မိုးကြိုးတွေကိုဓာတ်ပုံရိုက်တယ်ဆိုတာ တကယ်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့ ဓာတ်ပုံရိုက်နည်းတခုပါ ။ တကယ်ကို Adventure ဆန်ပါတယ် မျှော်လင့်ထားလို့မရဘူး ဘယ်နေရာက ကောက်ပစ်လိုက်မယ်လို့။ နိုင်ငံခြားကဓာတ်ပုံဆရာတစ်ယောက်မိုးကြိုးကို နာမည်ပေးထားတာလေးကြိုက်တယ် “The Long Arm Of Zeus “ တဲ့ မိုက်တယ်။ ကျွန်တေ်ာငယ်ငယ်ကတည်းက မိုးကြိုးပစ်တာကို ကြိုက်တယ် ။ ဘာလို့တုန်းဆိုတော့အမေက ရှင်းပြတယ် ကောင်းကင်မှာ များလာတဲ့လျှပ်စစ်အမဓာတ်တွေက အောက်မြေပြင်မှာရှိတဲ့လျှပ်စစ်ဓအဖိုဓာတ်တွေဆီကိုစီးကူးသွားတာတဲ့။ ကားတွန်းပုံလေးနဲ့ပြတယ်။

အဲ့ကတည်းကဆိုပါတော့ မိုးကြိုးပစ်တာလျှပ်စီးလတ်တာတွေကို ပျော်ပျော်ကြီးကြည့်တော့တာပါပဲ အခု ဓာတ်ပုံရိုက်တဲ့အချိန်ကျတော့ မရမကရိုက်တဲ့ လူဖြစ်လာတာပေါ့ဗျာ။ မိုးကြိုးကိုရိုက်တာက ဒီလိုကြီးပေါ်လာမယ် ဒီလိုကြီး ဖြစ်လာမယ်လို့ခန့်မှန်းထားလို့မရဘူးဗျ လုံး၀ Creative ပဲ။
မိုးကြိုးကို မိုးရာသီအစနဲ့ မိုးတွင်းတွေမှာမြင်ရတာများပေမယ့် တကယ်က တနှစ်ပတ်လုံး မုန်တိုင်းရှိတာဖြစ်စေ တခြား တိမ်ထူထပ်တာတွေဖြစ်နေတဲ့အချိန်မှာ မြင်ရနိုင်တယ်ဗျ။ ကင်မရာတွေကိုကျွတ်ကျွတ်အိတ်ပတ်ပီးရိုက်ရတာလောက်အရသာရှိတာဘယ်မှာရှိမလဲဗျာ။ ကျွန်တေ်ာ မိုးကြိုးတွေကို ကြုံတိုင်းရိုက်ဖြစ်တယ်တခါရိုက်ရင်တခါဆိုသလို အတွေ့အကြုံပိုပိုရလာတယ်။ ကျွန်တော်ဒီ note လေးကိုရေး တာက အခုခေတ်မှာ DSLR တွေ Mirror Less တွေကိုင်ထားတဲ့ ဝါသနာရှင်တွေပညာရှင်တွေပိုပိုပေါလာတယ်အဲ့တာကြောင့် ရေးဖြစ်တာပါ။ ကိုယ်တိုင်ကြုံခဲ့ရတဲ့အတွေ့အကြုံလေးတွေကိုရှဲပေးတာလဲပါပါတယ်။ ကျွန်တေ်ာဒီ Note လေးမှာ ကျွန်တေ်ာလေ့လာဖူးသလောက် မိုးကြိုးအမျိုးမျိုးအကြောင်းအနဲအကျဉ်းရယ် ဘယ်လိုဆက်တင်တွေဘယ်လိုနေရာတွေကနေ ရိုက်သင့်တယ် ဆောင်ရန်ရှောင်ရန်လေးတွေကိုပြောပြသွားမှာပါ။

မိုးကြိုးကိုဓာတ်ပုံရိုက်တယ်ဆိုတာတကယ်တော့ အန္တရယ်များတဲ့ ဓာတ်ပုံရိုက်နည်း ဒါမှမဟုတ် ဝါသနာတခုပါ။ တခုပဲ လူတွေနားမလည်တာက မိုးကြိုးကိုဓာတ်ပုံရိုက်တယ်ဆိုတာ မိုးကြိုးက ခန့်မှန်းလို့မရဘူး ဘယ်နေရာကိုမဆို ပစ်ချနိုင်တယ် အချိန်မရွေးနော် တခါပစ်ပီးလို့ Recharge ဆိုတာမျိုးမရှိဘူး။ ဒါပေမယ့်မိုးကြိုးကိုရိုက်နေရင်းရလိုက်တဲ့ပုံက တကယ်ကိုမိုက်တဲ့ မိုးကြိုးလျှပ်စီးကြောင်းကြီးတွေ Pattertn တွေ ရလာရင် အမောပြေပီလေ။

မိုးကြိုးတွေကိုတကယ်ကို အိမ်ထဲကရိုက်တာမဟုတ်ဘူး ကွင်းပြင်တွေ တံတားပေါ်တွေကရိုက်ရပီဆိုရင် တော့တော်တော်ကိုသတိထားရမယ်။ လယ်ကွင်းတွေလို ကွင်းပြင်ပြောင်ပြောင်ကြီးကြတွေကနေ ရိုက်တာကိုတော့ကျွန်တော်ဘယ်လိုမှအားမပေးပါဘူး မရိုက်သင့်တာလဲပါတယ် Tripod က လျှပ်ကူးအလွန်လွယ်တဲ့ပစ္စည်းတခုဆိုတာကိုမမေ့ပါနဲ့ ။ ရေနဲ့ဝေးတဲ့နေရာကပဲရိုက်ပါ ။ ရေစပ်စပ်ရှိတဲ့နေရာကဆိုရင်ခြောက်သွေ့တဲ့နေရာကနေရိုက်ပါ။ ထရိုင်ပေါ့အောက်ခြေကရာဘာအစွပ်လေးတွေမပျောက်ပါစေနဲ့။ ထီးထီးကြီးရှိနေတဲ့ သစ်ပင်တွေ ထန်းပင်တွေ ဓာတ်တိုင်တွေ က ကောင်းကင်နဲ့ ပိုနီးတာမို့ပိုမိုးကြိုးပစ်လွယ်ပါတယ် ခပ်ဝေးဝေး ကနေပဲရိုက်ပါ။


ဘာတွေပြင်ဆင်ဖို့လိုမလဲဆိုတော့ . . .

မိုးကြိုး ပစ်တာ လျှပ်စီးလတ်တာ ပုံကောင်းတစ်ပုံရချင်တယ်ဆိုရင်တော့ သေချာတယ် Tripod တချောင်းကောင်းကောင်းလိုမယ်ဘာလို့တုန်းဆိုတော့မိုးကြိုးကိုရိုက်တယ်ဆိုတာကလဲ Shutter ကို ချပီးရိုက်ရတာမျိုး Long exposure အမျိုးအစားမို့ပဲလေ။ ဟုတ်တယ်ဗျ ကျွန်တော်တို့ ရေတွေကိုပိုးသားပြင်ဖြစ်အောင်လုပ်သလိုနည်းနဲ့တူတူပဲဗျ ။ ကင်မရာကိုတက်နိုင်ရင် Manual နဲ့ပဲရိုက်ပါ။ ကျန်တဲ့ mode တွေက သိပ်အသုံးမတည့်ဘူးလေ။ Manual mode ကသာလျှင် Shutter နဲ့ Aperture ကို သေသေချာချာနိုင်နိုင်နင်းနင်းကိုင်တွယ်နိုင်မယ်လေ။ တချို့တွေရှိတယ် ကံမဟားဒယားထူးပီးတေ့ာ Program ( P mode ) နဲ့ ရိုက်တာမိုးကြိုးရလာတာတွေရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Manual ကသာလျှင်အကောင်းဆုံးမို့ Manual ကိုသာသုံးပါ ။ Shutter speed ကို သေချာတယ် စက္ကန့်၃၀ထိသုံးလို့ရမယ် ဒါပေမယ့် သင့်မှာ Cable Release ရှိလာပီဆိုရင်တော့ Bulb ကိုပြောင်းသုံးပေတော့ Manual နဲ့ Bulb mode ဘာကွာလဲဆိုတော့ Bulb မှာ Shutter speed ကို စက္ကန့် ၃၀ ထက်ပိုကြာအောင်ထားလို့ရသွားတယ်နာရီနဲ့ချီပီးထားလို့ရတယ်နော်။ အဲ့လိုကြာကြာထားရင်အဲ့တာရဲ့ရန်သူက camera shake ပဲ အဲ့တာကြောင့် ကင်မရာ Shake ကို နဲနိုင်သမျှနဲအောင် ထရိုင်ပေါ့ကိုကောင်းကောင်းဝယ်ပါလို့ပြောတာ။ Camera Shake ဖြစ်သွားရင်ပုံတွေဝါးသွားမယ် ရိုက်မောကြီးဖြစ်မယ်လေ။


Lens လား ဘယ်လန့်နဲ့မဆိုရိုက်လို့ရတယ် ဒါပေမယ့် wide lens ဆိုရင်ပိုဂေါ်တာပေါ့ဗျာ။ wide နဲ့ဆို မြင်ကွင်းတော်တေ်ာများများကို ခြုံငုံထားပီးသားဖြစ်မှာ အဲ့လိုဆိုရင် မိုးကြိုးပစ်တဲ့ မြင်ကွင်းကိုမြင်ကွင်းကြီးကြီးနဲ့ရတော့မှာလေ။ တယ်လီနဲ့ကောမရဘူးလားဆိုတော့ သိပ်ရတာပေါ့ဗျ ဟိုးအဝေးမှာ ဖြစ်နေတဲ့ဟာတွေဆိုတယ်လီနဲ့ဆိုရိုက်လိုက်လို့ရတာပေါ့ဗျာကျွန်တော်တောင် မြိတ်မှာတုန်းကရိုက်လာသေးတယ် 70-200 နဲ့။

နေရာကောင်းဘယ်လိုရွှေးခြယ်မလဲဆိုတာ တတိယမေးခွန်းဖြစ်လာပြန်ရော။

မိုးကြိုးပစ်လျှပ်စီး လတ်နေတဲ့နေရာကို ရှာရတာမခက်ပါဘူး တခုပဲ ဘယ်နေရာကနေ အဲ့လတ်နေတဲ့နေရာကိုရိုက်မလဲဆိုတာကသာ တကယ်စဉ်းစားရတာ ။ မြင်ကွင်းကျယ်ကွင်းပြင်တွေက ကောင်းကင်ကိုပိုမြင်ရမယ်လေအဲ့လိုနေရာကရိုက်ရင်ပိုကောင်းတာပေါ့။ မြန်မာပြည်မှာ မိုးတွင်းပြန်ဝင်ခါစဆိုရင် မိုးကြိုးပစ်တာကနေ့တိုင်းလိုလိုရှိတယ်လေ။ တခုပဲ မိုးကြိုးကသူ့ဟာသူပစ်ချင်တဲ့နေရာပစ်တာမို့ ဘယ်နားရိုက်မယ်ဘယ်နားက မိုက်မယ်ဆိုတာက ရိုက်တဲ့ ဓာတ်ပုံဆရာရဲ့အတွေ့အကြုံ Location တွေများနိုင်သမျှများသိမုှနဲ့ပဲဆိုင်တော့တယ်။ အဲ့လိုမိုးကြိုးတွေမြင်ရပီဆိုရင်လဲ ကိုယ်သိထားတဲ့ spot တခု ကိုယ်နဲ့အနီးဆုံးကနေသာရိုက်ပေတော့ ဒါဆို ဟိုနေရာကရိုက်ရမလားဒီနေရာကရိုက်ရမလားဆိုတဲ့မေးခွန်းစဉ်းစားစရာကိုမလိုတော့ဘူး ဒွိဟဖြစ်မနေတော့ဘူးလေ။ဘယ်လိုပဲရိုက်ရိုက်ပါ ကိုယ့်အတွက်ဘေးကင်းလုံခြုံမယ့် နေရာကိုသာရွေးပါ။ ကျွတ်ကျွတ်အိတ်ဆောင်သွားပါ ဒါမှမဟုတ် ကွန်ဒုံးဆောင်သွားပါ ကျွတ်ကျွတ်အိတ်က မိုးအရမ်းအေးရင်အထဲမှာ ငွေ့ရည်ဖွဲ့တက်တယ် ကင်မရာက ပူတာကိုး။ ကွန်ဒုံးကကျတော့ အဲ့လိုမဟုတ်ဘူးလေ။ တခါတည်းစွပ်လိုက်ရုံပဲ တချို့ကလဲ အဲ့တာမကောင်းဘူး တချို့ကတော့အဲ့တာကောင်းတယ်လို့ပြောကြတယ် ကိုယ့်အကြိုက်နဲ့ကိုယ်ပါပဲလေ။

ကင်မရာနဲ့ ထရိုင်ပေါ့

ထရိုင်ပေါ့ကစပြောရမယ် ထရိုင်ပေါ့ထောင်တဲ့နေရာက ရေစိုတာ စိုစွတ်နေတဲ့နေရာတွေရှောင်ရမယ်ဗျ။ ရေစိုလေလျှပ်ကူးလွယ်လေမို့ပါ။

ပထမဦးဆုံး ရိုးရိုး Long Exposure တစ်ပုံရိုက်ကြည့်ပါ ဒါမှကွန်ပိုဇေးရှင်း ဘယ်လိုချရမယ် ကိုနဲနဲစဉ်းစားလို့ရမယ်။ နေဦး Focus ကို Infinity ထားရင်ထားမဟုတ်ရင် ဟိုးအဝေးက လင်းနေတာတခုခု လှမ်းချိန်ပီးတော့ Live View ဖွင့် 10x ဆွဲပီးတော့ဖိုးကပ်ဖြတ်လိုက်ဗျ ။ အဲ့တာအလုပ်ဖြစ်တယ်။သို့ပေသော်တည့် Focus mode ကို Manual မှာသာထားပါ Manual သာ ဖိုးကပ်ဖြတ်ပါဒါမှ ပိုအဆင်ပြေမယ်။ကျွန်တော်တို့အခုခေတ် DLSR အမိုက်စားတွေ Mirrorless အမိုက်စားတွေကတော့ အမှောင်ထဲမှာတောင်နဲနဲအလင်းလေးရှိတာနဲ့ ဖိုးကပ်ဖြတ်လို့ရတယ် ဖြတ်ပီးရင် မရွှေ့အောင် manual မှာထားလိုက်ပါ။ ISO ကိုတော့ 100 ကနေ 500 ထိထားလို့အဆင်ပြေတယ် မဟုတ်ရင်အောက်က Foreground က burn သွားတက်တယ်ဗျ။ ပီးတော့ ကျွန်တော်တို့ရိုက်တာကလဲ Longexposure မို့လို့ တော်ရုံအရိပ်ကျနေတဲ့နေရာက အိုကေပါတယ်လင်းလာတယ်။ ပီးတော့ ရိုက်နေကျလို ကင်မရာရဲ့ Metering system ကိုမယုံပါနဲ့ ကောင်းကင်က လင်းလိုက် မှောင်လိုက်ဖြစ်နေမှာလေအဲ့တော့ အပါချာကိုနဲနဲကစားကြည့်ပီး test အရင်ရိုက်ကြည့်ပေါ့ဗျာ။ အပါချာကိုကျစ်နိုင်သမျှကျစ်ရိုက်တာပိုအဆင်ပြေတယ် အကယ်လို့ဖွင့်ရိုက်ခဲ့မယ် F2.8 တို့လိုမျိုးဆိုရင် ကင်မရာက Burn သွားတက်တယ်။ ကိုယ်သွားရိုက်တဲ့နေရာက မြို့နဲ့ဝေးတဲ့ နေရာမျိုးဆိုရင် Shutter speed ကို အများကြီးချပီးရိုက်လို့ရပေမယ့် မြို့ထဲလိုနေရာအလင်းတွေအများကြီးရှိရင် အပါချာကို 16 တို့ 22 တို့ထိသာ ကျဉ်းထားလိုက်ပေတော့။

တခြားဘာလိုသေးလဲဆိုတော့ကာ Cable release တခုရှိရင်တော့ အတိုင်းအထက်လွန်ပေါ့ဗျာ။ ဒါဆို ကင်မရာ Shake ကိုလဲရှောင်လို့ရတယ် အခုနောက်ပိုင် wireless remote release လေးတွေဆိုဈေးအသင့်အတင့်နဲ့ တော်တော်မိုက်တယ်လေ။ တကယ်လို့မိုးကြိုးက ကိုယ်နဲ့ဝေးနေမယ်ရိုက်ရတာ ကိုလှမ်းမြင်ရတာမျိုးဆိုရင် ဓာတ်မီးလေးပါသွားရင်အိုကေ ပဲဗျ ဘာလို့တုန်းဆိုတော့ ဓာတ်မီးလေး နဲ့ Foreground က အရာတွေကိုလင်းအောင်လုပ်ပီး ဓာတ်ပုံကိုပိုမိုက်အောင်လုပ်လို့ရတယ်လေ။ ဟုတ်တယ်လေ foreground မှောင်မှောင်ကြီးထက်စာရင် foreground လင်းလင်းကပိုမိုက်မယ်မို့လား ကိုယ်ပြချင်တဲ့ subject ကိုလဲ ထင်ထင်ရှားရှားပြလို့ရတာပေါ့ဗျာ။ ပီးတော့မြွှေပါးကင်းပါးလဲ သတိထားနိုင်တာပေါ့ ဓာတ်မီးလေးနဲ့ဆိုရင်။ ပီးတော့အဝတ်ထူထူဝတ်သွားပါ ။ မိုးကြိုးပစ်ချိန်က အရမ်းကြီးမဟုတ်တောင်အေးတက်လို့ပါ။

ကွန်ပိုဇေးရှင်းနဲ့ပတ်သတ်လို့ကတော့ ကောင်းကင်များများပါအောင်ထည့်ရိုက်ဒါမှ မိုးကြိုးမြင်ရမှာလေ မဟုတ်ရင် မြေပြင်များနေရင် မိုးကြိုးပါရင်တောင်တပိုင်းတစဖြစ်နေရော့မယ်။ မိုးကြိုးကိုအဓိကလာရိုက်ပါတယ်ဆိုမှ။ ကောင်းကင်ကိ၇၀ရာခိုင်နှုန်း ပုံထဲမှာဖြည့် ၃၀ကို မြေပြင်နဲ့ဖြည့် ။ ဒါမှမဟုတ် ကောင်းကင်ကို ၆၀ ရာနှုန်းဖြည့် မြေပြင်ကို ၄၀ရာနှုန်းဖြည့်ပေါ့ဗျာ။ အဲ့လိုဆိုမိုက်တယ်ဗျ။ ဒီမှာကျွန်တော်ရိုက်ထားတဲ့နှစ်ပုံ 70-30 ကဒီလို

📷

ပီးတော့ ဒါက ၆၀ – ၄၀

📷

နည်းဥပဒေကြီးထုတ်ထားတာတော့မရှိဘူးပေါ့ဗျာ ကိုယ်ကြိုက်သလို compose လုပ်လို့ရပါတယ်။

နောက်အရေးကြီးတချက်က ပုံများများရိုက်ပီးပြန်လာခဲ့ဖို့လိုတယ်ဗျ ။ ဟာနောက်ကျနေပီ မိန်းမခေါ်နေပီ အိမ်ကခေါ်နေပီ ဆိုတာတွေမိုးကြိုးကနားမလည်ပါ ဘယ်သူ့ကိုမှလဲမိုးကြိုးကမစောင့်ပါ ထိုင်သာရိုက်ပါ မိုးကြိုး ပါးသွားပီဆိုမှပြန်လာပါ။တခါတလေ တစ်ပုံမှမရပဲ ပြန်လာရတာတွေရှိတယ် တခါတလေ ပုံနဲနဲ နဲ့အမိုက်စားကြီးတွေဖမ်းမိတာလဲရှိတယ်ဗျ။ အကြံပေးချင်တာက များများသာရိုက်ဗျာအမိုက်စားကြီးတွေရိုက်ဖို့လမ်းတွေပိုပိုပွင့်လာလိမ့်မယ်။

မိုးမရွာခင် ပစ်နေတဲ့မိုးကြိုးတွေက ပိုလှတယ်ဗျ ။ ပီးတော့ကင်မရာကိုဂရုစိုက်ပါ အရမ်း Moisture များတဲ့အချိန်မို့လို့ပါ။ လန့်တွေဖြုတ်လိုက်တပ်လိုက်မလုပ်ပါနဲ့ ။ Focus ကိုလဲဂရုစိုက်ပါ Test shotမှာကတည်းက ဘာတွေဘာတွေလိုတယ်ဆိုတာကိုဖြည့်ကြည့်ပါ။ ပီးတော့ Test shot ကိုဖြဲကြည့်ပါ အနီးကပ် zoom ဆွဲလေလေ ဘာလိုလဲသိရလေလေပါ။

အချူပ်အနေနဲ့ပြောချင်တာက မိုးကြိုးကိုဓာတ်ပုံရိုက်တယ်ဆိုတာ စိတ်ရှည်သည်းခံတက်မှူ့ ပီးတော့ ကင်မရာကျွမ်းကျင်မှု့ ပီးတော့ Exposure ကိုနားလည်မှု့ တွေနဲ့ ဖြတ်ထိုးဉာဏ် ကောင်းမွန်မှုတွေကသာလျှင်ပုံကောင်းတစ်ပုံကိုဖန်တီးပေးနိုင်တာပါ ။ ဒါမှ ကိုယ့်ရိုက်ထားတဲ့ပုံကိုလူတွေကြည့်ပီးတော့ အံသြမှင်သက်သွားကြမယ်လေ။

မင်္ဂလာပါ

ကျွန်တော်ကောင်းကောင်းပါ ။

မိုးကြိုး ဓာတ်ပုံအမိုက်စားကြီးတွေတူတူဖန်တီးကြရအောင်ဗျာ။