ကျွန်တော်နှင့် ကျွန်တော့်ရဲ့ Lightroom အတွေ့အကြုံ
Intro
ကျွန်တေ်ာတို့ တတွေ ပုံတွေအကုန်ပတ်ရိုက်ကြပီးပါပီတဲ့ ကျွန်တော်တို့ ဓာတ်ပုံဝါသနာရှင်တွေ ဓာတ်ပုံဆရာတွေရဲ့ ဓာတ်ပုံရိုက်သက်တမ်းမှာ Editing ဆော့ဝဲတခုခုနဲ့တော့ကြုံရတာချည်းပါပဲ။ တချို့က ဖိုတိုလျော့ကိုအားသန်ကြသလို တချို့ကတော့ LR လို့ခေါ်တဲ့ Lightroom ကိုအားသန်ကြပါတယ်။ တချို့ လူနည်းစုတခုကတော့ Capture one လိုဆော့ဝဲတွေသုံးကြတဲ့သူတွေလဲရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ ဆော့ဝဲတခုကိုတော့အနဲဆုံးသုံးရမှာပါပဲ။ ကျွန်တေ်ာ့ကို LR ဆိုတာကိုစမိတ်ဆက်ပေးတာကတော့ မမေကိုနိုင်ပါ။ Mo K ဆိုပီးတော့ စတူဒီယိုလဲဖွင့်ထားပါသေးတယ်။ ဓာတ်ပုံဆရာတော်တေ်ာများများက တော့ LR ကိုသုံးရတာလွယ်ကူလို့ ပီးတော့ ပုံတွေအများကြီးကိုတခါတည်းပြင်လို့ရလို့စသဖြင့် အချက်တွေပါတာတွေကြောင့် ဝါသနာရှင်တွေကော ပရိုတွေကော အသုံးများကြပါတယ်။ ပီးတော့ LR က မန်မိုရီကို ဖိုတိုလျော့လိုအရမ်းမစားတာကြောင့်လဲပါပါမယ်။
အခုခေတ်ဓာတ်ပုံဝါသနာရှင်တွေတော်တေ်ာများများက editing software တခုခုရွေးရပါတော့မယ် အဲ့ရွေးချယ်မှုကလဲ ကိုယ့်အတွက် ကိုက်ညီတဲ့ကင်မရာတွေ လန့်တွေရွှေးချယ်ရသလိုပဲ ကိုယ်နဲ့ကိုက်တဲ့ဆော့ဝဲရွေးချယ်မုှကလဲအရေးပါလာပါတယ်။ကျွန်တေ်ာ Lightroom ကိုသုံးရတာကြိုက်တယ် ။ ဘာလို့တုန်းဆိုတော့ ကျွန်တော် စိတ်ကြိုက် အရောင်တွေ ကိုချိန်ညှိတာတွေ ပီးတော့ တော်ရုံ minor fix တွေလုပ်ရတာလောက်ကို အေးဆေးလုပ်နိုင်လို့ ။ ကျွန်တေ်ာ့ကို တော်တေ်ာများများမေးကြတယ် ဘယ်လို အက်ဒစ်လုပ်လဲဆိုတာ ဟိုးအရင်အချိန်ကျွန်တေ်ာ အားနေတုန်းကတော့ တပတ်တခါလောက်သူငယ်ချင်းတွေစုစုပီးတော့ LR အတ်ဒစ်တွေအကြောင်းပြောဖြစ်ကြတယ်ဆိုင်တစ်ဆိုင်ဆိုင်မှာပေါ့။ ပီးရင်ကျွန်တေ်ာလေ့လာထားတဲ့ ဟာလေးတွေပြန်ရှဲဖြစ်တယ် ။ ဘယ်ဟာတွေကိုတော့ဘယ်လိုလုပ်လို့ရတာ ဘယ်ဟာကဖြင့် ပိုလွယ်ကူသွားတာစသဖြင့်ပေါ့။ လိုက်ရွန်းနဲ့အမြဲပြင်ပါများတော့ ကျွန်တော် ဓာတ်ပုံသွားရိုက်ရင်တော့မြင်တက်လာတယ် ဥပမာ ဖေတာတွေမပါသွားလို့ရှိရင်မြေပြင် exposure ကိုတော့မှန်အောင်ရိုက်လာပီးတော့ graduated filter tool နဲ့ပြန်ကယ်လို့ရနိုင်မယ်ဆိုတာမျိုးတွေပါတွေးတက်လာတယ်။ ပီးတော့ ကျွန်တော်က ဘယ်အချိန်ဓာတ်ပုံရိုက်ရိုက် RAW နဲ့မဖြစ်ဖြစ်အောင်ရိုက်တဲ့အကျင့်ရှိတယ်။ RAW ဆိုတာက ကျွန်တော်တို့ ကွန်ပြုတာတွေမှာတန်းဖွင့်လို့ရရင်တောင် အတ်ဒစ်လုပ်လို့မရဘူးလေ ။ အဲ့မှာ လိုက်ရွန်းကဝင်လာတာပါပဲ ။ဖိုတိုလျော့မှာ adobe camera raw ဆိုတာတွေရှိသလို တချို့ကလဲပြောကြတယ် camera raw ကိုအဆာပလာနဲနဲထပ်ထည့်ပီးတော့ လိုက်ရွန်းဆိုပီးတော့လုပ်ရောင်းတယ်ဆိုပီးတော့ပေါ့ဗျာ။ ထားပါ ကျွန်တော်တို့အတွက်အဓိကပြသနာက ဘယ်ကနေလေ့လာရမယ်ဆိုတာပါပဲ။ တချို့ကျတော့အခြေခံကနေစမလေ့လာတော့ပဲခုန်ကျော်ပီးတော့လေ့လာတယ် YouTube ကနေ ဘယ်လိုတွေလုပ်ကြတယ်ဘာညာစသဖြင့်လေ့လာတယ် မကောင်းဘူးလားဆိုတော့မဟုတ်ဘူးကောင်းတယ်ဗျ ဒါပေမယ့်ကိုယ်တိုင်က အခြေခံကို သိထားမယ် tool တွေရဲ့တကယ့်အလုပ်လုပ်ပုံတွေကိုနားလည်ထားမယ်ဆိုရင်ပိုပီးတော့အဆင်ပြေတာပေါ့ဗျာ ။ နောက်ပီးတော့အမြင် ကိုယ့်စိတ်ကြိုက်အရောင်တွေချိန်ညှိလို့ရမယ် လိုက်ရွန်းမှာ ဒါပေမယ့် ကိုယ်အမြင်က ဘာတွေဖြစ်နေတယ်ဆိုတာ နားလည်လို့လိုသေးတယ်လေ သူများတွေကိုပြကြည့်ကိုယ့်ပုံတွေ အခြေခံ အရမ်းပူနေသလား အရမ်းအေးနေသလားဆိုတာပဲမေးကြည့် အဲ့လိုများများမေးရင်းကနေပဲ ကိုယ့်အမြင်က စူးရှပီးတော့တက်လာမှာလေ။ကျွန်တေ်ာ ဟိုးအရင်ဓာတ်ပုံရိုက်စတုန်းကဆိုရင် ဖိုင်တွေဘယ်လိုသိမ်းရမယ် ဘယ်လိုတွေလုပ်ရတယ် ဘယ် tool တွေကတော့ဘာအတွက်အသုံးတည့်တယ်ဆိုတာတွေနားမလည်ပဲရမ်းသမ်းပီးတော့လုပ်နေခဲ့တာတော်တော်ကြာခဲ့တယ်။ မြန်မာနိုင်ငံမှာလဲ Lightroom စာအုပ်ဆိုပီးထွက်တာမရှိတာလဲပါမယ်။ ဖိုတိုလျော့စာအုပ်တွေတော့အများကြီးတွေ့ရတယ်။ ကျွန်တော့်တုန်းက graduated filter တွေဖောဖောသီသီသုံးတယ် ဘယ်လိုကဘာဆိုတာတွေနားမလည်ခဲ့ဘူး ။ အခုကျွန်တော် ဒီ note လေးရေးဖြစ်တာက ဝါသနာတူတွေ ဝါသနာရှင်တွေ လေ့လာနေကြတဲ့ ဝါသနာတူညီအကိုမောင်နှမတွေ အားလုံးအတွက်အထောက်အကူဖြစ်မယ်လို့ထင်လို့ ကျွန်တော်လေ့လာမိဖူးသမျှကိုရေးလိုက်တာပါ။
1.Importing
ဘယ်မှာသိမ်းမလဲ။
ကျွန်တော်တို့ဓာတ်ပုံတွေရိုက်လာပီဆိုရင် ဖိုင်တွေ raw file တွေကိုဘယ်နားမှာသိမ်းမယ်ဆိုတာတကယ့်ကိုခေါင်းစားစရာပါ တချို့ ဝါသနာရှင်တွေဆို ရင် raw ဖိုင်ပိပီးတော့ အဟောင်းဖိုင်တွေကိုဖျက်ပစ်ရတာကြားဖူးပါတယ်။ ဓာတ်ပုံရိုက်ထွက်တာကတော့ဟုတ်ပါပီ ဖိုင်တွေဘယ်မှာသိမ်းလိုက်မယ်ဆိုတဲ့ဆုံးဖြတ်ချက်ကိုကြိုချထားရမှာဖြစ်ပါတယ်။ အဲ့တာဘာနဲ့တူလဲဆိုတော့ စပါးစိုက်နေတဲ့အချိန်မှာ စပါးကျီ ကိုလဲ ကြိုမွမ်းမံထားတာနဲ့တူပါတယ်။ စပါးလဲပေါ်ချိန်ရောက်ကော စပါးထည့်လို့လှောင်ထားလို့ရမယ့်နေရာကလဲရယ်ဒီဖြစ်ရောဖြစ်မှာလေ။ လိုက်ရွန်းက ကျွန်တော်တို့ ရိုက်ထားပီး သူ့ဆီကို import လုပ်ထားတဲ့ ပုံတွေကိုကောင်းကောင်း manage လုပ်ပေးနိုင်ပါတယ်။ ကျွန်တော်တို့က ဘယ်လိုလမ်းကြောင်းလေးတွေဆောက်ပေးထားမလဲဆိုတာပဲရှိတာပါ။ ကျွန်တေ်ာ အခုမှသတိရတယ် Laptop သုံးတဲ့လူနဲ့ desktop သုံးတဲ့နှစ်မျိုးရှိမယ်။ ကျွန်တော်ကိုယ်တိုင်ကတော့နှစ်ခုလုံးကိုသုံးတယ်ဗျခရီးတွေသွားနေရရင် laptop သုံးတယ် ရန်ကုန်မှာဆိုရင် တော့ desktop ကိုပဲသုံးဖြစ်တယ်။
Desktop သမားတွေအတွက်
Desktop မှာဆိုရင်တော့ လိုက်ရွန်းကပုံတွေကို internally ပဲသိမ်းမယ်လို့ယူဆပီးတော့ C drive အောက်က Picture folder အောက်မှာ file တခုဆောက်လိုက်ပီးတော့ ဖိုင်တွေကိုသိမ်းသွားပါလိမ့်မယ် ။ အဲ့လိုမဖြစ်စေချင်ဘူးဆိုရင်တော့ Import စလုပ်ကတည်းက ဘယ်မှာဘယ်မှာ သိမ်းမယ်ဆိုတာကိုရွေးပေးလိုက်လို့ရပါတယ် D drive ဖြစ်ဖြစ်ပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် သေချာတာကတော့ free space များကြီးလိုလိမ့်မယ် များကြီးများကြီး ကိုလိုလိမ့်မယ်ဗျ။ ဥပမာအကြမ်းတွက်ပြမယ်ဗျာ တပတ်ကို 4GB လောက်ပဲ ထွက်အောင်ဓာတ်ပုံရိုက်တယ်ထား တနှစ်မှာ ၅၆ ပတ်ရှိတယ် အဲ့တာကြောင့် 56 x 4 = 224GB ဖြစ်နေပီလေ။ ဒါအကြမ်းတွက်ပြတာနော် ဂစ် ၂၀၀ကျော်နေပီ။ ကျွန်တော်တခါတလေ ဓာတ်ပုံရိုက်ထွက်ရင် ၁၆ဂစ်လောက် ပြည့့်ပီးပါလာတာတွေဘာတွေရှိတယ်။ ကွန်ပြူတာမှာနေရာလွတ်မကျန်တော့လဲကိစ္စတော့မရှိပါဘူး external HDD တွေထပ်ဝယ်ပီးတော့ Import မှာ သိမ်းမယ့်နေရာကိုပြန်ရွေးပေးလို့ရပါသေးတယ်။ အခုခေတ်ကတခုကောင်းတာက Seagate တို့ WD ( western digital ) တို့က ဈေးသိပ်မကြီးတော့ပဲ 1TB လောက်ထိဝယ်လို့ရလာတာပါပဲ ။
Laptop သမားတွေအတွက်
အကယ်လို့ Laptop နဲ့ ပဲရှိတယ်ဆိုရင် ကျွန်တော်အကြံပေးချင်တာက external HDD တခုလောက်ဖြစ်ဖြစ်ဝယ်ထားပီးမှ တွဲသုံးဖို့ပါပဲ။ ဘာလို့တုန်းဆိုတော့ Laptop မှာ ပါတဲ့ HDD size က ကန့်သတ်ချက်ရှိတယ် ပီးတော့ တခြားဖိုင်တွေလဲသိမ်းဦးမှာဆိုတော့ပြည့်လွယ်တယ်လေ ။ ကျွန်တေ်ာက အဲ့တာကြောင့် external နဲ့တွဲသုံးဖို့အကြံပြုရတာပါ။ ကျွန်တေ်ာဖိုင်ကို ဘယ်မှာ သိမ်းမလဲဆိုရင်အမြဲ window ရှိတဲ့အပိုင်းမဟုတ်တဲ့ partition မှာပဲသိမ်းဖြစ်တယ်။ တခါတလေ ဝင်းဒိုးပြန်တင်တာတို့ဘာတို့ဖြစ်ရင်တောင်မပါသွားအောင်လို့ဆိုရင်လဲမမှားပါဘူး ပီးတော့ Laptop နဲ့ သုံးမယ်ဆိုရင် RAM ကို 4GB လောက်တော့ရှိသင့်တယ်ဗျ ဒါမှအဆင်ပြေပြေသုံးလို့လွယ်မှာ မြင့်လေကောင်းလေပေါ့ဗျာ။ အခုခေတ်မှာက external HDD ကနေရာတကာဝယ်လို့ရသလို ဈေးကလဲသက်သာလာပါတယ် ဝယ်သုံးသင့်ပါတယ်။ တခုသတိထားဖို့က ကွာလတီကောင်းတာကိုဝယ်သုံးပါ HDD လဲတခါတလေပျက်တက်လို့ပါ။
LR ကမိုက်တာတခုက ကိုယ်သွင်းထားတဲ့ ဓာတ်ပုံဖိုင်တွေကို သေသေချာချာစနစ်တကျသိမ်းပေးထားနိုင်တယ်။ တခုတော့ရှိတယ် LR စသုံးကတည်းက ဖိုင်တွေကိုသေသေချာချာစနစ်တကျ ထားနိုင်ခဲ့မယ်ဆိုရင်ပေါ့ဗျာ။
ကဲ Import စမယ်
ကျွန်တော်တို့ရဲ့အဓိကရည်ရွယ်ချက်က ဖိုင်တွေဟိုနေရာဒီနေရာပြန့်ကျဲမနေပဲနဲ့ ဖိုင်ကြီးတဖိုင်ထဲမှာ စုစုစည်းစည်းရှိစေချင်တာမို့လားဗျ။ ပုံမှန် Default အနေနဲ့က LR က C drive အောက်က Picture folder အောက်မှာ Lightroom ဆိုပီးတော့ ဖိုဒါဆောက်သွားတယ်ဗျ။ အခုကျွန်တော်တို့ က မန်မိုရီကဒ်တို့ ဘာတို့ကနေ ပုံတွေသွင်းတော့မယ်ဆိုရင် အဲ့ဖိုင်အောက်မှာ အော်တိုသွားသိမ်းတာဗျ။ အဲ့တာကြောင့် ကျွန်တော်တို့က ကိုယ်ကြိုက်တဲ့နေရာတခုမှာကျွန်တော်ကတော့ C Drive ကိုရှောင်တယ်ဗျ။ window ရှိတာလဲပါတယ် lightroom ကလဲ ဆိုက်သေးသေးလေးနဲ့ ငြိမ်နေမှာမှမဟုတ်တာ တဖြေးဖြေးနဲ့ကြီးလာမှာမို့လားဗျာ ဒါကြောင့် Free space ကြီးကြီးရှိတဲ့ထဲမှာ ဖိုဒါသွားဆောက်ခိုင်းတာဗျ။ မင်းကွာ တစ်ဖိုဒါပဲ ဆောက်ရသလားလို့မေးရင် တနေ့နေ့တချိန်ချိန် ကွန်ပြုတာအသစ်လဲတယ်ဆိုပါတော့ပါဗျာ ဖိုင်တွေကိုဟိုတခုဒီတခုလိုက်ကူးနေစရာမလိုဘူးလေ ဖိုဒါလေးတခုကိုပဲ ကူးလိုက်ရုံပဲ အဲ့အောက်မှာ လိုက်ရွန်းနဲ့ဆိုင်သမျှပါလာမယ်လေ။
နောက်တခုက မန်မိုရီစတစ် ဖြစ်စေ မန်မိုရီကဒ်ကဖြစ်စေ လိုက်ရွန်းထဲကိုမောင်းမသွင်းခင် အဲ့ခုဏကဆောက်ထားတဲ့ဖိုဒါထဲကို အရင်ကူးထားလိုက်ပါ ပီးမှ ပြန်ပီးတော့ လိုက်ရွန်းထဲကိုမောင်းသွင်း တကယ်ပြောတာ အဲ့လိုလုပ်ချင်းအားဖြင့် ဖိုင်ပျောက်တာတွေဘာတွေနဲသွားမယ် ။ ပီးတော့ခုဏကဆောက်ခဲ့တဲ့ဖိုဒါအောက်မှာမှ ကျွန်တော်ကတော့ LR Export , Photo From Camera , Lightroom ဆိုပီး ဖိုဒါသုံးခုထပ်ဆောက်ပေးထားတယ်။
LR Export ဆိုတာက ကျွန်တေ်ာ အက်ဒစ်လုပ်ထားပီးသားပုံတွေထုတ်ရင်ထည့်ဖို့ ။Photo from camera ဆိုတာက ကျွန်တော့်ရဲ့ Raw ဖိုင်တွေ ကို ရက်စွဲနဲ့ နေရာ ထိုးပီးထည့်ဖို့နေရာ။ အဲ့မှာအကြံပေးချင်တာက ပုံမှန် ရက် လ နှစ်လို့ မှတ်ကြတယ် လေ အဲ့မှာ နှစ် လ ရက် နဲ့ နာမည်ပေးပီးမှတ်ဗျ ရှာရပိုလွယ်မယ် တကယ်ပြောတာ။ ဘာလို့တုန်းဆိုတော့ နှစ်က နဲနဲပဲရှိတယ် လေ ဆိုပါတော့ဗျာ 2018,1,22 ရက်ဆိုပါတော့ဗျာ ဖိုင်တွေကသူ့အလိုလို ကြီစဉ်ငယ်လိုက်စီအောင်လုပ်လို့ရတယ်လေ ၂၀၁၈ ကနေစရှာမယ်ဆိုရင်ပိုပီးအဆင်ပြေတာပေါ့ဗျာမဟုတ်ဘူးလား။
ကဲနောက်တခုက Importing လုပ် မယ့်အချိန်
ဘယ် ကနေ လိုက်ရွန်းထဲကို ဆွဲသွင်းမှာလဲဆိုတာ အဲ့မှာ စပီးတော့ သတိထားစရာလေးတွေရှိလာပီဗျ ။
ညာဘက်အပေါ်က Library ကိုနှိပ်လိုက်ရင် import ဆိုတဲ့ panel လေးကျလာမယ် အဲ့ရောက်တော့မှ ဒီက အဆင့် ၁ ၂ ၃ ကိုလုပ်ရမယ်ဗျ။ အဆင့် အခု အနီနဲ့ပြထားတာက ဘယ်က နေ import သွင်းမှာလဲ မန်မိုရီကဒ်ကလား မန်မိုရီစတစ်ကလား HDD ကလား ဆိုတဲ့ ဟာကိုရွေးရမှာဗျ လွယ်ကူပါတယ်အဲ့တာကလဲ။ ပီးတော့မှ ဘယ်ဘက်ကနေ ညာဘက်ကိုတဖြေးဖြေးရွှေ့လာမယ် နံပါတ် ၂ ကိုတွေ့လားဗျ အဲ့တာ ဘာအနေနဲ့ ကူးယူလိုက်မယ်ဆိုတာကိုရွေးရမှာဗျ။ ကျွန်တော်က တော့ Copy ကိုပဲရွေးထားလိုက်တယ်ဗျ အဲ့တာဆိုရင် ပုံတွေသွင်းပီးသွားလို့ မန်မိုရီကဒ်တို့ဘာတို့ဖြုတ်လိုက်ရင်တောင် ရွေးချယ်ထားတဲ့ ဓာတ်ပုံတွေရဲ့ RAW တွေကိုကျွန်တော်တို့ ခုဏကဆောက်ထားတဲ့ ဖိုဒါထဲမှာသွားသိမ်းပေးလို့ပဲဗျ။ အဲ့သွားသိမ်းတာမသေချာဘူးဆိုရင် နံပါတ် ၃ ကိုကြည့်ဗျ ဘယ်မှာသိမ်းမယ်ဆိုတာ တခါတည်းသတ်မှတ်ပေးလို့ရတယ်ဗျ။ ဘယ်တော့မှ လောလော လော နဲ့ ဖိုင်တွေ ကိုမသွင်းနဲ့ဗျ သေသေချာချာအချိန်ပေးပီး သွင်းမဟုတ်ရင် ကိုယ်က တခါတလေလောတာ ဖိုင်တွေလဲများလာရော ပြန်လဲမရှင်းချင်တဲ့ ရှုပ်ပွနေတဲ့ ဓာတ်ပုံဖိုင် system ထဲမှာနေနေရလိမ့်မယ်။ အဲ့မှာ မသွင်းခင်ဘယ်ပုံကိုသွင်းမယ်ဆိုတာ တခါတည်းကြည့်လို့ရတယ်ဗျ Thumbnails ဖိုင်လေးတွေနဲ့။ အဲ့မှာ စိတ်ရှည်လက်ရှည်ရွေး ပုံကို ဖြဲကြည့်ချင်တယ်ဆိုရင် ပုံပေါ်မှာ Double click နှိပ်တာဖြစ်ဖြစ် ပုံပေါ်ကို ကလစ်နှိပ်ပီးတော့ E ကိုနှိပ်တာဖြစ်ဖြစ်နဲ့လုပ်လို့ရတယ်ဗျ။ ပီးရင်ကိုယ်လိုချင်တဲ့ပုံကိုပဲအမှန်ခြစ်လေး ခြစ်ပီးတော့ သွင်းလိုက်ရုံပဲလေ။ အဲ့နံပါတ် ၂ အောက်မှာ All photo တို့New photo တို့ ကိုတွေ့ရမယ်ဗျ အဲ့မှာ New Photo ကိုပဲ click လုပ်လိုက်မယ်ဆိုရင် import မလုပ်ရသေးတဲ့ပုံတွေကိုပဲ ပြပေးသွားမှာပါ ။ အဲ့တော့ ကဒ်ထဲကပုံတွေကိုမဖျက်ဖြစ်ပဲ ထပ်ရိုက်တက်တဲ့သူတွေအတွက်အဆင်ပြေတာပေါ့ဗျာ။ သိမ်းတဲ့နေရာမှာလဲ file အသစ်ထပ်မဆောက်နိုင်ဘူးဆိုရင် ဒီကနေတခါတည်း subfolder တခု ဆောက်ပေးလိုက်လို့ရတယ်ဗျ ။ညာဘက် နံပါတ် ၃ အောက်နားက Into Subfolder ဆိုတာလေးအမှန်ချစ်ပီးတော့ နာမည်သပ်သပ်ပေးလို့ရတယ် ဥပမာဗျာ ကျွန်တော်အပေါ်မှာပြောခဲ့သလို ပဲ နှစ် လ ရက် ပီးတော့ နေရာနဲ့ပေးလိုက်ရင် ဖိုဒါလဲ သပ်သပ်ရပ်ရပ်ဆောက်ပီးသားဖြစ်မယ် ဖိုင်တွေလဲတစုတည်းဖြစ်မယ်လေ။
ပီးတော့ Date format မှာလဲတခါတည်း ပြင်လို့ရတယ်လေ။ ခုဏက ဟာရဲ့အောက်မှာပဲ Date format ကိုလဲရွေးပေးလို့ရသေးတယ်။ နောက်ပီး ပြောဖို့မေ့နေလို့ File Handling ရဲ့အောက်မှာ Don’t Import Suspected duplicates ဆို တာလေးကို အမှန်ချစ်ပေးထားဗျ ဒါမှ ပုံတွေထပ်နေတာမနေကိုသိရမှာ။ နောက်တခုက ကျွန်တော် Keyword လေးတွေ ထည့်တာဗျ Apply During Import မှာ Keyword ဆိုတာလေးထဲမှာ ကိုယ့်ပုံနဲ့ဆိုင်တဲ့ Keyword လေး တွေထည့်လို့ရတယ်ဗျ။ ကျွန်တေ်ာဆို Landscape / sunset / sunrise / or location တခုခုကိုထည့်ပေးထားလိုက်တယ် တခါတလေ အဲ့ပုံကိုပြန်ရှာချင်တယ်ဆို Search မှာ တန်းရိုက်ထည့်လိုက်ရုံပဲလေ အဆင်ပြေတာပေါ့။ ကျွန်တေ်ာ ပြောတာတွေက ပုံနဲနဲပဲ လိုက်ရွန်းထဲထည့်ရသေးတဲ့သူတွေအတွက်တော့မသိသာပေမယ့် ပုံတွေအများကြီး LR ထဲ ထည့်ပီးတဲ့သူတွေအတွက်ကျတော့တော်တော် ကြီးသိသာတာဗျ။ ပီးရင်ကီးဘုတ်က နေ D ကို နှိပ်လိုက်ဗျ ဒါဆို Develop module တန်းရောက်သွားမယ်ဗျ။ အဲ့မှာစပြင်ပေတော့ပဲ ။
LR နဲ့ ကင်မရာဘယ်လိုချိတ်မလဲ။
တချို့ စတူဒီယိုသမားတွေအတွက်အသုံးတည့်မယ်လို့ထင်ပါတယ်။ အရင်ဆုံး ကင်မရာမှာပါတဲ့ USB cable နဲ့ချိတ်လိုက်ပါ။ ဟာ အဲ့တာဘယ်ဟာလဲ ဘယ်ကြိုးလဲမမေးပါနဲ့ ကင်မရာဝယ်လာကတည်းက ဘူးထဲမှာပါတဲ့ USB ကြိုးကိုပြောတာပါ ။ အဲ့မှာ တပ်ဆင်ပီးသွားရင် File အောက်ကိုသွားပါ ပီးရင် Tethered capture ကိုရွေးပါ။ ပီးရင် Start Tethered capture ကိုရွေးပီးတော့ စတင်လိုက်ပါ။ ပီးရင် Segment Photos by shots ဆို ပီးတော့အမှန်ချစ်လေးပေးထားလိုက်ဗျ ။ တကယ်အသုံးဝင်တယ်ဆိုတာနောက်သိလာလိမ့်မယ် ။ တကယ်ဆို ဒီ ဖန်ရှင်က LR မှာ အစကတည်းကပါလာပီးသားဗျ ။တခြား ကြားခံဆော့ဝဲတွေသုံးစရာမလိုပဲနဲ့ကိုတန်းရိုက်လို့ရတာ။ ပုံတွေရိုက်လို့ရှိရင် ကွန်ပြုတာ စကရင်မှာတန်းပေါ်တော့ အမှားရှာရတာပိုမြန်တာပေါ့ဗျာ အမိုက်ဆုံးအချက်က ဓာတ်ပုံရိုက်ပီးရင် ကင်မရာကို ပါဝါပိတ် မန်မိုရီကဒ်ထုတ် ပီးရင် ကွန်ပြုတာမှာထိုးကူး ပီးရင် တခါတကူးတက import ပြန်လုပ်ရတဲ့ပြသနာဝေးသွားတာပေါ့ဗျာ။ shutter button လေးပါတဲ့ ဘားလေးတက်လာပီးတော့ ISO တွေ shutter တွေ F aperture တွေ ပေါ်လာပီဆိုစပီးရိုက်လို့ရပါတယ် ။တခါတလေ ဟိုးအရင်က ကင်မရာအဟောင်းတွေက support မလုပ်တာတော့ရှိတက်ပါတယ်။ ဒါပေမယ့် ကင်မရာအများစုကိုတော့ support လုပ်ပါတယ်။
Viewing Mode (Light Dim , Light Out)
ကျွန်တေ်ာတို့ Develop module ထဲမှာ short tip လေးပေါ့ဗျာ ။ ပုံကိုကြည့်ရင် ကီးဘုတ်ကနေ L ကိုနှိပ်ကြည့်ဗျ အလင်းသုံးမျိုးပြောင်းသွားတာမြင်ရမယ် အဲ့နည်းနဲ့ ကိုယ့် edit လုပ်မယ့် ပုံကို ဘယ်လိုလုပ်လိုက်မယ်ဆိုတာ အရင်ကြည့်ကြည့်လို့ရတယ် ဘေး က tool bar တွေနဲ့ရှုပ်နေတယ်လို့ ထင်မယ်ဆိုရင် ။ တခုရှိတာက မြန်မာ ကီးဘုတ်ဝင်နေရင်အလုပ်မလုပ်ဘူးနော် ကိုယ်က ဇော်ဂျီရိုက်ဖို့ ကီးဘုတ်ပြောင်းထားတယ်ဆိုရင် L ကိုဘယ်လောက်နှိပ်နှိပ် ပြောင်းသွားမှာမဟုတ်ဘူး ဗျ ။ အဲ့နည်းနဲ့တော်ရုံပုံကို ပြန်ခံစားကြည့်လို့ရတယ်။
Full screen mode ကိုခံစားခြင်း
ပုံကိုဘာမှမပြင်ခင် ကျွန်တော်အရင်ဘာလုပ်သလဲဆိုတော့ LR ထဲမှာ Full screen လုပ်ပီး တစိမ့့်စိမ့် ထိုင်ကြည့်တာ ပီးတော့ မှ ဟိုနားဟိုဟာ ဟိုဟာလေးတော့ဖျောက်မယ် ဟိုဟာလေးတော့ အရောင်လေးပြောင်းမယ် ဒီနားလေးလင်းမယ်ဆိုတာ လေးလုပ်တာ ။ အဲ့လို လုပ်ဖို့ကလွယ်ပါတယ် ပထမဦးဆို ကီးဘုတ်က Shift + Tab ကိုနိပ်ပီးတော့ ဘေးက Tool bar တွေ panel တွေ အကုန်ကို ဖျောက်ပစ်လိုက်ပီးတော့ မှ ကီးဘုတ်က F ကိုနှိပ်လိုက် ပီးရင် အပေါ်မှာ ကျွန်တော်ပြောခဲ့တဲ့ထဲက L နှိပ်ပီးတော့ Light Dim / Light Out လုပ်ပီး ခံစားကြည့် ဒါဆို ဘယ်လို Crop မယ် ဘာတွေလုပ်မယ်ဆိုတာ အလိုလိုနေရင်းနဲ့အိုင်ဒီယာတွေရလာတယ် ။ ထိုင်ပဲထိုင်နေတယ် အိုင်ဒီယာဝင်မလာဘူးလို့တော့မပြောနဲ့ဗျ တကယ်က အိုင်ဒီယာက ရှိတယ် ထမလုပ်မိသေးတာပဲရှိတာဗျ ။ မြင်ကွင်းကျယ်နဲ့ဆိုတော့ တကယ့်ကို ဖီးလ်ပေါ့ဗျာ။ အဲ့မှာမှ မြင်ကွင်းကိုချဲ့ကြည့်ချင်တယ်ဆို Full screen ဖြစ်သွားတာတောင်ပါလာတဲ့ အမဲရောင်ဘား သေးသေးလေးကနေ လုပ်လို့ရတယ် မဟုတ်ရင် Ctrl + / Ctrl – လုပ်ပီးတော့ အချုံ့ အချဲ့ လုပ်ကြည့်လို့ရတယ်။