ခေတ်ကာလ ပြောင်းလဲလာတာနှင့်အမျှ ကားရောင်းအဝယ်တွေဟာ သမရိုးကျလူတွေ့ကားပြရောင်းဝယ်မှု့တွေကနေ အင်တာနက်နှင့် ဆိုရှယ်မီဒီယာများတိုးတက်လာတာနှင့်အမျှ ကား တွေကိုအင်တာနက်ပေါ်မှ တင်ပြပြီးရောင်းဝယ်လာတာ တော်တော်ခရီးရောက်လာပြီပြောရမှာပါ။ အဲ့တာနှင့်အမျှ ကားရောင်းဝယ်မှု့တွေလုပ်ရာမှာ ကားပုံကိုဘယ်ရိုက်ထားလဲ ကားပုံပြသမှုဘယ်လိုနေလဲ ဆိုတာက အရေးကြီးလာပါတယ်။  

 အခု လမ်းညွှန်ထဲမှာတော့ မိမိလက်ထဲမှာပဲရှိတဲ့ ဖုန်း/ကင်မရာ စတာတွေနဲ့  ပရော်ဖက်ရှင်နယ်ကျကျ ကားပုံလေးတွေ ကို ဘယ်လိုရိုက်မယ် ဘယ်လိုနေရာတွေမှာရိုက်သင့်တယ် ဆိုတာကို ပြောပြပေးသွားမှာပါ။ ဒီ Guide ရဲ့ အဆုံးမှာတော့ ကားအရောင်းပုံ ၆၀ check list  လေးပါထည့်ပေးထားပါတယ်။  

ကားအရောင်းတင်ပြီဆိုရင် ကိုယ့်အရောင်းပုံလေးတွေ ပရော်ဖက်ရှင်နယ်ကျသလောက် အရောင်းမှာလဲကွာသွားမှာပါ။


 

Guide 1:

ဓာတ်ပုံရိုက်မည့်ကားကို ရိုက်ကူးရေးအသင့်ဖြစ်ရန်အကြမ်းသန့်ရှင်းရန်စီစဉ်ပါ။
ကားကိုဓာတ်ပုံရိုက်မယ်ဆိုရင် အရင်ဆုံး ကားကို ကြည့်ကောင်းရှု့ကောင်းလုပ်ရမှာ နံပါတ် ၁ ပါ။ ကားကိုအပေါ်ရံ ရေဆေးတာမျိုးကိုပြောတာမဟုတ်ပဲ သေချာဆေးကြောပေးတာမျိုးကိုဆိုလိုတာပါ။
-ကားမှာ တပ်ဆင်ထားတဲ့ ဖောင်းလိုင်း ကားလိုဂို မော်ဒယ်စတဲ့chrome တွေကိုတောက်ပနေအောင်သန့်ရှင်းထားပါ။
-ကားမီးခွက်တွေကို သေချာတောက်ပနေအောင်သန့်ရှင်းထားပါ။


ကား ကြမ်းခင်း ထိုင်ခုံ စတာတွေကို ဖုန်သေချာစုတ်ပြီးသန့်ရှင်းထားပါ။
-ကားအတွင်းခန်းရဲ့ မာကြောတဲ့မျက်နှာပြင်မှန်သမျှကို သေချာစွာသန့်ရှင်းထားပါ တံခါးလက်ကိုင်ခွက်များအပါအဝင်။
-ကားအတွင်း ထိုင်ခုံ မျက်နှာကျက်တို့မှာရှိတက်တဲ့အစွန်းအထင်းများကိုသန့်ရှင်းပါ။
-ကားကို ဖုန်ဗွက် ငှက်ချီး စသည်တို့ရှိနေလျှင်လုံးဝဓာတ်ပုံ မရိုက်ပဲ သန့်ရှင်းပြီးမှရိုက်သင့်သည်။ 

Guide 2: အချောသန့်ရှင်းရန်စီစဉ်ပါ။
ကားကို ရေဆေးဖုန်စုပ်တော့လုပ်ပြီးသွားပြီဆိုပေမယ့်တကယ်တန်း တန်းပြီးဓာတ်ပုံရိုက်ဖို့ အသင့်သေချာမဖြစ်သေးပါဘူး။ ဘာလို့လဲဆိုတော့ အချောသန့်ရှင်းတဲ့အဆင့်က ကိုယ်ပိုင်အသိစိတ်နှင့် သင့်တော်တယ်မသင့်တော်ဘူး ဆုံးဖြတ်တာနဲ့လဲဆိုင်လို့ပါ။ တနေ့တနေ့ ဆိုရှယ်မီဒီယာ group တွေမှာ အရောင်းကားတွေတင်တာကိုကြည့်ပြီး ဘယ်လိုဟာတွေက အချောသန့်ရှင်းသင့်တယ်ဆိုတာပြောသွားပါ့မယ်။
-ကားမှန်နဲ့ကားပေါ်မှာ ကပ်ထားတဲ့ စတေကာတွေ၊ ကိုယ်ရောင်းမယ့်ကားမှာ မူလကားထုတ်လုပ်သူကပ်ထားတာမဟုတ်ပဲ ရှိနေတဲ့စတေကာမျိုးတွေဆိုခွာပြီးသန့်ရှင်းသင့်ပါတယ်။အဲ့လိုခွာပြီးသန့်ရှင်းပြီးမှဓာတ်ပုံရိုက်သင့်ပါတယ်။
-ကားထဲမှာရှိနေတဲ့ အမှိုက်တွေကိုရှင်းပါ။
ကားထဲကအမှိုက်တွေဆိုရာမှာ ရေသန့်ဘူးခွံတွေ သတင်းစာတွေ ကျွတ်ကျွတ်အိတ်တွေအကုန်ပါပါတယ်။
-ကားရေဆေးခုံက ပါလာတက်တဲ့ ခြေနင်းစက္ကူတွေပါရှင်းလင်းပစ်ပါ။
-ကားမှန်မှာ ချိတ်ထားမိတက်တဲ့ ပန်းခြောက်တွေ နဲ့ပန်းမဟုတ်တဲ့အမွှေးအိတ်စတာတွေအကုန်ဖြုတ်ထားပါ။
-ဓာတ်ပုံရိုက်ချိန်မှာလဲ မိမိရဲ့ပစ္စည်းတွေကားပေါ်မှာပါမနေအောင်ဂရုစိုက်ပါ။ လွယ်အိတ် ဖုန်း ကွန်ပြုတာ စတာမျိုးတွေပါ။



Guide 3:  သိသာထင်ရှားတဲ့ပျက်စီးနေတဲ့အပိုင်းတွေကိုပြင်ပါ။

ဥပမာ ကား ဒိုင်ခွက်မှာပေါ်နေတက်တဲ့ error မျိုးတွေနဲ့ ဘက်မှန် မှန်ချိုးမှန်ခေါက်လိုဟာတွေပါ။ ပုံထဲမှာမမြင်ရပေမယ့် အပြင်မှာ ပုံမြင်လို့ကားလာကြည့်ချိန်မှာ impression တော်တော်ကျစေမှာပါ။

Guide 4: ရိုက်ကူးမယ့်နေရာရှာဖွေပါ။
အလင်းရောင်ကောင်းကောင်းရပြီး ရှင်းလင်းတဲ့နေရာတွေက အကောင်းဆုံးပါပဲ။ ကိုယ်ရောင်းမယ့် ကားက သန့်သလောက် ကားရဲ့နောက်ခံပါလာမယ့် ပုံတွေက အဆင်မပြေတာမျိုးကလဲမဖြစ်သင့်ပါဘူး။  ကားကောင်းကောင်းရောင်းလေလေနောက်ခံကအရေးကြီးလေလေပါ။ ဘယ်လိုပဲဖြစ်ဖြစ်ကိုယ့်ကားကို ဗွက်အိုင်တွေ ကားပါကင်အစုတ်ကြီးတွေ ဈေးဆိုင်တွေနားမှာ ဆိုရင်ကြည့်ရတာအဆင် မပြေစေပါ။

ဒါကြောင့် ရောင်းမယ့်ကားကိုဓာတ်ပုံရိုက်မယ်ဆိုရင် ဒီအချက်တွေကို သတိထားပေးပါ။

ကားဘော်ဒီမှာထင်မယ့်ပုံရိုပ်
ကားဘော်ဒီမှာထင်မယ်အရိပ်ကို အရေးအကြီးဘူးထင်ရပေမယ့် မြင်ယောင်ကြည့်ပါ ခေါင်မိုးနီနီကြီးက ကားဘော်ဒီမဲမဲပြောင်ပြောင်မှာ အလင်းပြန်နေတာဆိုရင်တော်တော့်ကိုအဆင်မပြေပါဘူး။ တခြားကားတွေရဲ့ ပုံရိပ်တွေအလင်းပြန်နေတာကလဲအဆင်မပြေစေပါဘူး။
-ကားရဲ့နောက်မှာ လူသူကင်းရှင်းမှု့ရှိမရှိ စစ်ဆေးပါ
ကားရဲ့နောက်မှာ ဖြတ်သွားဖြတ်လာတွေရှုပ်ထွေးနေရင်လဲအဆင်မပြေပါဘူး လူတွေရဲ့မျက်စိက အလှုပ်ပါလာရင် လှုပ်နေတဲ့အရာကိုပိုကြည့်တက်လို့ပါ။ ဉပမာ ဆိုက်ကားနင်းတဲ့သူကားနောက်ကဖြတ်သွားရင်းဆိုရင် လူ့မျက်လုံးက အလှုပ်ဖြစ်တဲ့
ဆိုက်ကားကိုအရင်ကြည့်မိတက်ပါတယ်။ 


ပုံရိပ်တွေထဲမှာ မျက်စိမရှုပ်စေတဲ့ အုတ်တံတိုင်းအရှင်းတခုခု၊ သစ်ပင်တန်းလိုဟာမျိုးမှာဆိုရင်တော့အဆင်ပြေပါတယ်။
– ပုံတွေရိုက်တိုင်း ခေါင်းထဲထည့်ထား ရမှာက ပုံတွေက ကားကိုလာကြည့်လှည့်ပါ လို့ ဖိတ်ခေါ် နေသလိုမျိုးဖြစ်အောင်ရိုက်သင့်တယ်ဆိုတာပါ။ ရှင်းတဲ့နေရာမရှိရင်တောင် ကားရှင်းတဲ့လမ်းဘေးတစ်နေရာမှာ သေသေချာချာရိုက်သင့်ပါတယ်။ 

Guide 5: နေ့အချိန် ဘယ်အချိန်ရိုက်မှာလဲဆိုတာဆုံးဖြတ်ပါ။
တိမ်ထူထပ်တဲ့အချိန်ဆိုရင်ပိုကောင်းတက်ပါတယ်ဘာလို့လဲဆိုတော့ အလင်းပြန်တာ အလင်းစူးတာတွေကိုအတိုင်းအတာတခုထိ ရှောင်နိုင်သွားလို့ပါ။  သာမန်နေ့တွေဆိုရင် မနက်ခင်းရိုက်မယ်ဆိုရင် ၁၁နာရီမတိုင် ခင်နဲ့ ညနေရိုက်မယ်ဆိုရင် ၃နာရီခွဲ ၄နာရီလောက်မှာရိုက်သင့်ပါတယ် မဟုတ်ရင် နေခေါင်းပေါ်တည့်တည့်ဖြစ်နေချိန်မှာ ပေါ်လာတဲ့အလင်းစူးရှမှုနဲ့ flareတွေက မျက်စိနောက်စေပါတယ်။  နေ့လယ်ကြီးကိုတိမ်ထူနေရင်တော့တမျိုးပေါ့။ မနက်နဲ့ ညနေ ဘယ်လိုအချိန်မှာပဲရိုက်ရိုက် နေကို ကိုယ့်ကျောနောက်မှာထားရိုက်သင့်ပါတယ်။ 


Guide 6: ရိုက်ပြီဆိုမှတော့အကောင်းဆုံးဖြစ်အောင်ရိုက်မယ်လို့တွေးထားပါ အလုပ်လိုမတွေးပါနဲ့။သေချာအာရုံစူးစိုက်ပါ။

အကောင်းဆုံးဖြစ်အောင်ရိုက်ဖို့အတွက် –
၁။ ကားကိုနေရာမျိုးစုံမှာပတ်မောင်းပြီးမရိုက်ပါနဲ့  တနေရာထဲမှာ ရှု့ထောင့်အမျိုးမျိုးက ရိုက်တယ်ဆိုတာကားကို ပိုပြီး အာရုံစိုက်စေပါတယ်။ ပြီးတော့ ကားတင်တဲ့သူကိုလဲ ပိုမိုလေးစာစေနိုင်ပါတယ်။
၂။ပါဝင်ပစ္စည်းတွေကို သေသေချာချာရိုက်ပြပါ။ ကားမှာ ဘက်ကင်မရာပါတာတွေ sunroof ပါတာတွေ ဆိုတာကားတစ်စီးရဲ့ feature ပါ သေသေချာချာရိုက်ပြဖို့လိုပါတယ်။ ထူးထူးဆန်းဆန်း တခုခုပါလေလေသေသေချာချာရိုက်ပြသင့်လေလေပါ။
၃။ပုံဝါးဝါးတွေရိုက်မိရင် တခါတည်းဖျက်ပစ်ပါ။ ပုံတွေအတွဲလိုက်ကြီးမစစ်ပဲ တင်လိုက်မိချိန်မှာပါလာတဲ့ ပါရိပ်ဝါးဝါးကြီးက သင့်ရဲ့ professional ကျမှု့ကိုထိခိုက်စေနိုင်ပါတယ်။ ကျွန်တော်သတိမထားလိုက်မိလို့ မသိလိုက်လို့ဆိုတဲ့ ဆင်ခြေတွေကအသုံးမဝင်ပါဘူး။အခုခေတက လူအများစုက ဖုန်းနဲ့ ဆိုရှယ်မီဒီယာကိုသုံးတာမို့လို့ စကရင်သေးသေးလေးမှာပေါ်မယ်ပုံဝါးဝါးကြီးက စိတ်အနှောက်အယှက်ဖြစ်စရာပါ။ အဲ့တာကြောင့် တစ်ပုံရိုက်ပြီးတိုင်းပဲဖြစ်ဖြစ် အကုန်ရိုက်ပြီးချိန်ပဲဖြစ်ဖြစ်ပုံတွေကို ကြည်ရဲ့လား ဖိုးကပ်ပြတ်ရဲ့လားပြန်စစ်သင့်ပါတယ်။ 

၄။ ကားတစ်လုံးမပါတဲ့ ပုံတွေကိုမရိုက်သင့်ပါဘူး ကားအောက်ပိုင်းဘီးတွေတော့ပါပါရဲ့ခေါင်မိုးပြတ်နေတာမျိုးကအဆင်မပြေစေပါဘူး။ 

၆။အလင်းရောင်ကောင်းကောင်းရတဲ့ပုံဖြစ်ပါစေ ညဘက်မိုးချုပ်ရိုက်ထားတဲ့ပုံတွေကလဲအဆင်မပြေပါဘူး။

၅။ ကားကိုရေပြင်ညီသာရိုက်ပါ ကင်မရာ ဖရိန်ထဲမှာ စောင်းစောင်းစွေစွေကြီး ဟိုပြတ်ဒီပြတ်အပြည့်အစုံမပါတဲ့ကားပုံတစ်က ဝယ်သူကိုဆွဲဆောင်နိုင်မှာမဟုတ်ပါ။ကားကိုဘယ်အချိန်ရိုက်ရိုက်ကင်မရာသို့မဟုတ် ဖုန်းကနေမြင်ရတဲ့မြင်ကွင်းထဲမှာ အလယ်တည့်တည့်ကိုသာထားသင့်ပါတယ်။

၇။ကားနဲ့ ကားပုံရိုက်တဲ့သူကြားမှာ တခုခုခံနေတာက လဲအဆင်မပြေစေပါဘူး ဉပမာ ခြံစည်းရိုးလိုဟာတွေ ဆိုင်းပုတ်လိုဟာတွေ ရှိနေတာကအဆင်မပြေပါဘူး ဝယ်ဖို့ကြည့်တဲ့သူစိတ်ဝင်စားမှု့ကို လျော့ကျစေနိုင်ပါတယ်။ 

၈။ အထောင်ပုံနဲ့ အလဲပုံတွေ တွဲတင်တာထက် အလဲပုံတွေချည်း( horizontal ) ဖြစ်လေပိုကောင်းလေပါ။ 

၉။အရင်က Aspect-ratio လို့ခေါ်တဲ့ screen ပေါ်မှာပေါ်တဲ့ width နဲ့ height အချိုးက 4:3 ဖြစ်ပေမယ့် အခု ခေတ် အများ စုက 16:9 ဖြစ်နေပါပြီ။ ရိုးရိုးရှင်းရှင်းပြောရရင်တော့ ကင်မရာ ဒါမှမဟုတ်ဖုန်းကို အလှဲလိုက်ထားပြီးရိုက်ရင်ရပါပြီ။ 


ကဲ ကားပုံတွေစရိုက်လိုက်ကြစို့

တစ်စီးကို အတိအကျ အသေးစိတ်ရိုက်မယ်ဆိုရင် အနဲဆုံး ပုံ ၅၀ကနေ ပုံ၆၀ လောက်ထိရိုက်ဖို့ လိုပါတယ်။ တကယ်လဲ လုပ်သင့်တာတခုပါ။ ပုံ ၆၀ လောက် နဲ့ ကားနံပတ်နဲ့တွဲသိမ်းထားတာက ဖိုင်ဆိုက်လဲတအားမကြီးပဲအရေးကြီးတဲ့ ဒေတာတွေဖြစ်လာစေနိုင်လို့ပါ။ ဟ . . . ပုံ ၆၀ လောက်တောင်လားအများကြီးလို့ထင်ရကောင်းထင်ရနိုင်ပေမယ့် တကယ်က နိုင်ငံတကာမှာ ရိုက်နေကြတာ မျိုးပါ။  ရိုးရိုးလေးပဲတွေးကြည့်ပါ ပုံ ၁၂ ပုံလောက် ပြနိင်တဲ့ကားနဲ့ ပုံ ၅၀လောက် တိတိကျကျ ပြနိုင်တဲ့ကားဘယ်သူကိုပိုစိတ်ဝင်စားမယ်ထင်ပါသလဲ။ 

ကဲ ရောင်းကားတစ်စီးကို အတွင်းအပြင် ပုံ ၆၀ကဘာတွေလဲကြည့်လိုက်ရအောင်။



အခုပုံရိုက်ဖို့
list လေးက
အထောက်အကူပြုမယ်လို့ထင်ပါတယ်။  Oscar
Photography က CarsDB မှာ
အလုပ်လုပ်ခဲ့ဘူးတာမို့ အဲ့တုန်းကအတွေ့အကြုံလေးရယ် Car အရောင်း
website တွေက check list လေးရယ်ပေါင်းပြီးဖော်ပြပေးလိုက်ရပါတယ်။
ပြီးပြီးရောပုံတွေ ရိုက်တင်နေတဲ့ကားပွဲစားတွေ ထက် ခေါင်းတစ်လုံးသာတဲ့ ပုံတွေ
ရိုက်နိင်ကြပါစေ။

မင်္ဂလာပါ ကျွန်တော်ကောင်းကောင်းပါ။