီးရင် ရိုက်တဲ့သူတွေ အချိန်မရွေး မီးပွားစ က ကိုယ့်ဆီရောက်လာနိုင်တာ အန္တရယ်ရှိနိုင်တာသတိရပါ။

၁။ အဝတ်အစား
လှည့်မယ့်သူကပိုအရေးကြီးပါတယ် လက်ရှည်အကျီၤဆိုရင်ပိုပြီးကာကွယ်နိုင်ပါတယ်။နောက်တခုက အမွေးပွအကျီၤ အေးလိုဆိုဝတ်ထားတာရှိရင်ချွတ်ပြီးရိုက်တာကပိုအဆင်ပြေနိုင်ပါတယ် ဘာလို့လဲဆိုတော့ မီးစွဲလွယ်လို့ပါ ။ ဘောင်းဘီရှည်ဆိုရင်ပိုကောင်းပါတယ်။ ဦးထုပ်ဆောင်းကိုဆောင်းသင့်ပါတယ် တခါက ကျွန်တေ်ာလှည့်တာ ဦးထုပ်မပါလို့ ဆံပင်ကိုမီးလောင်ပြီးညှော်နံ့လေးတွေထွက်လာဘူးတယ် ။ တခါတလေ မျက်မှန်ပါရင်တပ်ထားဗျ ဒါကတော့ လှည့်တဲ့သူကောရိုက်တဲ့သူကောမှာ ပါလာရင်တပ်တာကောင်းပါတယ်။

၂။နေရာ
ဓာတ်ပုံသွားရိုက်တာကတော့ဟုတ်ပါပြီ ကောက်ရိုးတွေပုံနေတဲ့ လယ်ကွင်းလိုနေရာဆိုရင်လုံး၀ လုံး၀ မလှည့်ပါနဲ့ မီးလောက်တအားလွယ်တဲ့နေရာမို့ပါ ကျွန်တော်ဆိုရင် နေရာတွေအရင်ကြည့်ပါတယ်။ မြက်ခြောက်တွေ ဝေးတဲ့နေရာ သစ်ရွက်ခြောက်တွေဝေးတဲ့နေရာမျိုးတွေကိုဦးစားပေးရွေးပါတယ်။ ရိုက်လို့အကောင်းဆုံးနေရာတွေကတော့ ကွန်ကရစ်အဆောက်အဦးဟောင်းတွေနဲ့ သဲသောင်တွေ ရေနဲ့နီးတဲ့ကမ်းခြေတွေပါပဲ။ စတီးဝူးကို ကိုယ့်နေအိမ်ထဲမှာ မီးရှို့ကြည့်တာလုံးဝမလုပ်ပါနဲ့ခင်ဗျ။ အန္တရယ်ရှိလို့ပါ။
၃။ အချိန်
ဘယ်အချိန်ကအကောင်းဆုံးလဲဆိုတော့ နေဝင်ချိန်ကအကောင်းဆုံးလို့ပြောရမှာပါ။ နေဝင်စပ်ကြားအလင်းကောင်းကောင်းမပျောက်သေးတဲ့အချိန်က လဲ ရိုက်လို့အရမ်းကောင်းတာပါ။ စတီးဝူးရိုက်ရင်သေချာတယ် အိမ်ကို မိုးချုပ်မှပြန်ရောက်တာ။ မှောင်တဲ့အချိန်မှာလှည့်တာနောက်တချက်ကောင်းတာတခုက မီးပွားစ တခုကြောင့်မီးတောက်ဘာညာဖြစ်လာရင်ချက်ချင်းမြင်ရတာမို့လေ။ တခါက ကျွန်တေ်ာတို့ဇွဲဘကုန်းတန်းမှာ လှည့်တာ ဘေးက ခြုံမီးစွဲသွားသေးတယ် မြန်မြန်သွားငြိမ်းလိုက်ရတယ်။

၄။ဆောင်ရန်
သူများတွေဆီမျာတော့ ကားထဲဆောင်တဲ့မီးသတ်ဆေးဘူး အသေးဆောင်ကြတယ် ဒီမှာတော့ ဆောင်ဖို့ကပြောရခက်တာမို့အနီးနားမှာသဲရှိရင်သဲ သစ်ကိုင်းစိုတခုရှိရင်အဲ့ကိုင်းကိုချိုးထားပြီး တခုခုဖြစ်ရင်အဲ့တာနဲ့ငြိမ်းပါ။ ပြန်တော့မယ်ဆိုရင်လဲ မီးကျွင်းမီးကျန်ရှိမရှိသေသေချာချာစစ်ပြီးမှပြန်ပါ။


၅။ရှောင်ရန်
ခွေးလေးတွေ ကလေးတွေခေါ်မလာပါနဲ့ သူတို့အတွက်အန္တရယ်ကင်းအောင်ပါ။ နောက်ပြီး လှည့်နေတဲ့မီးထဲပြေးဝင်တာမျိုးရှောင်ပါ မီးပွှားစလေးတွေကိုလျှော့မတွက်ပါနဲ့။ နောက်တခုက ရှေးဟောင်းအဆောက်အဦးတွေ ဘုန်းကြီးကျောင်းအဟောင်းလိုဟာကြီးတွေမှာ ဘယ်တော့မှစတီးဝူးမလှည့်ပါနဲ့ လှည့်ရင်ဘာဖြစ်လဲမေးရင်တော့ ဘာမှမဖြစ်ခင်တော့ မသိသာဘူး တခုခုဖြစ်သွားရင်ရှေးဟောင်းအမွေအနှစ်တခု ဆုံးရှုံးရမှာအရင်လေ။ နောက်ပြီး ဒီလောက်အနုပညာဆန်တဲ့စတီးဝူးလှည့်တာကိုလူတွေ တမျိုးအမြင်စောင်းသွားနိုင်တယ်လေ။ ကျွန်တော်ထပ်ဆင့်သတိပေးပါရစေ လူတွေနဲ့နီးတဲ့နေရာမှာလုံးဝလုံး၀ မလှည့်ပါနဲ့။
ကဲဒီ ၅ ချက်ကိုသေသေချာချာဖတ်ပြီးပြီဆိုရင် စမယ် ဘာတွေ လိုတယ်ဆိုတာ။


၁။ Steel wool လိုတယ်
Steel wool ကို ရန်ကုန်မှာဆိုရင် မိုးချယ်ရီ, DCM world, image တို့မှာရပါတယ်။ မန္တလေးမှာဆိုရင် Swan Camera supply မှာရပါတယ်။ နောက်ပြီး Japan store တွေမှာလဲ တခါတလေရတက်ပါတယ်။ တကယ်တော့steel wool ဆိုတာ ပန်ကန်ဆေးတဲ့ စတီးအမြှုပ် အပါးအပွ စားမျိုးပါ။ ပါးတော့မီးလောင်လွယ်တာလဲပါတာပေါ့။ စကာၤပူမှာတော့ စတီးဝူးကိုဝယ်မယ်ဆိုရင် Grade အမျိုးမျိုးရှိပါတယ်။ 0000 grade ကနေ grade 4 အထိရှိပါတယ်။ စတီးဝူးက 0000 မှာပဲမီးလောင်လွယ်ပြီးလှည့်လို့ကောင်းပါတယ်။ မဟုတ်ရင် ပန်ကန်ဆေးတာတို့ ကော်ပတ်စားတာတို့အတွက်ထုတ်သလိုအထူကြီးတွေဖြစ်ကုန်တက်လို့ပါ။
၂။ ကြက်ဥမွှေတံ
လွယ်လွယ်ပဲ ကြက်ဥမွှေတံလို့ခေါ်လိုက်တယ် တချို့တွေက ဂျုံတွေဘာတွေမွှေသေးတယ်။ အဲ့တာကိုယ်ဝယ်မယ်ဆိုရင် စပရင်အခွေပုံစံနဲ့အချောင်းပုံစံဆိုပြီးနှစ်မျိုးရှိပါတယ်။ အချောင်းပုံစံကိုကျွန်တော်သိပ်မကြိုက်ဘူးဗျ လှည့်နေရင်းနဲ့ လောင်နေတဲ့စတီးဝူးကကျွတ်ထွက်သွားတက်လို့ပါ။ ကျွန်တေ်ာအခု နောက်ပိုင်းသံဇကာ အကျပ်တခုနဲ့စမ်းကြည့်နေတယ်အောင်မြင်တယ်ဆိုရင် လုပ်နည်းထပ်ပြောပြမယ်။ အဓိက အဲ့တာကိုတီထွင်ကြည့်ရတာက စတီးဝူးကို မွှေတံထဲမှာပဲအစအဆုံး လောင်ပြီးကုန်သွားစေချင်တာရယ်မီးပွားလှလှလေးတွေထွက်စေချင်တာရယ်နှစ်ခုပါ။ လှည့်တာကတော့ရှင်းပါတယ် အဲ့မွှေတံလက်ကိုင်ကို ကြိုးတခုခုဖြစ်စေ စတီးကြိုးဖြစ်စေချည်ပြီးလှည့်ရတာပါ။ ကျွန်ောတ်က ချိန်းကြိုးတပ်တာတွေတွေ့ဘူးတယ် ဒါပေမယ့်တကယ့်အရှိန်နဲ့လှည့်ချိန်မှာ ချိန်းလေးတွေဟပြီးပြုတ်ထွက်သွားတာကိုတွေ့ဖူးလို့ စတီးကြိုးဖြစ်စေ အလွယ်တကူ မပြတ်နိုင်တဲ့ဟာတခုခုဖြစ်စေသုံးပါ။ စတီးကြိုးမှကြိုက်ရင်တော့ စီးတီးမတ်က ခွေးလည်ပတ်မှာချိတ်တဲ့ စတီးကြိုးရှိတယ်ဗျ ဈေးတော့နဲနဲပေးရပေမယ့်တော်ရုံနဲ့ပြုတ်မထွက်ဘူးဗျ။
၃။ မီးခြစ်
လေအရမ်းတိုက်နေတဲ့ ကမ်းခြေလိုမျိုးသောင်လိုမျိုးမှာ မီးခြစ်ကတန်းမတောက်တာ ခြစ်လို့မရတာတွေကြုံရနိုင်ပါတယ်။ မီးခြစ်လိုပဲ မီးတောက်စေနိုင်တာနောက်တခုက 9V Battery ပါ။ ဘတ်ထရီနဲ့ တို့လိုက်ရင် လျှပ်စီးဖြတ်စီးမှု့ဖြစ်ပြီး ဖွထားတဲ့စတီးဝူးကိုအလွယ်တကူမီးစွဲစေနိုင်ပါတယ်။

၄။ ကင်မရာ နဲ့အခြား
Manual ရတဲ့ဘယ်လိုကင်မရာ ဖြစ်ဖြစ်ဖုန်းဖြစ်ဖြစ်ရိုက်လို့ရပါတယ်။ နောက်တခုက Longexposure photography မို့လို့ Tripod လိုကိုလိုပါတယ်။ ကင်မရာကိုထရိုင်ပေါ့မှာသေသေချာချာတပ်ဆင်ထားမှကြည်လင်ပြတ်သားတဲ့ပုံတွေရလာမှာပါ ရိုက်ချိန်မှာလဲ 2 second timer ထားပါ။ 2 second timer ထားချင်ဘူးဆိုရင် cable release နဲ့ဖြစ်ဖြစ်ရိုက်ပါ အဲ့လိုမှမဟုတ်ရင် wifi ရတဲ့ဖုန်းတွေဆိုရင် ဖုန်းနဲ့ shutter ကိုနှိပ်ပါ။ လှည့်တဲ့သူကအမဲဝတ်ထားရင်လူမပေါ်ဘူး မီးအကွင်းထဲမှာ မဟုတ်ဘူးလူပေါ်ချင်တာဆိုရင်လှည့်တဲ့သူက တခုခုလင်းတဲ့အရောင်နဲ့အကျီဝတ်ထားပေါ့။
အခု ၄ ချက်က စတီးစဝူးလှည့်ဖို့လိုတဲ့အချက်တွေနော်။

တကယ်ပျော်ဖို့ကောင်းတာက Detail တွေစီစဉ်ရတာ

ကြက်ဥမွှေတံကို ကြိုးချည်တဲ့အခါ ကိုယ်လိုချင်တဲ့ မီးအဝိုင်းအရွယ်အစားပေါ်မူတည်ပြီးတော့ ကြိုးချည်ရမယ်။ ဘာလို့တုန်းဆိုတော့ အဝိုင်းကြီးကြီးလိုချင်ရင် ၃ပေလောက်အရှည်ချည် အနေတော်လောက်လိုချင်ရင် ၂ပေလောက်ပဲချည် ၂ပေချည်ရင်လှည့်တဲ့အချိန်ကျရင် ၄ပေကျယ်တဲ့မီးကွင်းကြီးဖြစ်လာမှာမို့ပါ။ ကျွန်တော်ကတော့ ၂ပေလောက်ချည်တယ်။ နောက်ပြီး ကြက်ဥမွှေတံထဲ steel wool ကိုမထည့့်ခင်မှာလဲ အရင်မီးစွဲလွယ်အောင်ဖွပေးရမယ်ဗျ မဟုတ်ရင် မီးစွဲတာအဆင်မပြေတဲ့အပြင်လှည့်ချိန်မှာလဲမီးဖွားသေးသေးလေးတွေမဖြစ်ပဲအခဲလိုက်ဖြစ်နေတက်တယ်ဗျ။ နောက်ပြီးစလှည့်ခါနီး မီးညှိချိန်မှာလဲ စတီးဝူးတခုလုံးမီးညှိဖို့မလိုဘူး ဗျ မီးပွားလေးဖြစ်သွားရင် ၃လေးချက်လက်ကိုင်ကနေကိုင်ပြီးခါပေးလိုက်မီးစွဲတာနဲ့စလှည့်ပေတော့ပဲ။ နောက်အရေးကြီးတာတခုက မီးညှိချိန်မှာလဲ steel wool ကို လက်ကိုင်နဲ့အနီးဆုံးဘက်က စပြီးမီးညှိရပါမယ်မဟုတ်ရင်အကုန်မလောင်တာဖြစ်တက်လို့ပါ။ စလှည့်ပြီဆိုတာနဲ့ ကင်မရာခလုတ်နှိပ်တာကွက်တိဆိုရင်ပိုကောင်းပါတယ်။ လှည့်နေချိန်မှာလဲ ဖြေးဖြေးနဲ့မှန်မှန်လှည့်ပါ အားအရမ်းစိုက်လိုက်ရင်မီးလောင်အားပိုမြန်သွားတာကြောင့် စတီးဝူးမြန်မြန်ကုန်ရုံသာမက မီးပွားတွေကလဲ အထူလိုက်ဖြစ်နေတက်လို့ပါ။

နောက်အရေးကြီးတာက ကင်မရာ setting

ကျွန်တေ်ာ့ကို AV တွေ TV တွေ Bulb တွေလာမေးကြတယ်ကျွန်တေ်ာက တော့ Manual ဆိုအဆင်ပြေပါတယ်လို့ပြောပါရစေ။ နေဝင်မှရိုက်လို့အဆင်ပြေတာဖြစ်တာရယ်နောက်ပြီးတော့ longexposure ဖြစ်တာရယ်ကြောင့် ISO , Aperture, Shutter speed တွေကို ကိုယ်တိုင်ချိန်ညှိလို့ရတဲ့ Manual modeက အကောင်းဆုံးပါ။ Shutter speed ကတော့ ဒီ steel wool ရိုက်နည်းမှာအရေးအကြီးဆုံးပါလို့ပြောချင်ပါတယ်ဘာလို့တုန်းဆိုတော့ မီးပွားတွေထူနေရင်လဲမလှတက်သလိုမီးပွားတွေနဲနေရင်လဲအဆင်မပြေတက်ပါဘူး ကျွန်တော်ကိုယ်တိုင်က တော့ အနဲဆုံး ၁၀စက္ကန့် နဲ့အများဆုံး ၃၀စက္ကန့်ထားရိုက်ပါတယ်။ အဲ့လိုထားရိုက်ကာမှ မီးပွားတွေ ထွက်တာကို သေသေချာချာလှလှပပရမှာဖြစ်ပါတယ် ။
နောက်တခုက aperture လို့ခေါ်တဲ့အလင်းဝင်ပေါက် ဘယ်လောက်ကျယ်ကျယ်ဖွင့်ပေးထားမလဲဆိုတာစကားပြောပါတယ်။ ဥပမာနေဝင်ပြီးကာစ နောက်က Blue hour ဆိုရင် အပါချာ ကိုမကျယ် မကျဉ်း F11 လောက်နဲ့ဆိုအဆင်ပြေမှာပါ ဘာလို့တုန်းဆိုတော့ F11 နဲ့ longexposure ဆွဲမှာနဲ့မီးပွားလေးတွေထွက်မှာနဲ့အကိုက်လောက်မို့ပါ ။ ကျွန်တော်ကတော့အခြေအနေတွေပေါ်မူတည်ပြီးတော့ F5.6 ကနေ F11 လောက်ထိထားပါတယ်။ အလင်းကျန်သေးရင် F11 ပေါ့ မကျန်တော့ရင် 5.6 ပေါ့ဗျာ။ ဒါပေမယ့်တခါတလေ f2.8 ထိဆင်းဖွင့်တာလဲရှိပါတယ် ဒါပေမယ် shallow DOF ကြောင့် focus တွေအဆင်မပြေတာကြောင့် 5.6 ကိုတော့စံထားပါတယ်။
နောက်ဆုံး မင်းသားက ISO ပါ။ သူကတော့နဲနဲ tricky ဖြစ်ပါတယ် များလွန်းရင် brun သွားတက်သလို နဲလွန်းရင် under exposed မှောင်သွားတက်လို့ပါ။ ဒါပေမယ့် အခြေအနေအရပ်ရပ်ပေါ်မူတည်ပြီးအနိပ့်မမြင့်ကစားကြည့်ရပါတယ်။ ကျွန်တော်ကိုယ်တိုင်တော့ ISO 400 ကနေ အထက်ကိုထားပါတယ် ဘာလို့တုန်းဆိုတော့ Ground detail တွေလဲ ဖမ်းမိချင်တာမို့ပါ။
Ground detail ဆိုမှ တကယ်လို့ Flash ပါသွားရင် long exposure ရိုက်နေတုန်း Flash တစ်ချက်လောက်ဖောက်ပြီး foreground ကိုလဲ အလင်းပေးလိုက်လို့ရပါတယ်။ ဓာတ်မီးပါလာလဲဓာတ်မီးနဲ့မြန်မြန်လေး light paint လုပ်ပေးလို့ရပါတယ်။ အဲ့လိုမှမလုပ်ချင်ဘူးဆိုရင်နှစ်ပုံရိုက်လာပြီးပြန်ထပ်ပေါ့။
နောက်ပြီး ဘယ်လန့်တွေနဲ့အဆင်ပြေလဲဆိုတော့ wide တွေနဲ့ရိုက်ရင်အဆင်ပြေတယ်ပဲပြောပါရစေ kit lens တွေနဲ့လဲရိုက်လို့ရပါတယ်။ wide ဘာလို့ညွှန်းရသလဲဆိုတော့ wide နဲ့ရိုက်ရင် မြင်ကွင်းကျယ်တဲ့အတွက် မီးပွှားစလေးတွေမြေပြင်ကိုထိပြီးခုန်ထွက်သွားတာလေးတွေအထိ မြင်ရနိုင်ပါတယ်။ တခုရှိတာက wide နဲ့ဆိုရင်ခန့်မှန်းရမျာတခုရှိတယ် သူကမြင်ကွင်းကျယ်မို့လို့ လှည့်ရင်မီးပွားတွေထွက်လာနိုင်လောက်တဲ့အကွာအဝေးကိုမှန်းပြီးမှ ကွန်ပိုဇေးရှင်းချပါ။ မဟုတ်ရင် wide ဆိုတဲ့အတိုင်း steel wool လှည့်တာက သေးသေးလေးပဲပါလာတာမျိုးဖြစ်တက်လို့ပါ။ ဘယ်လိုပဲ ကွန်ပိုဇေးရှင်ချချပါ Tripod ကိုတော့ အခြေခိုင်ခိုင်နဲ့ မလှုပ်အောင်ထားထားပါ။အဲ့လိုလုပ်ထားပါမှလဲ ဖိုးကပ်ဖြတ်ရလွယ်ပါလိမ့်မယ် မှောင်ကြီးမဲကြီးထဲဖိုးကပ်ဖြတ်ရခက်နေတယ်ဆိုရင်လှည့်တဲ့လူကို ဓာတ်မီးနဲ့ဖြစ်စေထိုးပြီးတော့ဖိုးကပ်ဖြတ်ပါနောက်ပြီး လန့်တွေကင်မရာတွေမှာပါတဲ့ Stabilisation စနစ်တွေကိုပိတ်ထားပါ။ ထရိုင်ပေါ့ပါနေပြီလေပိတ်ထားတာပိုကောင်းပါတယ်။ နောက်ပြီး အရမ်းလင်းသွားတာတို့ဘာတို့ဆိုရင် ဖျက်မပြစ်ပါနဲ့ ကွန်ပြုတာထဲမှမှပြန်ပြီး highlight reduction လုပ်ပြီးကယ်နိုင်ပါသေးတယ်။ နောက်ပြီး RAW နဲ့ပဲရိုက်ပါ wb ကောင်းကောင်းကစားနိုင်အောင်လို့ပါ။
ဘယ်လိုလှည့်မလဲ ဆိုတဲ့နေရာမှာ အမျိုးမျိုးကွဲပြားနိုင်ပါသေးတယ် လှည့်တဲ့သူရဲ့အတွေ့အကြုံနဲ့ ရိုက်မယ့်လူတွေရဲ့လိုအပ်ချက်ပေါ်မူတည်ပြီးလှည့်ရမှာမို့ပါ။ ဒေါင်လိုက်အလျှားလိုက် စသဖြင့်မျိုစုံလှည့်လို့ရတာမို့ပါ။ လှည့်ကြည့်ပါ ကျွန်တော်တော့်တခါက ဦးထုပ်မပါပဲလှည့်လိုက်တာ ခေါင်းကဆံပင်တချို့မီးလောင်ဖူးတယ်။ နောက်ပြီးလှည့်နေရင်လမ်းလျှောက်သွားလို့လဲရသေးတယ်လေ။

အကျဉ်းအားဖြင့်ပြောရရင် Steel wool လှည့်တယ်ဆိုတာ ဓာတ်ပုံဆရာတိုင်းစမ်းကြည့်သင့်တဲ့ ဓာတ်ပုံရိုက်နည်းတခုပါ။ ပျော်ဖို့ကောင်းတယ်ခွီရတယ်။ ကိုယ်ကွန်ပိုဇေးရှင်းကို creative ဖြစ်ဖြစ် ချတက်လေလေအမိုက်စားပုံတွေရိုက်လို့ရလေလေပါပဲ။ WB ကို White balance: Tungsten or Auto ထားပါ။ ကဲဒီလောက်ဆိုရင် ကျွန်တေ်ာတို့လှည့်လို့ရပါပြီ။

ကဲကျွန်တော်တို့အားလုံးတူတူ Steel wool ဖိုတိုအမိုက်စားကြီးတွေဖန်တီးကြရအောင်ဗျာ။