ကျွန်တော်နှင့် ကျွန်တော့်ရဲ့ Lightroom အတွေ့အကြုံ Part 2
2.Library
Folder တွေအရေးပါပုံ
ကျွန်တော်တို့ စာကြည့်တိုက်တို့ ‌ေခွငှားဆိုင်တို့ကိုရောက်ဖူးလားဗျ။ သူနဲ့ဆိုင်ရာဆိုင်ရာ
လးတွေကိုစုစည်းပီးသိမ်းထားသလိုပဲလေ ။ LR မှာလဲ အဲ့လိုလုပ်လို့ရတယ်ဗျ။ ကျွန်တော်တို့ ဖိုင်တွေကို
စပီး သွင်းတဲ့အချိန်မှာကတည်းက တခါ import လုပ်တခါသိမ်းလုပ်သွားရင်တော်တော်ကိုအဆင်ပြေတာဗျ
။ကျွန်တေ်ာငယ်ငယ်တုန်းက ဖလင်ခေတ်ပေါ့ဗျာအဲ့တုန်းက အမေတို့ ဆီမှာဖလင်တွေကိုသိမ်းသလိုပဲဗျ။
ဘယ်တုန်းက ဘယ်နေရာမှာရိုက်တာဆိုပီးတော့ ဖလင်တွေကိုသိမ်းထားတယ် ဖလင် ထည့်တဲ့
ဖိုင်လေးပေါ်မှာ။ အဲ့လိုပဲ Lightroom ထဲမှာလဲသိမ်းလို့ရတယ် ။
ပန်ရှာလို့ရှိရင်အလွယ်တကူရှာလို့ရတာပေါ့ဗျာ။ Default အနေနဲ့ LR က ဓာတ်ပုံဖိုင်တွေကို C: Drive အာက်
က Picture မှာသိမ်းပါတယ်။ ကျွန်တော်တို့
ကအဲ့နေရာမှာသိမ်းတာအဆင်ပြေတယ်ဆိုရင်တော့နာမည်ပေးတာလေးတခုပဲစဉ်းစားပီးပေးဖို့လို
ပါတယ် ။ မဟုတ်ရင်တော့ ဘယ် Drive အာက်မှာသိမ်းမယ်ဆိုတာပြန်လုပ်ရမှာပေါ့လေ။ ကျွန်တေ်ာက
ဖိုင်တွေသိမ်းရင်ဒီလိုသိမ်းတယ် ဗျ နှစ် လ ရက် နရာ ဆိုပီးတော့သိမ်းတယ်ဘာဖြစ်လို့လဲဆိုတော့
ပန်ရှာရင်လွယ်လို့ဗျ။ ဥပမာ ဖိုင်နာမည်ကို 2018.05.14 ( ကန်တော်ကြီး ) လို့နာမည်ပေးထားလိုက်တယ် Window
ရဲ့ File system ကြာင့် 2018 တွကို တစုတည်းအရင်စုထားပေးလိမ့်မယ်။ ပီးတော့မှ ၅ လပိုင်းကို
စီလိမ့်မယ်ပီးတော့မှ ရက်ကလာမယ် နာက်ဆုံးက ဘယ်နေရာမှာရိုက်ခဲ့တယ်ပေါ့ ။ ဒါက တကယ်ကို
အသုံးဝင်တဲ့နည်းပါ ။ LR ကိုသွင်းမှမဟုတ်ဘူး ဘယ်နေရာမှာဖိုင်သိမ်းသိမ်း အဆင်ပြေမှာဗျ။ ကဲကဲ LR
ဆီကိုပြန်သွားကြဦးစို့ ။
Library module ကို click နှိပ်လိုက်ရင် ကျွန်တော်တို့ Folders ဆိုပီးတွေ့ရတယ်လေ။ ( ပုံပြရန် )
အဲ့မှာ ကျွန်တော်တို့ LR ကို Import လုပ်ခဲ့သမျှ ဓာတ်ပုံတွေကိုမြင်နေရတော့တာ။ အဲ့တာကျွန်တေ်ာတို့
Memorycard ထိုးပီးတော့ import လုပ်ယူခဲ့တဲ့ ဖိုင်တွေပဲဗျ။အဲ့တာတွေများလာရင်တော့
စက်ကနှိမ့်မယ်ဆိုရင်လေးလာတက်တာလေးတေတာ့ရှိတယ် ဘာလို့တုန်းဆိုတော့
ဖိုင်တွေအများကြီးကို Loading ခါ်နေရလို့ပါ။
ကျွန်တော်တို့ Folder တခုပေါ်ကို click နှိပ်လိုက်မယ်ဆိုရင် ကျွန်တော်တို့
သွင်းထားခဲ့ဖူးတဲ့ပုံတွေကိုမြင်ရမှာပါ။ အဲ့မှာအားသာချက်က ကလစ်ဖိနှိပ်ပီးဆွဲလိုက်ပီး folder ၂ ခုကို ၁
ခုတည်းဖြစ်သွားအောင်သေးလို့ရတာပါပဲ။ မှားပီး နှစ်ခုတစ်ခုလုပ်မိရင်တော့ ထုံးစံအတိုင်း Ctrl + Z
ပါ့်ဗျာ။ တခါတလေလဲ များသိမ်းမိလို့ ငါ့ဖိုင်ဘယ်ရောက်သွားပါလိမ့်ဖြစ်တက်သေးတယ်။
တခါတလေ ဖိုင်တွေရှင်းလိုက်လို့ နရရာရွှေ့လိုက်လို့ဖိုင်တွေပျောက်သွားတယ် ဆိုရင် အဲ့
ဖိုဒါစာလေးကမှိန်နေပါလိမ့်မယ် ။ အဲ့တာဆို Right clickထောက်ပီးတော့ Find missing folder
ဆိုပီးတော့ ကိုယ်ရွှေ့လိုက်တဲ့ လမ်းကြောင်းနေရာကိုပြန်ပြောပေးလိုက်တာနဲ့
အကုန်ပြန်သိသွားမှာပါ ။LR ကလဲ ဒီနေရာကိုရွှေ့လိုက်ပီဆိုတာကို auto လမ်းကြောင်းကို update
လုပ်ပေးသွားမှာပါ ။ ဖိုဒါပျောက်လို့ဆိုပီးစိတ်မညစ်နဲ့တော့ပေါ့ဗျာ တကယ်က
ကိုယ်ဘယ်နားသိမ်းလိုက်တယ်ဆိုတာပဲရှိတာပါ။
Collection ပေးပီး ပုံတွေကိုဘယ်လိုစုစည်းမလဲ။target collection / quick collection
LR ထဲကပုံတွေကို ကြယ်လေးတွေပေးပီးတော့ သိမ်းထားဘူးပီလား ။
တကယ်ကိုပျော်ဖို့ကောင်းပါတယ် ရိုက်လာတာပုံ၁၀၀လောက် အဲ့ထဲကမှ ကြယ် ၅လုံး ကြယ်၄လုံး ကြယ်
၃ လုံးဆိုပီးတော့ ကိုယ်ရိုက်ခဲ့တာတွေကို ပန်ခွဲထုတ်ရတာက အရသာပါ ။ အဲ
အချိန်လဲတေ်ာတော်ပေးရတယ်နော်အဲ့တာက။ ကျွန်တေ်ာ့အတွက်တော့ ဒီကြယ်ပေးရတဲ့အလုပ်က
တာ်တော်ပျော်ဖို့ကောင်းတယ် ကိုယ့်ဟာကိုသာသာထိုးထိုး ကြယ် ၅
လုံးဟဲ့ဆိုအကုန်လုံးကိုပေးချင် ဒါပေမယ့် smart collection အတွက်ကလဲလုပ်ရမှာဆိုတော့
အဲ့လိုလုပ်လို့မရဖြစ် ကိုယ့်ဟာကိုယ်စာမေးပွဲစစ်
ကိုယ့်ဟာကိုယ်အမှတ်ပေးတဲ့လူလိုကိုဖြစ်နေတော့တာ။ အဲ့လိုမလုပ်ဖြစ်ဘူးဆိုရင် လုပ်ပါ အခုက စလုပ်ပါ
တကယ်ကို ကာင်းတဲ့အကျင့်တခုပါ။ ကိုယ့် Portfolio မှာဖြစ်ဖြစ် client တွကိုပြဖို့ဖြစ်ဖြစ်
ကိုယ့်ဟာကို 5 Star ပးထားတဲ့ပုံတွေက တကယ့်ကို အကောင်းစားတွေပါ။
ကြယ်ဘယ်လိုပေးမလဲ
လွယ်လွယ်လေးပါ ကျွန်တော်တို့ Library အာက်မှာပုံတွေ အများကြီးတွေ့ရတယ်မို့လားအဲ့ထဲမှာ
ကိုယ်ဟာကို နဲနဲ Browse လုပ်ကြည့် အဲ့လိုလုပ်နေရင်းမှ ဒါလေးက တာ့ 5 star ဒါလေးကတော့ 3 star
ဆိုရင် ကီးဘုတ်ပေါ်က နံပါတ် ၃ ကိုနှိပ်လိုက် 5 star ဆိုရင် ၅ ကိုနှိပ်လိုက်
တခါတည်းကြယ်ပေးပီးသားလေးဖြစ်သွားရော။ ကြယ်ပြန်ဖြုတ်မယ်ဆိုလဲ ကီးဘုတ်က သုည ( ၀ )
ကိုနှိပ်လိုက်ရုံပဲလေ။ ကိုယ့်ဟာကို 5 star ပးထားတဲ့ ပုံတွေကိုပဲ မင်ချင်ပါတယ်ဆိုရင် 5 star
ပုံတွေချည်းကြည့်လို့ရအောင် filter လုပ်ပီးကြည့်လို့ရတယ် ဗျာ ။ ကဲ LR က မလွယ်လွန်းဘူးလား PS
ဆိုရင်တောင်တိုင်ပတ်နေဦးမယ်။ ကြယ်ပေးရုံတင်မဟုတ်ဘူးအရောင်လေးတွေပါခြယ်လို့ရတယ်နော်။
ကျွန်တေ်ာ မှာ ကိုယ်ပိုင် ကြယ်ပေးနည်းရှိတယ်ဗျ ။ ကျွန်တေ်ာ့ကိုယ့်ဟာကို ကြယ် ၅
လုံးပေးထားတဲ့ပုံတွေဆိုတာတကယ်ကို စိတ်ထဲက လဲကြိုက်တယ် ။ လူတိုင်းကိုလဲ
လိုက်ပြချင်စိတ်ရှိတဲ့ပုံတွေဗျ။ ကြယ် ၄လုံးပုံတွေကျတော့ ကာင်းတော့ ကာင်းတယ်
ဒါပေမယ့် ကျွန်တော်စိတ်ကျေနပ်လောက်တဲ့ထိမကောင်းတဲ့ပုံတွေ။ ကြယ်၃ လုံးပုံတွေကျတော့
ပုံကောင်းတယ်ဆိုရုံဟာလေးတွေ။ ကြယ် ၂လုံးပုံတွေကျတော့ ကျွန်တော့ ရဲ့ဆိုးဝါးတဲ့
ရိုက်ချက်တွေ ။ ကြယ် ၁ လုံးကတော့ဘာမှကိုပြောစရာမလိုဘူး ရှတ်တာသက်သက်ဖြုန်းတဲ့
ဖိုးကပ်မပြတ်တဲ့ပုံတွေ။ အဲ့တော့ဘယ်လိုလုပ်ရမလဲဆိုတော့ ကျွန်တော်က တာ့ ကြယ် ၂လုံးကနေ
၅လုံးထိကို ချန်ထားပီးတော့ ကြယ် ၁ လုံးတွေအကုန်လုံးကိုဖျက်ပစ်လိုက်တယ်။ ဟုတ်တယ်လေ ကြယ် ၁ လုံး
ရှတ်တာ ဖုန်းပါဆိုနေ ။ (အလဲ့ ကာရန်တွေဘာတွေမိလို့)။ ပီးတော့ ကိုယ့် ဟာကို Pick Collection
လဲလုပ်လို့ရတယ် ဗျ Library မှာ ။ အဲ့မှာကြည့်နေရင်းနဲ့ Pick လုပ်မယ်ဆို ကီးဘုတ်ကနေ P ကိုနှိပ်ပီးတော့ Pick
လုပ်လို့ရတယ် မကြိုက်ပါဘူး 1 star ပါဆိုရင် ကီးဘုတ်က X နှိပ်လိုက်အဲကတာက Reject လုပ်တာ ။ P က Pick လုပ်တာ
Reject က X ။ LR မှာ ကိုယ် Pick လုပ်ထားတဲ့ပုံလေးဆိုရင် ပုံရဲ့ ဘယ်ဘက်အပေါ်ထောင့်မှာ
အလံဖြူလေးပေါ်လာတယ်။ အလံမဲလေးကတော့ရှင်းပါတယ် Reject ကိုပြောတာပါ။ Reject မလုပ်ချင်ဘူး
မှားနှိပ်မိတာဆို ရင်လဲအေးဆေး ကီးဘုတ်က န U ကိုနှိပ်လိုက်ရုံပဲ U ဆိုတာ Undo ပါ။ ဒီလို Pick လုပ် Reject လုပ်
ကြယ်တွေပေးထားတာတွေထဲက ပန်ရွေးလုပ်တဲ့နည်းက မသိသူတွေ ကပုံ ၁၀၀လောက်နဲ့
တိုင်ပတ်နေချိန်မှာ သိသူတွေက ပုံ ရာချီကို ခဏလေးနဲ့ ငါဘယ်ပုံတွေလုပ်မယ်ဆိုတာရွေးပီးသားဖြစ်သွားကော ။
ကျွန်တေ်ာ LR စလေ့လာတုန်းက ဘယ်သူမှ ပာပြမယ့်လူမရှိလို့ ကျွန်တော့်ဟာကျွန်တော်
အင်တာနက်က န အသေစာတွေပတ်ဖတ်ခဲ့ရဘူးတယ် ။ အဲလိုဖတ်တာက လဲ ဘယ်လို Edit လုပ်လဲဆိုတာတွေများတော့
ကျွန်တော် ပုံပြင်တော့မယ် LR ထဲ Import လုပ်ပီးပီးဆိုရင်တမေ့တမောကို ရွးရတော့တယ်
အချိန်လဲတော်တော်ကုန်တဲ့ကိစ္စပါ။ ခုဏက Reject ဆိုပီး အလံမဲလေးတွေပြခဲ့တဲ့ဟာတွေ့ HDD
ထဲမှာမထားချင်တော့ဘူးနေရာစားတယ်ဆိုရင် တခုချင်းလိုက်ရွေးပီးဖျက်နေစရာမလိုပါဘူး ။ Photo menu
အာက်က Delete rejected photos ဆိုရင်အကုန်တခါတည်းရှင်းပီးသားဖြစ်သွားရော ။ ကြယ် ၁ လုံး ပုံတွေမို့
မျာစရာကိုမရှိတော့တာ။ အဲ့မှာ Delete လုပ်ရင် Message box လးနဲ့ ကွန်ပြုတာထဲကနေဖျက်မှာလား
ဒါမှမဟုတ်ခုဏက သွင်းထားတဲ့ import လုပ်ထားတဲ့ထဲကဖျက်မှာလားဆိုတာလေးလာမေးလိမ့်မယ်ဗျ။
ကိုယ်ကြိုက်သလိုဖျက်လိုက်လို့ရပါတယ်။ကဲ ကျွန်တော်ပြောတယ်မို့လား LR ရဲ့ File management system
က အရမ်းစိတ်ဝင်စားဖို့ကောင်းပါတယ်ဆိုနေ။